စစ်နယ်ကျွံထားသည့်အပြင် အဖွဲ့တွင်းထွက်ပြေးသူ များနေသောကြောင့် ဘုန်းကြီးကျောင်းဝင်းထဲ အထိ ဝင်ကာ KIA က အဓမ္မလူသစ်စုနေ

187

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆
စစ်နယ်ကျွံထားသည့်အပြင် အဖွဲ့တွင်း ထွက်ပြေးသူများနေသောကြောင့် ဘုန်းကြီးကျောင်းဝန်း ထဲအထိဝင်ကာ KIA က အဓမ္မလူသစ်စုနေကြောင်း ဒေသခံများက NP News ဂျာနယ် သို့ပြောသည်။
KIA ၏ အဓမ္မလူသစ်စုဆောင်းမှုသည် ကချင်ပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ထားသည့်ဒေသများ တွင် အများစုလုပ်ဆောင်ကြပြီး ယခင်က (၃)လ ခြားတစ်ခါမှ လက်ရှိတွင် (၁)လတစ်ခါ အဓမ္မလူသစ်စု ခြင်းကိုလုပ်ဆောင်နေကြောင်းသိရသည်။
“ကချင်ပြည်တစ်ပြည်လုံးမှာဆွဲတာ။ ရှိသမျှနယ်မြေအားလုံးမှာဆွဲတာ။ ဖားကန့်မှာက အခုက ဆိုင်းတောင်တို့က KIA ထိန်းချုပ်တဲ့နယ်မြေဖြစ်သွားတယ်။ ဖားကန့် လုံးခင်းကျရင်တော့ တပ်မတော် နယ်လို့တော့ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီဟိုကောင်တွေက သက်ရောက်မှုအားကောင်းတော့ ရပ်ကွက် တွေထဲအထိပါလိုက်ဆွဲတယ်။ တော်တော်ကိုဆွဲတာ။ တလောကဆို ရာချီပြီးဆွဲတယ်” ဟု ဒေသခံအမျိုး သားတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀) ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ အောင်တော်မူ စေတီကုန်းတော်ပေါ်ရှိ မှော်ရှန်ဝင်း သီရိမင်္ဂလာ ကျောင်းတိုက်မှ ဆုတောင်းပြည့် ပြည်လုံးချမ်းသာ စေတီ တော် ဘုရားပရဝဏ်အတွင်းနေထိုင်သော ဘုန်းကြီးကျောင်းသားများကို KIA က အဓမ္မ ဝင် ရောက်ဖမ်း ဆီးကာ လူသစ်စုဆောင်းခဲ့ကြောင်းသိရ သည်။
“ဆိုင်းတောင်ကလည်း ဘုရားပရဝဏ်အတွင်းက ဘုန်းကြီးကျောင်းသားလေးတွေပါဝင်ဆွဲတယ်။ ပြီးရင် အိမ်ထဲအထိလည်းဆွဲတယ်။ လမ်းပေါ်မှာလည်း ဆွဲတယ်။ အကုန်လိုက်ဆွဲနေတာပဲ။ မှော်ထဲမှာ လည်း ကလေးတွေပေါတော့ ဆွဲလို့ကောင်းတာပေါ့။ ဘယ်လောက်အထိဆွဲလဲဆိုတဲ့ စာရင်းတော့အတိ အကျမရှိဘူး”ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ ထိုသို့ ဘုန်းကြီးကျောင်းသားလူငယ်များ ဖမ်း ဆီးခံရခြင်းနှင့်ပတ်သက်၍ ကျောင်းထိုင်ဆရာတော်က KIA တာဝန်ရှိသူများထံ အမြန်ဆုံးပြန်လွှတ်ပေး ရန် မေတ္တာရပ်ခံထားသော်လည်း တစ်စုံတစ်ရာတုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
