မန္တလေး - မတ္တရာ - ဖော့တောလမ်းဆုံမှသည် မိုးကုတ်သို့ ခရီးလမ်း

 93

သုတကျော် (NP News) - ဇန်နဝါရီ ၂၆

အချိန်ကာလတစ်ခုကြာပိတ်မိနေခဲ့သော သပိတ်ကျင်း-မိုးကုတ်လမ်းကြောင်းကို တပ်မတော်က ဇန်နဝါရီလ(၁၉) ရက်တွင် အပြည့်အဝထိန်းချုပ်နိုင် ခဲ့ပြီဖြစ်သည်။ ယင်းလမ်းမှာ မဟာဗျူဟာမြောက် လမ်းကြောင်း တစ်ကြောင်းဖြစ်ကာ ယင်းလမ်းမှာ စစ်ရေး မဟာဗျူဟာအရအရေးပါသည့်အပြင် ဒေသခံ များအတွက်လည်း အကျိုးရှိပေသည်။
မန္တလေးမှမိုးကုတ်သို့သွားရန်အတွက် ခရီးလမ်း နှစ်လမ်းရှိကြောင်းကို ဒေသခံများသိကြပေ လိမ့် မည်။ ယင်းနှစ်လမ်းမှာ မန္တလေး-ပြင်ဦးလွင်- မိုးကုတ်လမ်းဖြစ်ပြီး ကျန်လမ်းတစ်လမ်းမှာ မန္တလေး-မတ္တ ရာ -လက်ပံလှ-ဖော့တောလမ်းဆုံမှသည် မိုးကုတ်မြို့ အထိသွားနိုင်သောလမ်းဖြစ်၏။ ဖော့တောလမ်းဆုံ မှ ညာဘက်သို့ချိုးလျှင် မိုးကုတ်ဖြစ်ပြီး ဘယ်ဘက်သို့ ချိုးကွေ့ခဲ့လျှင် သပိတ်ကျင်းမြို့သို့ ရောက်မည်ဖြစ် လေသည်။
မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို တပ်မတော်က ပြီးခဲ့သည့်နှစ် နောက်ဆုံးရက် ဒီဇင်ဘာလ (၃၁)ရက်တွင် ထိန်းချုပ်နိုင်ပြီးနောက် ယခုတစ်ကြိမ်တွင် သပိတ်ကျင်း-မိုးကုတ်လမ်းကို လည်းထိန်းချုပ်နိုင်ပြီဖြစ်လေရာ မိုးကုတ်ဒေသခံအတွက် မကြာမီတွင် ယခင်ကဲ့သို့ စိတ်အေးချမ်းစွာ သွားလာနိုင်တော့မည်ဖြစ်သည်။ မိုးကုတ်သူ၊ မိုးကုတ် သားတို့ ယခင်က လမ်းဟောင်းဟုဆိုကာ နှစ်ပေါင်း များစွာသွားလာခဲ့ဖူးသောလမ်း ပြန်ပွင့်ရန်အတွက် အချက်အလက်အားလုံး ပြည့်စုံသွားပြီဖြစ်လေသည်။
ယခုကဲ့သို့ လမ်းကြောင်းတစ်လျှောက်ပွင့်ရန်အ တွက်မှာလည်း လွယ်လှသည့်ခရီးတော့ မဟုတ် ပါ။ တပ်မတော်သားများအနေဖြင့် ပေးဆပ်စွန့်လွှတ်ရ ခြင်းများရှိသည်။ သို့သော် ပြည်သူများ၏ ထောက် ခံမှု၊ ပူးပေါင်းပါဝင်မှုကလည်း ခွန်အားဖြစ်ပေရာ တပ်မတော်သားတို့အနေဖြင့် စိတ်ဓာတ်တက်ကြွစွာ တိုက်ခိုက်နိုင်ခဲ့ကြသည်။ ပြည်သူတို့၏ တပ်မတော်အတော် ထားရှိသည့်စိတ်ထားများအား အောင်ပွဲခံ တပ်မတော် သားတို့ဝင်ရောက်လာချိန် သောင်းသောင်းဖြဖြကြိုဆို နေကြသောဓာတ်ပုံမြင်ကွင်းက သက် သေခံနိုင်ပေလိမ့်မည်။
ယခုဆောင်းပါးသည် လမ်းပိုင်းဆောင်းပါးဖြစ်သည့်အပြင် ယင်းလမ်းပိုင်းကိုပြန်လည်ရရှိရန် ဆောင်ရွက်ချက်များကို အနှစ်ချုပ်ဖော်ပြခြင်းလည်းဖြစ်ပေရာ ကနဦးအစပိုင်းကို ပြန်လည်ဖော်ပြရန် လိုအပ်လာပါသည်။ မိုးကုတ်မြို့ကို တပ်မတော်က ပြန်လည်ရရှိပြီးနောက် မန္တလေး-ပြင်ဦးလွင်-မိုးကုတ် လမ်း ပြန်ပွင့်သွားခဲ့ပြီဖြစ်ကာ ယခင် နယ်မြေအေးချမ်းစဉ်အချိန်က ပြင်ဦးလွင်ဘက်လမ်းထက် လမ်း ဟောင်းဟုခေါ်သော ဖော့တောလမ်းဆုံမှတစ်ဆင့် ခွဲသွားရသည့် လမ်းကို ပိုမိုအသုံးများကြောင်း မြို့ခံ တစ်ဦးကဆို သည်။
“ပြင်ဦးလွင်လမ်းက လမ်းသစ်ပေါ့။ ဒီမန္တလေး- ဖော့တော-မိုးကုတ်လမ်းက လမ်းဟောင်း။ အရင် တုန်းကတော့ လမ်းဟောင်းကသွားတာ များတာပေါ့။ လမ်းသစ်ကနည်းတယ်။ အဲဒီအချိန်တုန်းက ပလောင်သူပုန်နဲ့ ရှမ်းသူပုန်ကရှိနေတော့ တတ်နိုင်သမျှတော့ ရှောင်တာပေါ့။ အခုမှသာ ပြင်ဦးလွင် လမ်းက လုံခြုံနေတာ။ အရင်တုန်းက အဲဒီလမ်းက မလုံခြုံတာလေ။ ပလောင်က စိတ်မထင်ရင် မထင် သလိုထွက်လာပြီးတော့ ငါးထောင်တောင်း၊ တစ်သောင်းသောင်း။ တစ်ခါတလေ ဟိုလိုမေး၊ သည်လိုမေး ဆိုတော့ တချို့ဝန်ထမ်းတွေဆိုရင် အဲဒီလမ်းမသွားကြဘူး” ဟု ယခင်က အခြေအနေကိုပြောပြသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့အတွင်းသို့ဝင်ရောက်ကာ ဆက်သွယ်ရေးလမ်း ကြောင်းများကို နှောင့်ယှက်ပိတ်ဆို့၍ ခရီးသွားပြည်သူများကို ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ နေအိမ်များအတွင်းသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်း များကို အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုး ပြု စက်ရုံ၊ အလုပ်ရုံများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်၊ မြေအောက်သယံဇာတများကို အဓမ္မနည်းဖြင့်ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆောက်အအုံများကို အခိုင်အမာခံစစ်နေရာများ အဖြစ် အသုံးပြုခြင်း၊ ယာယီအခြေပြုနေထိုင်ခြင်း၊ ဆက်သွယ်ရေးလမ်းမကြီးများပေါ်၌ ဂိတ်များ ဖွင့်လှစ် ၍ ဒေသခံပြည်သူများ၊ ခရီးသွားများထံမှ ငွေကြေးကောက်ခံခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်ခဲ့ကြ၏။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးတို့မှာလည်း လုံးဝပြတ်တောက်သွားခဲ့ကြရသည်။
“ဘယ်လောက် ဒုက္ခခံသွားကြရလဲဆိုတော့ ဧရာဝတီမြစ်တောင်မှ ဇက်တွေ၊ မော်တော်တွေ၊ ဖောင်တွေကိုကူးပြီး သွားရတာလေ။ ပြင်ဦးလွင်လမ်းဘက်က အသွားအလာအရင်ရပ်တယ်။ ပြီးတော့ အခုလမ်းဟောင်းဘက်ပေါ့။ ပွင့်တာကတော့ ပြင်ဦးလွင်က အရင်ပွင့်တယ်။ အရင်တုန်းက မန္တလေး-မိုး ကုတ်ကို တစ်ပတ်၊ ဆယ်ရက် သွားခဲ့ရတာတောင်ရှိတယ်” ဟု အဆိုပါဒေသခံကဆိုသည်။
(၂၀၂၄)ခုနှစ် ဇွန်လ(၂၅)ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးအကြမ်းဖက်မှုများကို စစ်ကြောင်းများခွဲ၍ မိုးကုတ်-သပိတ် ကျင်း-မတ္တရာ-မန္တလေး လမ်းကြောင်းတစ်လျှောက် အနီးပတ်ဝန်းကျင် မြို့၊ရွာများကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ရေးလှုပ်ရှားမှုနှင့်အ ပြိုင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မန္တလေးသို့ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်၏။ သို့သော် သူပုန်တို့ ၏ ယင်းအိပ် မက်ပျက်ပြားသွားပြီဖြစ်သည်။ ယင်း အိပ်မက်မက်ခဲ့သူ သူပုန်တို့ကို ပြန်လည်ချေမှုန်းရာတွင် သပိတ် ကျင်းဒေသကို (၂၀၂၅)ခုနှစ် ဇူလိုင်လ(၂၃) ရက်တွင် လည်းကောင်း၊ မတ္တရာဒေသတစ်ဝိုက်ရှိ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်ဒေသတို့ကို ဩဂုတ်လ(၂၈)ရက်တွင်လည်းကောင်း၊ ဆည်တော် ကြီးရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို နိုဝင်ဘာလ(၂၅)ရက်တွင်လည်း ကောင်း၊ စဉ့်ကူး ဒေသတစ်ဝိုက်ကို ဒီဇင်ဘာလ(၁၉)ရက်တွင်လည်းကောင်း၊ အကြမ်းဖက်သောင်းကျန်း သူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပြီး ယာယီစိုးမိုးထားသည့် ဧရာဝတီတံတား (ရတနာသိင်္ဃ)ကို ဒီဇင် ဘာလ(၂၂) ရက်တွင်လည်းကောင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မန္တလေး- မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းကို ဒီဇင်ဘာလ(၃၁) ရက်တွင်လည်းကောင်း၊ သပိတ် ကျင်း-မိုးကုတ်လမ်းကို ယခုရက်ပိုင်းအတွင်းလည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
“တချို့က စစ်ကိုင်းတိုင်းထဲ ဧရာဝတီမြစ်ကူးပြီး နေကြတယ်။ စစ်ကိုင်း၊ မင်းကွန်း၊ ရှိန်းမကား၊ ဝက်လက် ဆက်စပ်နေတဲ့ မင်းဝံတောင်ကြီးက သူတို့ရဲ့လွတ်မြောက်နယ်မြေဖြစ်နေတယ်။ တစ်ခါတစ်ခါ မန္တ လေးဘက်ကူးပြီးလာလုပ်ကြတယ်။ နောက်တစ်ခုက စစ်ရှောင်တွေပြန်လက်ခံတဲ့နေရာတွေမှာ ရွာ သားတွေအနေနဲ့ ပြန်နေကြတဲ့ PDF တွေလည်းများတယ်။ တချို့မြို့ပေါ်တွေမှာကို ပြန်နေကြတယ်။ အလင်းတော့မဝင်ကြဘူး။ ဒါက ကောင်းတော့ကောင်းတယ် အကြမ်းဖက်စိတ်မကုန်ရင် အန္တရာယ်ရှိ ပြန် ရော” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
