အချိန်(၄)နှစ်အတွင်း ပထမဆုံး အယ်လ်ဘမ် ထွက်ရှိလာတော့မည့် One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီ

54

Pika (NP News) - ဇန်နဝါရီ ၂၆
လာမည့်မတ်လတွင် လေးခုမြောက် စတီရီယိုအယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာမည့် အကြောင်း One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီက ထုတ်ပြန်ကြေညာခဲ့သည်။ မတ်လ(၆)ရက်တွင် ထွက်ရှိလာမည့် Kiss All The Time. Disco, Occasionally ဟုအမည်ပေးထားသည့် အယ်လ်ဘမ်အသစ် သည် (၄)နှစ်အတွင်းထွက်ရှိလာသည့် ဟယ်ရီ၏ ပထမဆုံးအယ်လ်ဘမ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း လည်းသိရသည်။
အဆိုပါ အယ်လ်ဘမ်အသစ်သည် ဟယ်ရီကို (၂၀၂၃) ခုနှစ် ဂရမ်မီဆုပေးပွဲတွင် တစ်နှစ်တာ အ ကောင်းဆုံးအယ်လ်ဘမ်ဆုကိုရရှိစေခဲ့သည့် (၂၀၂၂) ခုနှစ်တွင် ထွက်ရှိခဲ့သော Harry’s House အယ်လ် ဘမ်၏နောက်တွင် ပထမဆုံးထွက်ရှိလာမည့် အယ်လ်ဘမ်လည်းဖြစ်သည်။
Kiss All The Time. Disco, Occasionally အယ်လ်ဘမ်အသစ်ထွက်ရှိလာမည့် အကြောင်းကို ဟယ်ရီက အင်စတာဂရမ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ Kiss All The Time. Disco, Occasionally အယ်လ်ဘမ်တွင် သီချင်း (၁၂)ပုဒ်ပါဝင်မည်ဖြစ်ပြီး ပရိုဂျူဆာ Kid Harpoon က ထုတ်လုပ်သူအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း ဟယ်ရီကပြောကြားခဲ့သည်။ Kid Harpoon သည် ဟယ်ရီက တစ်ကိုယ်တော် အနုပညာလမ်းကြောင်းကိုလျှောက်လှမ်းချိန်မှစတင်ပြီး ၎င်းနှင့်အတူ နီးကပ်စွာရှိနေခဲ့သည့်လူတစ်ဦးဖြစ်ပြီး ဟယ်ရီ၏အယ်လ်ဘမ်အားလုံးအတွက် အလုပ်လုပ် ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။

Zawgyi Version:
အခ်ိန္(၄)ႏွစ္အတြင္း ပထမဆုံး အယ္လ္ဘမ္ ထြက္ရွိလာေတာ့မည့္ One Direction အဖြဲ႕ဝင္ေဟာင္း ဟယ္ရီ
Pika (NP News) - ဇန္နဝါရီ ၂၆
လာမည့္မတ္လတြင္ ေလးခုေျမာက္ စတီရီယိုအယ္လ္ဘမ္အသစ္တစ္ခုထြက္ရွိလာမည့္ အေၾကာင္း One Direction အဖြဲ႕ဝင္ေဟာင္း ဟယ္ရီက ထုတ္ျပန္ေၾကညာခဲ့သည္။ မတ္လ(၆)ရက္တြင္ ထြက္ရွိလာမည့္ Kiss All The Time. Disco, Occasionally ဟုအမည္ေပးထားသည့္ အယ္လ္ဘမ္အသစ္ သည္ (၄)ႏွစ္အတြင္းထြက္ရွိလာသည့္ ဟယ္ရီ၏ ပထမဆုံးအယ္လ္ဘမ္တစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း လည္းသိရသည္။
အဆိုပါ အယ္လ္ဘမ္အသစ္သည္ ဟယ္ရီကို (၂၀၂၃) ခုႏွစ္ ဂရမ္မီဆုေပးပြဲတြင္ တစ္ႏွစ္တာ အ ေကာင္းဆုံးအယ္လ္ဘမ္ဆုကိုရရွိေစခဲ့သည့္ (၂၀၂၂) ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ Harry’s House အယ္လ္ ဘမ္၏ေနာက္တြင္ ပထမဆုံးထြက္ရွိလာမည့္ အယ္လ္ဘမ္လည္းျဖစ္သည္။
Kiss All The Time. Disco, Occasionally အယ္လ္ဘမ္အသစ္ထြက္ရွိလာမည့္ အေၾကာင္းကို ဟယ္ရီက အင္စတာဂရမ္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ Kiss All The Time. Disco, Occasionally အယ္လ္ဘမ္တြင္ သီခ်င္း (၁၂)ပုဒ္ပါဝင္မည္ျဖစ္ၿပီး ပ႐ိုဂ်ဴဆာ Kid Harpoon က ထုတ္လုပ္သူအျဖစ္ တာဝန္ယူသြားမည္ျဖစ္ေၾကာင္း ဟယ္ရီကေျပာၾကားခဲ့သည္။ Kid Harpoon သည္ ဟယ္ရီက တစ္ကိုယ္ေတာ္ အႏုပညာလမ္းေၾကာင္းကိုေလွ်ာက္လွမ္းခ်ိန္မွစတင္ၿပီး ၎ႏွင့္အတူ နီးကပ္စြာရွိေနခဲ့သည့္လူတစ္ဦးျဖစ္ၿပီး ဟယ္ရီ၏အယ္လ္ဘမ္အားလုံးအတြက္ အလုပ္လုပ္ ေပးခဲ့သူတစ္ဦးလည္းျဖစ္သည္။