KIA ၏ အဓမ္မလူသစ်စုဆောင်းခြင်းများလုပ်ဆောင်နေခြင်းကို ဒေသခံများအနေဖြင့် ကန့်ကွက် လိုသော်လည်း လက်နက်ပြ အကျပ်ကိုင်ခံရခြင်းများကြောင့် မည်သို့မျှတတ်နိုင်ခြင်းမရှိဘဲ လက်မှိုင်ချ နေရကြောင်း အထက်ပါဒေသခံကဆိုသည်။
“ဒေသခံတွေကတော့ မုန်းတာပေါ့။ မုန်းရုံ မကဘူး ချဉ်ဖတ်ဖြစ်နေပြီ။ ဘာမှလုပ်လို့မရတော့ ဘူး။ ထိုင်ကြည့်နေရတာပေါ့။ ဒီကောင်တွေက ယူထားတဲ့နယ်မြေလည်းများတယ်။ ကာနိုင်တဲ့ အရည် အချင်းလည်း မရှိဘူး။ ဖြန့်နေရတယ်။ နောက်ပြီးတော့ ထွက်ပြေးတဲ့နှုန်းလည်း အရမ်းများတယ်။ ဘယ် သူမှ KIA ထဲမနေချင်ဘူး။ အဲဒီတော့ ထွက်ပြေးကြတယ်။ အဲဒီဟာတွေကို သူတို့မကာနိုင်ဘူး။ အဲဒါတွေ လုပ်ကြတယ်။ ပြီးရင် သေတဲ့နှုန်းကလည်း တော်တော်ကို များတယ်။ ပြီးရင် KIA လူကြီးတွေကလည်း သူတို့ စစ်အများကြီးကျွံထားပြီးတော့ တပ်ဘက်ကပြန်တိုက်လာတဲ့အပေါ်မှာ ခုခံနိုင်ဖို့ သူတို့ လူတွေ အများကြီးလိုတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် KIA က ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်နှင့် မြစ်ကြီးနားမြို့ဝန်းကျင်တွင် လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ မိုးမောက်၊ မံစီနှင့် အခြားသော ကချင် ပြည်နယ် အတွင်းရှိဒေသအချို့တွင် စစ်မျက်နှာများ ဖွင့်ထားရကြောင်းသိရသည်။

Zawgyi Version:
စစ္နယ္ကြၽံထားသည့္အျပင္ အဖြဲ႕တြင္းထြက္ေျပးသူ မ်ားေနေသာေၾကာင့္ ဘုန္းႀကီးေက်ာင္းဝင္းထဲ အထိ ဝင္ကာ KIA က အဓမၼလူသစ္စုေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
စစ္နယ္ကြၽံထားသည့္အျပင္ အဖြဲ႕တြင္း ထြက္ေျပးသူမ်ားေနေသာေၾကာင့္ ဘုန္းႀကီးေက်ာင္းဝန္း ထဲအထိဝင္ကာ KIA က အဓမၼလူသစ္စုေနေၾကာင္း ေဒသခံမ်ားက NP News ဂ်ာနယ္ သို႔ေျပာသည္။
KIA ၏ အဓမၼလူသစ္စုေဆာင္းမႈသည္ ကခ်င္ျပည္နယ္ရွိ ၎တို႔ထိန္းခ်ဳပ္ထားသည့္ေဒသမ်ား တြင္ အမ်ားစုလုပ္ေဆာင္ၾကၿပီး ယခင္က (၃)လ ျခားတစ္ခါမွ လက္ရွိတြင္ (၁)လတစ္ခါ အဓမၼလူသစ္စု ျခင္းကိုလုပ္ေဆာင္ေနေၾကာင္းသိရသည္။
“ကခ်င္ျပည္တစ္ျပည္လုံးမွာဆြဲတာ။ ရွိသမွ်နယ္ေျမအားလုံးမွာဆြဲတာ။ ဖားကန႔္မွာက အခုက ဆိုင္းေတာင္တို႔က KIA ထိန္းခ်ဳပ္တဲ့နယ္ေျမျဖစ္သြားတယ္။ ဖားကန႔္ လုံးခင္းက်ရင္ေတာ့ တပ္မေတာ္ နယ္လို႔ေတာ့ေျပာလို႔ရတယ္။ ဒါေပမဲ့ အဲဒီဟိုေကာင္ေတြက သက္ေရာက္မႈအားေကာင္းေတာ့ ရပ္ကြက္ ေတြထဲအထိပါလိုက္ဆြဲတယ္။ ေတာ္ေတာ္ကိုဆြဲတာ။ တေလာကဆို ရာခ်ီၿပီးဆြဲတယ္” ဟု ေဒသခံအမ်ိဳး