သပိတ်ကျင်း-မိုးကုတ်လမ်းကို ပြန်လည်ထိန်း ချုပ်ရန်အတွက် ပထဝီအနေအထားအရ ခက်ခဲ မည် မှန်သော်လည်း စိတ်ဓာတ်ပိုင်းအရ မြင့်မားနေသော တပ်မတော်၏တိုက်စစ်ကို သူပုန်တို့ ကောင်း စွာ မခုခံနိုင်တော့သည်ကား ထင်ရှားပါသည်။
သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန် ကုန်းကျေးရွာ ဒေသတစ်ဝိုက်တို့ကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၁၄)ရက်တွင်လည်းကောင်း၊ ကင်းကျေးရွာ နှင့် ရန်သူ့စခန်းကုန်းနေရာတို့ကို ဇန်နဝါရီလ(၁၅) ရက်တွင်လည်းကောင်း သိမ်းပိုက်ပြီးနောက် သပိတ် ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတွင် ကျန်ရှိနေသည့်လမ်းပိုင်းနေရာကို စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဟန်ချက်ညီ ဆောင်ရွက်ခဲ့ရာ ကင်းရွာဘက်မှချီတက်လာသည့် စစ်ကြောင်းသည် ဇန်နဝါရီ (၁၉)ရက်တွင် မလဲပေါက် ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာနှင့် ဇန်နဝါရီ (၂၀) ရက်တွင် မလဲပေါက်ကျေးရွာကိုလည်းကောင်း၊ အုန်ဒန်ကျေးရွာဘက်မှချီတက်လာသည့် စစ် ကြောင်းသည် ဇန်နဝါရီ(၁၇)ရက်တွင် အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ(၁၈)ရက်တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ (၁၉)ရက်တွင် ရွှေညောင်ပင်ကျေးရွာတို့ကိုလည်း ကောင်းသိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါ တပ်မ တော် စစ်ကြောင်းများသည် ဇန်နဝါရီ(၂၀)ရက်တွင် မလဲပေါက် ကျေးရွာ၌ လက်ချင်းချိတ်ဆက်ပေါင်းဆုံ နိုင်ခဲ့သည်။
လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟုဆိုသော်လည်း ယခင်ကာလအတိုင်း သွားလာရန်အတွက်မူ ကာလအချို့ ကြာမြင့်ဦးမည်ဖြစ်သည်။ လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်ဖွယ်ရာများ ရှိပါသေး ၏။ အချိန်တစ်ခုကြာအပြီးတွင် အတိတ်ကာလဆီက ရွှေထီးဆောင်ခဲ့သောလမ်းအဖြစ် ပြန်လည်ရောက် ရှိနိုင်တော့မည်ဖြစ်သည်။ ယင်းလမ်းသည် မိုးကုတ်တစ်မြို့ တည်းအတွက် အကျိုးရှိခြင်းမဟုတ်ဘဲ လမ်း တစ်လျှောက်ကျေးရွာများအတွက်လည်း အကျိုးရှိခြင်းဖြစ်ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။
“အဲဒီလမ်းက တကယ်တမ်း ကုန်စည်စီးဆင်းတာတွေရော၊ သွားရေးလာရေးတွေရောက အရေး ကြီးတာပဲလေ။ မိုးကုတ်တစ်မြို့တည်းမဟုတ်ဘူး။ ရွာစဉ်တွေအများကြီးပဲလေ။ ရွာစဉ်တစ်လျှောက်လုံး က ဒီ Transport ကလိုအပ်တယ်လေ။ ပြင်ဦးလွင်ကသွားမယ်ဆိုရင် ပြင်ဦးလွင်ကနေ မိုးကုတ်ကြားမှာ အချက်အချာကျတဲ့ရွာ ဘယ်နှရွာရှိလို့တုံး။ လက်ပံလှ လိုမျိုး၊ ဖော့တောလိုမျိုး၊ နွယ်ရုံနော် အဲဒီလို အရေး ပါတာအများကြီးပဲလေ။ ကြားထဲမှာ ရွှေညောင်ပင်ရှိတယ်၊ ညောင်ပင်သာရှိတယ် အများကြီးပဲ။ မိုးကုတ် လမ်းရဲ့ (၁၂၆) မိုင်ပေါ့နော်။ အဲဒီအတောအတွင်းမှာ အချက်အချာကျတာတွေအများကြီးပဲလေ။ ပြင်ဦး လွင်နဲ့မန္တလေးအတွင်းက ဘာမှမထူးဆန်းဘူးလေ။ ပြင်ဦးလွင်နဲ့မန္တလေးကြားကျတော့ အချက်အချာက သိပ်မရှိဘူး”ဟု ယခုပွင့်သည့်လမ်းပိုင်း အရေးပါပုံနှင့် ပတ်သက်၍ ၎င်းကဆိုသည်။
သပိတ်ကျင်း-မိုးကုတ်လမ်းသည် အင်္ဂလိပ်များ မဖောက်လုပ်မီကပင် လှည်းလမ်းအတွက်ရှိပြီဖြစ် ကာ အင်္ဂလိပ်လက်ထက်တွင် ဘက်စုံသုံးလမ်းအဖြစ် ပြန်လည်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပြေစေရန် တောင်ခါးပန်းများတွင် ကွေ့ဝိုက်ဖောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ “မိုးကုတ်လမ်းက အကွေ့အ ကောက်များတယ်ဆိုတာက ပြေပြစ်အောင် ဖောက်ထားတာလမ်းကြောကို။ ပြေချင်တဲ့အတွက် တောင် တက်တွေကို မတ်ပြီးမတက်ဘူးပေါ့။ ပတ်ပြီးတော့ တက်တာ။ ပြင်ဦးလွင်ဘက်ကသွားရင် တစ်ကွေ့၊ နှစ် ကွေ့ကို တော်တော်မြင့်မြင့်တက်ရတာရှိတယ်။ လမ်းဟောင်းမှာ မြင့်မြင့်တက်ရတဲ့ကွေ့က မရှိသ လောက်ပဲ။ အကွေ့အကောက်များတဲ့အတွက် (၉၉၉)ကွေ့ဆိုဖြစ်တယ်။ လမ်းဟောင်းကသွားတော့ ကုန် ကားကသက်သာတယ်။ ကားအစုတ်တောင်တက် လို့ရတယ်။ မိုးကုတ်မြို့က ပင်လယ်ရေမျက်နှာပြင် အထက်မှာ ကျပ်ပြင်ဆို ပေ (၄၂၀ဝ) မိုးကုတ်ဆို (၃၈၀ဝ)ကျော်။ အောက်ကနေတက်သွားတာက အကွေ့ အကောက်များလို့သာ ခေါင်းမူးရင်မူးမယ်။ ဒါပေမဲ့ အတက်၊ အဆင်းက ပြေပြစ်တယ်။ ကုန်စည် စီးဆင်မှု အရလည်း အရေးကြီးတယ်”ဟု ၎င်းကပြောသည်။
ယင်းလမ်းကို သူပုန်တို့ ပိတ်ဆို့ထားစဉ်၊ မိုးကုတ် မြို့ကို TNLA တို့ထိန်းချုပ်ထားစဉ်က ကုန်စည် စီးဆင်းမှုမှာအခက်အခဲများဖြစ်ခဲ့ရသည်။ တောလမ်းများမှဝင်လာသောကုန်တို့ကိုသာ အားကိုးခဲ့ရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်ခဲ့ကြရသည်။
“ဒီလမ်းဟောင်းက မိုးကုတ်မြို့အတွက်ကို အချက်အချာကျတယ်။ ပဋိပက္ခမတိုင်ခင်က ကုန်တွေ သယ်ပို့တာကလည်း လမ်းဟောင်းကများတယ်” ဟု ၎င်းက တက်ကြွသောအသံဖြင့်ဆိုသည်။ မိုးကုတ်မြို့ သို့ မန္တလေးမှဝင်ရာလမ်းနှစ်လမ်းစလုံးကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဖြစ်သည့်အပြင် လက်ရှိတွင် မြို့ အုပ်ချုပ်ရေးနှင့်ပတ်သက်၍လည်း အရပ်ဘက် ဝန်ထမ်းအတော်များများ ဝင်ရောက်နေပြီဟုသိရ၏။
“တပ်ထိန်းထားတာနဲ့ သူပုန်ထိန်းထားတာနဲ့ တော့မတူဘူး။ တပ်ရောက်ပြီဆိုရင်တော့ လူတွေက လုံခြုံတယ်လို့တော့ခံစားရတယ်လေ။ တစ်ခုခုဖြစ် လည်း တိုင်လို့ရတယ်။ နောက်ဆုံး မိုးကုတ်မှာရောက် နေတဲ့အရာရှိတစ်ယောက်က ပေါက်တတ်ကရတွေ လျှောက်လုပ်နေတယ်၊ ဟိုလူ့ ပစ်သတ်၊ ဒီလူ့ပစ် သတ်လုပ်ရင် နေပြည်တော်တိုင်မှာပေါ့။ မန္တလေးတိုင်း ရုံးတိုင်မှာပေါ့ သဘောပြောပြတာလေ။ ပလောင် က အဲဒီလိုပစ်သတ်ရင် ဘယ်သူ့သွားတိုင်ရမှာတုံး။ စစ်တပ်နဲ့သူပုန်နဲ့ကွာတယ်ဆိုတာ ဒါကွာတာလေ”ဟု ၎င်းကဆိုသည်။
မြန်မာတို့၏ ရတနာသိုက်ကြီးဖြစ်သော မိုးကုတ်ကား ပြည်သူများလက်တွင်းသို့ ပြန်လည်ရောက် ရှိနေလေပြီ။ ပြည်သူများ၏စိတ်အတွင်းမှာလည်း တပ်မတော်နှင့်ပတ်သက်၍ နားလည်စပြုလာနေပြီဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နှိုင်းယှဉ်စရာများလည်း ရှိလာနေသောကြောင့်ဖြစ်သည်။ ဥပဒေ ဘောင်အတွင်းက တပ်မတော်နှင့် ဥပဒေဘောင်ပြင်ပက သူပုန်တို့ကား ကွဲပြားကြောင်း မြင်နေရပေပြီ။ “စစ်တပ်ဆိုတာ နိုင်ငံတော်စစ်တပ်။ ဥပဒေအကြောင်း ကို ရိုးရိုးတပ်သားတစ်ယောက်ကအစ နားလည် တယ်လေ။ စစ်မိန့်နာခံရပေမယ့် ဥပဒေနားလည်တယ်လေ။ ပလောင်သူပုန်တို့၊ ကချင်သူပုန်တို့၊ ကရင် သူပုန်တို့က ဘယ်နားလည်မှာတုံး”ဟု ၎င်းကဆိုသည်။

Zawgyi Version:
မႏၲေလး - မတၱရာ - ေဖာ့ေတာလမ္းဆုံမွသည္ မိုးကုတ္သို႔ ခရီးလမ္း
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၆