သားတစ္ဦးကေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၀) ရက္ကလည္း ဖားကန႔္ၿမိဳ႕နယ္ ဆိုင္းေတာင္ေက်း႐ြာ ေအာင္ေတာ္မူ ေစတီကုန္းေတာ္ေပၚရွိ ေမွာ္ရွန္ဝင္း သီရိမဂၤလာ ေက်ာင္းတိုက္မွ ဆုေတာင္းျပည့္ ျပည္လုံးခ်မ္းသာ ေစတီ ေတာ္ ဘုရားပရဝဏ္အတြင္းေနထိုင္ေသာ ဘုန္းႀကီးေက်ာင္းသားမ်ားကို KIA က အဓမၼ ဝင္ ေရာက္ဖမ္း ဆီးကာ လူသစ္စုေဆာင္းခဲ့ေၾကာင္းသိရ သည္။
“ဆိုင္းေတာင္ကလည္း ဘုရားပရဝဏ္အတြင္းက ဘုန္းႀကီးေက်ာင္းသားေလးေတြပါဝင္ဆြဲတယ္။ ၿပီးရင္ အိမ္ထဲအထိလည္းဆြဲတယ္။ လမ္းေပၚမွာလည္း ဆြဲတယ္။ အကုန္လိုက္ဆြဲေနတာပဲ။ ေမွာ္ထဲမွာ လည္း ကေလးေတြေပါေတာ့ ဆြဲလို႔ေကာင္းတာေပါ့။ ဘယ္ေလာက္အထိဆြဲလဲဆိုတဲ့ စာရင္းေတာ့အတိ အက်မရွိဘူး”ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ ထိုသို႔ ဘုန္းႀကီးေက်ာင္းသားလူငယ္မ်ား ဖမ္း ဆီးခံရျခင္းႏွင့္ပတ္သက္၍ ေက်ာင္းထိုင္ဆရာေတာ္က KIA တာဝန္ရွိသူမ်ားထံ အျမန္ဆုံးျပန္လႊတ္ေပး ရန္ ေမတၱာရပ္ခံထားေသာ္လည္း တစ္စုံတစ္ရာတုံ႔ျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
KIA ၏ အဓမၼလူသစ္စုေဆာင္းျခင္းမ်ားလုပ္ေဆာင္ေနျခင္းကို ေဒသခံမ်ားအေနျဖင့္ ကန႔္ကြက္ လိုေသာ္လည္း လက္နက္ျပ အက်ပ္ကိုင္ခံရျခင္းမ်ားေၾကာင့္ မည္သို႔မွ်တတ္ႏိုင္ျခင္းမရွိဘဲ လက္မႈိင္ခ် ေနရေၾကာင္း အထက္ပါေဒသခံကဆိုသည္။
“ေဒသခံေတြကေတာ့ မုန္းတာေပါ့။ မုန္း႐ုံ မကဘူး ခ်ဥ္ဖတ္ျဖစ္ေနၿပီ။ ဘာမွလုပ္လို႔မရေတာ့ ဘူး။ ထိုင္ၾကည့္ေနရတာေပါ့။ ဒီေကာင္ေတြက ယူထားတဲ့နယ္ေျမလည္းမ်ားတယ္။ ကာႏိုင္တဲ့ အရည္ အခ်င္းလည္း မရွိဘူး။ ျဖန႔္ေနရတယ္။ ေနာက္ၿပီးေတာ့ ထြက္ေျပးတဲ့ႏႈန္းလည္း အရမ္းမ်ားတယ္။ ဘယ္ သူမွ KIA ထဲမေနခ်င္ဘူး။ အဲဒီေတာ့ ထြက္ေျပးၾကတယ္။ အဲဒီဟာေတြကို သူတို႔မကာႏိုင္ဘူး။ အဲဒါေတြ လုပ္ၾကတယ္။ ၿပီးရင္ ေသတဲ့ႏႈန္းကလည္း ေတာ္ေတာ္ကို မ်ားတယ္။ ၿပီးရင္ KIA လူႀကီးေတြကလည္း သူတို႔ စစ္အမ်ားႀကီးကြၽံထားၿပီးေတာ့ တပ္ဘက္ကျပန္တိုက္လာတဲ့အေပၚမွာ ခုခံႏိုင္ဖို႔ သူတို႔ လူေတြ အမ်ားႀကီးလိုတယ္”ဟု ၎ကေျပာသည္။
လက္ရွိတြင္ KIA က ကခ်င္ျပည္နယ္အတြင္းရွိ ဗန္းေမာ္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕ဝန္းက်င္တြင္ လည္း ေကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ဗန္းေမာက္၊ မိုးေမာက္၊ မံစီႏွင့္ အျခားေသာ ကခ်င္ ျပည္နယ္ အတြင္းရွိေဒသအခ်ိဳ႕တြင္ စစ္မ်က္ႏွာမ်ား ဖြင့္ထားရေၾကာင္းသိရသည္။