အခ်ိန္ကာလတစ္ခုၾကာပိတ္မိေနခဲ့ေသာ သပိတ္က်င္း-မိုးကုတ္လမ္းေၾကာင္းကို တပ္မေတာ္က ဇန္နဝါရီလ(၁၉) ရက္တြင္ အျပည့္အဝထိန္းခ်ဳပ္ႏိုင္ ခဲ့ၿပီျဖစ္သည္။ ယင္းလမ္းမွာ မဟာဗ်ဴဟာေျမာက္ လမ္းေၾကာင္း တစ္ေၾကာင္းျဖစ္ကာ ယင္းလမ္းမွာ စစ္ေရး မဟာဗ်ဴဟာအရအေရးပါသည့္အျပင္ ေဒသခံ မ်ားအတြက္လည္း အက်ိဳးရွိေပသည္။
မႏၲေလးမွမိုးကုတ္သို႔သြားရန္အတြက္ ခရီးလမ္း ႏွစ္လမ္းရွိေၾကာင္းကို ေဒသခံမ်ားသိၾကေပ လိမ့္ မည္။ ယင္းႏွစ္လမ္းမွာ မႏၲေလး-ျပင္ဦးလြင္- မိုးကုတ္လမ္းျဖစ္ၿပီး က်န္လမ္းတစ္လမ္းမွာ မႏၲေလး-မတၱ ရာ -လက္ပံလွ-ေဖာ့ေတာလမ္းဆုံမွသည္ မိုးကုတ္ၿမိဳ႕ အထိသြားႏိုင္ေသာလမ္းျဖစ္၏။ ေဖာ့ေတာလမ္းဆုံ မွ ညာဘက္သို႔ခ်ိဳးလွ်င္ မိုးကုတ္ျဖစ္ၿပီး ဘယ္ဘက္သို႔ ခ်ိဳးေကြ႕ခဲ့လွ်င္ သပိတ္က်င္းၿမိဳ႕သို႔ ေရာက္မည္ျဖစ္ ေလသည္။
မႏၲေလး-မတၱရာ-စဥ့္ကူး-သပိတ္က်င္း လမ္းပိုင္းကို တပ္မေတာ္က ၿပီးခဲ့သည့္ႏွစ္ ေနာက္ဆုံးရက္ ဒီဇင္ဘာလ (၃၁)ရက္တြင္ ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ ယခုတစ္ႀကိမ္တြင္ သပိတ္က်င္း-မိုးကုတ္လမ္းကို လည္းထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေလရာ မိုးကုတ္ေဒသခံအတြက္ မၾကာမီတြင္ ယခင္ကဲ့သို႔ စိတ္ေအးခ်မ္းစြာ သြားလာႏိုင္ေတာ့မည္ျဖစ္သည္။ မိုးကုတ္သူ၊ မိုးကုတ္ သားတို႔ ယခင္က လမ္းေဟာင္းဟုဆိုကာ ႏွစ္ေပါင္း မ်ားစြာသြားလာခဲ့ဖူးေသာလမ္း ျပန္ပြင့္ရန္အတြက္ အခ်က္အလက္အားလုံး ျပည့္စုံသြားၿပီျဖစ္ေလသည္။
ယခုကဲ့သို႔ လမ္းေၾကာင္းတစ္ေလွ်ာက္ပြင့္ရန္အ တြက္မွာလည္း လြယ္လွသည့္ခရီးေတာ့ မဟုတ္ ပါ။ တပ္မေတာ္သားမ်ားအေနျဖင့္ ေပးဆပ္စြန႔္လႊတ္ရ ျခင္းမ်ားရွိသည္။ သို႔ေသာ္ ျပည္သူမ်ား၏ ေထာက္ ခံမႈ၊ ပူးေပါင္းပါဝင္မႈကလည္း ခြန္အားျဖစ္ေပရာ တပ္မေတာ္သားတို႔အေနျဖင့္ စိတ္ဓာတ္တက္ႂကြစြာ တိုက္ခိုက္ႏိုင္ခဲ့ၾကသည္။ ျပည္သူတို႔၏ တပ္မေတာ္အေတာ္ ထားရွိသည့္စိတ္ထားမ်ားအား ေအာင္ပြဲခံ တပ္မေတာ္ သားတို႔ဝင္ေရာက္လာခ်ိန္ ေသာင္းေသာင္းျဖျဖႀကိဳဆို ေနၾကေသာဓာတ္ပုံျမင္ကြင္းက သက္ ေသခံႏိုင္ေပလိမ့္မည္။
ယခုေဆာင္းပါးသည္ လမ္းပိုင္းေဆာင္းပါးျဖစ္သည့္အျပင္ ယင္းလမ္းပိုင္းကိုျပန္လည္ရရွိရန္ ေဆာင္႐ြက္ခ်က္မ်ားကို အႏွစ္ခ်ဳပ္ေဖာ္ျပျခင္းလည္းျဖစ္ေပရာ ကနဦးအစပိုင္းကို ျပန္လည္ေဖာ္ျပရန္ လိုအပ္လာပါသည္။ မိုးကုတ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ရရွိၿပီးေနာက္ မႏၲေလး-ျပင္ဦးလြင္-မိုးကုတ္ လမ္း ျပန္ပြင့္သြားခဲ့ၿပီျဖစ္ကာ ယခင္ နယ္ေျမေအးခ်မ္းစဥ္အခ်ိန္က ျပင္ဦးလြင္ဘက္လမ္းထက္ လမ္း ေဟာင္းဟုေခၚေသာ ေဖာ့ေတာလမ္းဆုံမွတစ္ဆင့္ ခြဲသြားရသည့္ လမ္းကို ပိုမိုအသုံးမ်ားေၾကာင္း ၿမိဳ႕ခံ တစ္ဦးကဆို သည္။
“ျပင္ဦးလြင္လမ္းက လမ္းသစ္ေပါ့။ ဒီမႏၲေလး- ေဖာ့ေတာ-မိုးကုတ္လမ္းက လမ္းေဟာင္း။ အရင္ တုန္းကေတာ့ လမ္းေဟာင္းကသြားတာ မ်ားတာေပါ့။ လမ္းသစ္ကနည္းတယ္။ အဲဒီအခ်ိန္တုန္းက ပေလာင္သူပုန္နဲ႔ ရွမ္းသူပုန္ကရွိေနေတာ့ တတ္ႏိုင္သမွ်ေတာ့ ေရွာင္တာေပါ့။ အခုမွသာ ျပင္ဦးလြင္ လမ္းက လုံၿခဳံေနတာ။ အရင္တုန္းက အဲဒီလမ္းက မလုံၿခဳံတာေလ။ ပေလာင္က စိတ္မထင္ရင္ မထင္ သလိုထြက္လာၿပီးေတာ့ ငါးေထာင္ေတာင္း၊ တစ္ေသာင္းေသာင္း။ တစ္ခါတေလ ဟိုလိုေမး၊ သည္လိုေမး ဆိုေတာ့ တခ်ိဳ႕ဝန္ထမ္းေတြဆိုရင္ အဲဒီလမ္းမသြားၾကဘူး” ဟု ယခင္က အေျခအေနကိုေျပာျပသည္။
PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူ ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္၊ စဥ့္ကူးၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕နယ္တို႔အတြင္းသို႔ဝင္ေရာက္ကာ ဆက္သြယ္ေရးလမ္း ေၾကာင္းမ်ားကို ေႏွာင့္ယွက္ပိတ္ဆို႔၍ ခရီးသြားျပည္သူမ်ားကို ဖမ္းဆီးျခင္း၊ ဆက္ေၾကးေကာက္ခံျခင္း၊ ေနအိမ္မ်ားအတြင္းသို႔ဝင္ေရာက္၍ ျပည္သူပိုင္ပစၥည္း မ်ားကို အတင္းအဓမၼယူေဆာင္ျခင္း၊ ႏိုင္ငံ့အက်ိဳး ျပဳ စက္႐ုံ၊ အလုပ္႐ုံမ်ားကို ဝင္ေရာက္မီးရႈိ႕ဖ်က္ဆီးျခင္း၊ ႏိုင္ငံပိုင္ေျမေပၚ၊ ေျမေအာက္သယံဇာတမ်ားကို အဓမၼနည္းျဖင့္ထုတ္ယူၿပီး ကိုယ္က်ိဳးသုံးစြဲျခင္းတို႔ကို ျပဳလုပ္ခဲ့ၾကသည္။
ထို႔ျပင္ ေနအိမ္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အေဆာက္အအုံမ်ားကို အခိုင္အမာခံစစ္ေနရာမ်ား အျဖစ္ အသုံးျပဳျခင္း၊ ယာယီအေျချပဳေနထိုင္ျခင္း၊ ဆက္သြယ္ေရးလမ္းမႀကီးမ်ားေပၚ၌ ဂိတ္မ်ား ဖြင့္လွစ္ ၍ ေဒသခံျပည္သူမ်ား၊ ခရီးသြားမ်ားထံမွ ေငြေၾကးေကာက္ခံျခင္း စသည့္အၾကမ္းဖက္ လုပ္ရပ္မ်ားကို ေဆာင္႐ြက္ခဲ့ၾက၏။ ထို႔ျပင္ လမ္းပန္းဆက္သြယ္ေရးတို႔မွာလည္း လုံးဝျပတ္ေတာက္သြားခဲ့ၾကရသည္။
“ဘယ္ေလာက္ ဒုကၡခံသြားၾကရလဲဆိုေတာ့ ဧရာဝတီျမစ္ေတာင္မွ ဇက္ေတြ၊ ေမာ္ေတာ္ေတြ၊ ေဖာင္ေတြကိုကူးၿပီး သြားရတာေလ။ ျပင္ဦးလြင္လမ္းဘက္က အသြားအလာအရင္ရပ္တယ္။ ၿပီးေတာ့ အခုလမ္းေဟာင္းဘက္ေပါ့။ ပြင့္တာကေတာ့ ျပင္ဦးလြင္က အရင္ပြင့္တယ္။ အရင္တုန္းက မႏၲေလး-မိုး ကုတ္ကို တစ္ပတ္၊ ဆယ္ရက္ သြားခဲ့ရတာေတာင္ရွိတယ္” ဟု အဆိုပါေဒသခံကဆိုသည္။
(၂၀၂၄)ခုႏွစ္ ဇြန္လ(၂၅)ရက္မွစ၍ ရွမ္းျပည္နယ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီး ဆက္စပ္ေဒသမ်ား ၌ ရွမ္း-မန္း စစ္ဆင္ေရးအမည္ျဖင့္ စစ္ေရးအၾကမ္းဖက္မႈမ်ားကို စစ္ေၾကာင္းမ်ားခြဲ၍ မိုးကုတ္-သပိတ္ က်င္း-မတၱရာ-မႏၲေလး လမ္းေၾကာင္းတစ္ေလွ်ာက္ အနီးပတ္ဝန္းက်င္ ၿမိဳ႕၊႐ြာမ်ားကို တိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) စစ္ေရးလႈပ္ရွားမႈႏွင့္အ ၿပိဳင္လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ၿပီး မႏၲေလးသို႔ေရာက္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္၏။ သို႔ေသာ္ သူပုန္တို႔ ၏ ယင္းအိပ္ မက္ပ်က္ျပားသြားၿပီျဖစ္သည္။ ယင္း အိပ္မက္မက္ခဲ့သူ သူပုန္တို႔ကို ျပန္လည္ေခ်မႈန္းရာတြင္ သပိတ္ က်င္းေဒသကို (၂၀၂၅)ခုႏွစ္ ဇူလိုင္လ(၂၃) ရက္တြင္ လည္းေကာင္း၊ မတၱရာေဒသတစ္ဝိုက္ရွိ အယ္လ္ဖာ ဘိလပ္ေျမစက္႐ုံႏွင့္ ဖေယာင္းေတာင္ေဒသတို႔ကို ဩဂုတ္လ(၂၈)ရက္တြင္လည္းေကာင္း၊ ဆည္ေတာ္ ႀကီးေရေလွာင္တမံႏွင့္ ပတ္ဝန္းက်င္ေဒသတစ္ဝိုက္ကို ႏိုဝင္ဘာလ(၂၅)ရက္တြင္လည္း ေကာင္း၊ စဥ့္ကူး ေဒသတစ္ဝိုက္ကို ဒီဇင္ဘာလ(၁၉)ရက္တြင္လည္းေကာင္း၊ အၾကမ္းဖက္ေသာင္းက်န္း သူမ်ား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးၿပီး ယာယီစိုးမိုးထားသည့္ ဧရာဝတီတံတား (ရတနာသိဃၤ)ကို ဒီဇင္ ဘာလ(၂၂) ရက္တြင္လည္းေကာင္း စသည္ျဖင့္ တစ္ခုၿပီးတစ္ခု ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။
ထို႔ေနာက္ မႏၲေလး- မတၱရာ- စဥ့္ကူး- သပိတ္က်င္း ေဒသတစ္ဝိုက္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းေပၚတြင္ ေဒသခံျပည္သူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ သြားလာႏိုင္ေရးအတြက္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ခဲ့ရာ မႏၲေလး-မတၱရာ- စဥ့္ကူး- သပိတ္က်င္း ဆက္သြယ္ေရးလမ္းေၾကာင္းကို ဒီဇင္ဘာလ(၃၁) ရက္တြင္လည္းေကာင္း၊ သပိတ္ က်င္း-မိုးကုတ္လမ္းကို ယခုရက္ပိုင္းအတြင္းလည္းေကာင္း ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
“တခ်ိဳ႕က စစ္ကိုင္းတိုင္းထဲ ဧရာဝတီျမစ္ကူးၿပီး ေနၾကတယ္။ စစ္ကိုင္း၊ မင္းကြန္း၊ ရွိန္းမကား၊ ဝက္လက္ ဆက္စပ္ေနတဲ့ မင္းဝံေတာင္ႀကီးက သူတို႔ရဲ႕လြတ္ေျမာက္နယ္ေျမျဖစ္ေနတယ္။ တစ္ခါတစ္ခါ မႏၲ ေလးဘက္ကူးၿပီးလာလုပ္ၾကတယ္။ ေနာက္တစ္ခုက စစ္ေရွာင္ေတြျပန္လက္ခံတဲ့ေနရာေတြမွာ ႐ြာ သားေတြအေနနဲ႔ ျပန္ေနၾကတဲ့ PDF ေတြလည္းမ်ားတယ္။ တခ်ိဳ႕ၿမိဳ႕ေပၚေတြမွာကို ျပန္ေနၾကတယ္။ အလင္းေတာ့မဝင္ၾကဘူး။ ဒါက ေကာင္းေတာ့ေကာင္းတယ္ အၾကမ္းဖက္စိတ္မကုန္ရင္ အႏၲရာယ္ရွိ ျပန္ ေရာ” ဟု သတင္းရင္းျမစ္တစ္ဦးက ေျပာၾကားသည္။
သပိတ္က်င္း-မိုးကုတ္လမ္းကို ျပန္လည္ထိန္း ခ်ဳပ္ရန္အတြက္ ပထဝီအေနအထားအရ ခက္ခဲ မည္ မွန္ေသာ္လည္း စိတ္ဓာတ္ပိုင္းအရ ျမင့္မားေနေသာ တပ္မေတာ္၏တိုက္စစ္ကို သူပုန္တို႔ ေကာင္း စြာ မခုခံႏိုင္ေတာ့သည္ကား ထင္ရွားပါသည္။
သပိတ္က်င္း-မိုးကုတ္ ဆက္သြယ္ေရးလမ္းေၾကာင္းေပၚရွိ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္ႏွင့္ စိန္ ကုန္းေက်း႐ြာ ေဒသတစ္ဝိုက္တို႔ကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ(၁၄)ရက္တြင္လည္းေကာင္း၊ ကင္းေက်း႐ြာ ႏွင့္ ရန္သူ႔စခန္းကုန္းေနရာတို႔ကို ဇန္နဝါရီလ(၁၅) ရက္တြင္လည္းေကာင္း သိမ္းပိုက္ၿပီးေနာက္ သပိတ္ က်င္း-မိုးကုတ္ ဆက္သြယ္ေရးလမ္းေၾကာင္းတြင္ က်န္ရွိေနသည့္လမ္းပိုင္းေနရာကို စစ္ေၾကာင္းမ်ားခြဲ၍ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကို ဟန္ခ်က္ညီ ေဆာင္႐ြက္ခဲ့ရာ ကင္း႐ြာဘက္မွခ်ီတက္လာသည့္ စစ္ေၾကာင္းသည္ ဇန္နဝါရီ (၁၉)ရက္တြင္ မလဲေပါက္ ေက်း႐ြာအနီးရွိ ရည္မွန္းခ်က္ေနရာႏွင့္ ဇန္နဝါရီ (၂၀) ရက္တြင္ မလဲေပါက္ေက်း႐ြာကိုလည္းေကာင္း၊ အုန္ဒန္ေက်း႐ြာဘက္မွခ်ီတက္လာသည့္ စစ္ ေၾကာင္းသည္ ဇန္နဝါရီ(၁၇)ရက္တြင္ ေအာင္ဗဒါန္းေက်း႐ြာ၊ ဇန္နဝါရီ(၁၈)ရက္တြင္ စိန္အင္းေက်း႐ြာ၊ ဇန္နဝါရီ (၁၉)ရက္တြင္ ေ႐ႊေညာင္ပင္ေက်း႐ြာတို႔ကိုလည္း ေကာင္းသိမ္းပိုက္ႏိုင္ခဲ့ကာ အဆိုပါ တပ္မ ေတာ္ စစ္ေၾကာင္းမ်ားသည္ ဇန္နဝါရီ(၂၀)ရက္တြင္ မလဲေပါက္ ေက်း႐ြာ၌ လက္ခ်င္းခ်ိတ္ဆက္ေပါင္းဆုံ ႏိုင္ခဲ့သည္။
လမ္းကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီဟုဆိုေသာ္လည္း ယခင္ကာလအတိုင္း သြားလာရန္အတြက္မူ ကာလအခ်ိဳ႕ ၾကာျမင့္ဦးမည္ျဖစ္သည္။ လုံၿခဳံေရးအတြက္ ဆက္လက္ေဆာင္႐ြက္ဖြယ္ရာမ်ား ရွိပါေသး ၏။ အခ်ိန္တစ္ခုၾကာအၿပီးတြင္ အတိတ္ကာလဆီက ေ႐ႊထီးေဆာင္ခဲ့ေသာလမ္းအျဖစ္ ျပန္လည္ေရာက္ ရွိႏိုင္ေတာ့မည္ျဖစ္သည္။ ယင္းလမ္းသည္ မိုးကုတ္တစ္ၿမိဳ႕ တည္းအတြက္ အက်ိဳးရွိျခင္းမဟုတ္ဘဲ လမ္း တစ္ေလွ်ာက္ေက်း႐ြာမ်ားအတြက္လည္း အက်ိဳးရွိျခင္းျဖစ္ေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးကဆိုသည္။
“အဲဒီလမ္းက တကယ္တမ္း ကုန္စည္စီးဆင္းတာေတြေရာ၊ သြားေရးလာေရးေတြေရာက အေရး ႀကီးတာပဲေလ။ မိုးကုတ္တစ္ၿမိဳ႕တည္းမဟုတ္ဘူး။ ႐ြာစဥ္ေတြအမ်ားႀကီးပဲေလ။ ႐ြာစဥ္တစ္ေလွ်ာက္လုံး က ဒီ Transport ကလိုအပ္တယ္ေလ။ ျပင္ဦးလြင္ကသြားမယ္ဆိုရင္ ျပင္ဦးလြင္ကေန မိုးကုတ္ၾကားမွာ အခ်က္အခ်ာက်တဲ့႐ြာ ဘယ္ႏွ႐ြာရွိလို႔တုံး။ လက္ပံလွ လိုမ်ိဳး၊ ေဖာ့ေတာလိုမ်ိဳး၊ ႏြယ္႐ုံေနာ္ အဲဒီလို အေရး ပါတာအမ်ားႀကီးပဲေလ။ ၾကားထဲမွာ ေ႐ႊေညာင္ပင္ရွိတယ္၊ ေညာင္ပင္သာရွိတယ္ အမ်ားႀကီးပဲ။ မိုးကုတ္ လမ္းရဲ႕ (၁၂၆) မိုင္ေပါ့ေနာ္။ အဲဒီအေတာအတြင္းမွာ အခ်က္အခ်ာက်တာေတြအမ်ားႀကီးပဲေလ။ ျပင္ဦး လြင္နဲ႔မႏၲေလးအတြင္းက ဘာမွမထူးဆန္းဘူးေလ။ ျပင္ဦးလြင္နဲ႔မႏၲေလးၾကားက်ေတာ့ အခ်က္အခ်ာက သိပ္မရွိဘူး”ဟု ယခုပြင့္သည့္လမ္းပိုင္း အေရးပါပုံႏွင့္ ပတ္သက္၍ ၎ကဆိုသည္။
သပိတ္က်င္း-မိုးကုတ္လမ္းသည္ အဂၤလိပ္မ်ား မေဖာက္လုပ္မီကပင္ လွည္းလမ္းအတြက္ရွိၿပီျဖစ္ ကာ အဂၤလိပ္လက္ထက္တြင္ ဘက္စုံသုံးလမ္းအျဖစ္ ျပန္လည္ေဖာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး လမ္းေျပေစရန္ ေတာင္ခါးပန္းမ်ားတြင္ ေကြ႕ဝိုက္ေဖာက္လုပ္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ “မိုးကုတ္လမ္းက အေကြ႕အ ေကာက္မ်ားတယ္ဆိုတာက ေျပျပစ္ေအာင္ ေဖာက္ထားတာလမ္းေၾကာကို။ ေျပခ်င္တဲ့အတြက္ ေတာင္ တက္ေတြကို မတ္ၿပီးမတက္ဘူးေပါ့။ ပတ္ၿပီးေတာ့ တက္တာ။ ျပင္ဦးလြင္ဘက္ကသြားရင္ တစ္ေကြ႕၊ ႏွစ္ ေကြ႕ကို ေတာ္ေတာ္ျမင့္ျမင့္တက္ရတာရွိတယ္။ လမ္းေဟာင္းမွာ ျမင့္ျမင့္တက္ရတဲ့ေကြ႕က မရွိသ ေလာက္ပဲ။ အေကြ႕အေကာက္မ်ားတဲ့အတြက္ (၉၉၉)ေကြ႕ဆိုျဖစ္တယ္။ လမ္းေဟာင္းကသြားေတာ့ ကုန္ ကားကသက္သာတယ္။ ကားအစုတ္ေတာင္တက္ လို႔ရတယ္။ မိုးကုတ္ၿမိဳ႕က ပင္လယ္ေရမ်က္ႏွာျပင္ အထက္မွာ က်ပ္ျပင္ဆို ေပ (၄၂၀ဝ) မိုးကုတ္ဆို (၃၈၀ဝ)ေက်ာ္။ ေအာက္ကေနတက္သြားတာက အေကြ႕ အေကာက္မ်ားလို႔သာ ေခါင္းမူးရင္မူးမယ္။ ဒါေပမဲ့ အတက္၊ အဆင္းက ေျပျပစ္တယ္။ ကုန္စည္ စီးဆင္မႈ အရလည္း အေရးႀကီးတယ္”ဟု ၎ကေျပာသည္။
ယင္းလမ္းကို သူပုန္တို႔ ပိတ္ဆို႔ထားစဥ္၊ မိုးကုတ္ ၿမိဳ႕ကို TNLA တို႔ထိန္းခ်ဳပ္ထားစဥ္က ကုန္စည္ စီးဆင္းမႈမွာအခက္အခဲမ်ားျဖစ္ခဲ့ရသည္။ ေတာလမ္းမ်ားမွဝင္လာေသာကုန္တို႔ကိုသာ အားကိုးခဲ့ရၿပီး ကုန္ေဈးႏႈန္းႀကီးျမင့္မႈကို ရင္ဆိုင္ခဲ့ၾကရသည္။
“ဒီလမ္းေဟာင္းက မိုးကုတ္ၿမိဳ႕အတြက္ကို အခ်က္အခ်ာက်တယ္။ ပဋိပကၡမတိုင္ခင္က ကုန္ေတြ သယ္ပို႔တာကလည္း လမ္းေဟာင္းကမ်ားတယ္” ဟု ၎က တက္ႂကြေသာအသံျဖင့္ဆိုသည္။ မိုးကုတ္ၿမိဳ႕ သို႔ မႏၲေလးမွဝင္ရာလမ္းႏွစ္လမ္းစလုံးကို တပ္မေတာ္က ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္သည့္အျပင္ လက္ရွိတြင္ ၿမိဳ႕ အုပ္ခ်ဳပ္ေရးႏွင့္ပတ္သက္၍လည္း အရပ္ဘက္ ဝန္ထမ္းအေတာ္မ်ားမ်ား ဝင္ေရာက္ေနၿပီဟုသိရ၏။
“တပ္ထိန္းထားတာနဲ႔ သူပုန္ထိန္းထားတာနဲ႔ ေတာ့မတူဘူး။ တပ္ေရာက္ၿပီဆိုရင္ေတာ့ လူေတြက လုံၿခဳံတယ္လို႔ေတာ့ခံစားရတယ္ေလ။ တစ္ခုခုျဖစ္ လည္း တိုင္လို႔ရတယ္။ ေနာက္ဆုံး မိုးကုတ္မွာေရာက္ ေနတဲ့အရာရွိတစ္ေယာက္က ေပါက္တတ္ကရေတြ ေလွ်ာက္လုပ္ေနတယ္၊ ဟိုလူ႔ ပစ္သတ္၊ ဒီလူ႔ပစ္ သတ္လုပ္ရင္ ေနျပည္ေတာ္တိုင္မွာေပါ့။ မႏၲေလးတိုင္း ႐ုံးတိုင္မွာေပါ့ သေဘာေျပာျပတာေလ။ ပေလာင္ က အဲဒီလိုပစ္သတ္ရင္ ဘယ္သူ႔သြားတိုင္ရမွာတုံး။ စစ္တပ္နဲ႔သူပုန္နဲ႔ကြာတယ္ဆိုတာ ဒါကြာတာေလ”ဟု ၎ကဆိုသည္။
ျမန္မာတို႔၏ ရတနာသိုက္ႀကီးျဖစ္ေသာ မိုးကုတ္ကား ျပည္သူမ်ားလက္တြင္းသို႔ ျပန္လည္ေရာက္ ရွိေနေလၿပီ။ ျပည္သူမ်ား၏စိတ္အတြင္းမွာလည္း တပ္မေတာ္ႏွင့္ပတ္သက္၍ နားလည္စျပဳလာေနၿပီဟု ဆိုႏိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ႏႈိင္းယွဥ္စရာမ်ားလည္း ရွိလာေနေသာေၾကာင့္ျဖစ္သည္။ ဥပေဒ ေဘာင္အတြင္းက တပ္မေတာ္ႏွင့္ ဥပေဒေဘာင္ျပင္ပက သူပုန္တို႔ကား ကြဲျပားေၾကာင္း ျမင္ေနရေပၿပီ။ “စစ္တပ္ဆိုတာ ႏိုင္ငံေတာ္စစ္တပ္။ ဥပေဒအေၾကာင္း ကို ႐ိုး႐ိုးတပ္သားတစ္ေယာက္ကအစ နားလည္ တယ္ေလ။ စစ္မိန႔္နာခံရေပမယ့္ ဥပေဒနားလည္တယ္ေလ။ ပေလာင္သူပုန္တို႔၊ ကခ်င္သူပုန္တို႔၊ ကရင္ သူပုန္တို႔က ဘယ္နားလည္မွာတုံး”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.