နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း (၃)ခု တည်ဆောက်မည်

 112

Pearl (NP News) - ဇန်နဝါရီ ၂၆

နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာ စီမံကိန်း (၃)ခု အကောင်အထည်ဖော် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အချက်အလက်များအရ သိရကာ ယင်းစီမံကိန်းများကို ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း စတင်တည်ဆောက်ဖွယ်ရှိကြောင်း သိရှိသူ ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း သပြေကုန်းရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အနောက်ဘက်၊ အမှတ်(၁) ရဲစခန်းအနီး မြေဧရိယာ(၈)ဧကခန့်ရှိ စီမံကိန်း နေရာ(၇) တွင် (၄)ခန်းတွဲ(၄)ထပ် အဆောက် အအုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဝဇီရရွှေ ပြည်လမ်း၏ တောင်ဘက်၊ ကြက်စမြုပ်ဘုန်းကြီး ကျောင်းအနီး မြေဧရိယာ (၁၆)ဧကခန့်ရှိ စီမံကိန်း နေရာ(၈)နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ရွှေကြာပင် လမ်း ၏ အရှေ့ဘက်၊ သီရိရတနာအဆင့်မြင့်ဈေးအနီး မြေဧရိယာ (၁၄)ဧကခန့်ရှိ စီမံကိန်းနေရာ(၉) တို့ တွင် (၄)ခန်းတွဲ(၆)ထပ် အဆောက်အအုံများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် Developer ခေါ်ထားတယ်။ တင်ဒါခေါ်ထားတဲ့ရက်နဲ့ ဖွင့်မယ့်ရက်ဆိုရင် လေ စဆောက်ရင်တော့ ခန့်မှန်းခြေ (၂)လပိုင်း လကုန်၊ (၃) လပိုင်း လအစမှာ စဆောက်မှာပေါ့နော်။ နေပြည် တော်မှာကျတော့ အထပ်မြင့်မှာကျတော့ ဝန်ထမ်းတွေအတွက်လည်း၊ နည်းနည်းတတ်နိုင်တဲ့လူတွေ အတွက်လည်းကောင်းတာပေါ့။ အသုံးဝင်တယ်လို့ပဲ ပြောရမယ်။ နေပြည်တော်မှာလည်း အခုက လူနေ က နည်းနည်းများလာပြီလေ။ အခုက အိမ်ငှားဈေးကွက်က အရမ်းများနေတာပေါ့။ ငှားတာတွေအရမ်း များတယ်။ ဝယ်မယ်ဆိုရင်လည်း နေပြည်တော်အတွက် ဝယ်လို့ရတဲ့ နေပြည်တော်ရဲ့ အထင်ကရတွေမှာ ဝယ်လို့ရတဲ့ မြေကွက်ကြီးတွေက အကြီးကြီးတွေဆိုတော့ တန်ဖိုးလည်း ကြီးတယ်လေ။ အထင်ကရ နေရာတွေမှာ ရန်ကုန်လို (၂၀ x ၆၀) ဘာညာမှ ဝယ်လို့မရတာ။ အဲဒီတော့ သူ့အဖိုးအခလေးနဲ့တတ်နိုင်တဲ့ လူ၊ နေချင်တဲ့လူတွေအတွက် အဆင်ပြေတာပေါ့” ဟု အထက်ပါဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆို သည်။
အဆိုပါ အဆင့်မြင့်အိမ်ရာစီမံကိန်း (၃)ခု Lot (၃)ခုကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest (EOI) ဖိတ်ခေါ်ခြင်းတွင် EOI အဆိုပြုလွှာအား ဇန်နဝါရီလ (၂၈)ရက် နောက်ဆုံးထားတင် သွင်းရမည်ဖြစ်ပြီး ဇန်နဝါရီလ (၃၀)ရက်တွင် EOI ဖွင့်ဖောက်စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ (၄)ခန်းတွဲ(၄)ထပ်အဆောက် အအုံ၊ (၄)ခန်းတွဲ(၆)ထပ် အဆောက်အအုံများ ပါဝင် သော အဆင့်မြင့်အိမ်ရာကို အကောင်အထည်အထည်ဖော် တည်ဆောက်နေကြောင်းလည်းသိရသည်။
“ရှေ့မှာလည်း အဆင့်မြင့်အိမ်ရာ ဆောက်နေတယ်။ မပြီးသေးလို့။ နေပြည်တော်စည်ပင်နဲ့ Developer နဲ့ပေါင်းပြီး ဆောက်တာပါပဲ။ လက်ရှိဆောက်နေဆဲကတော့ ယခင် သုခတော်ဝင် အိမ်ရာ ရှေ့မှာ။ လမ်းမကြီး ဟိုဘက် ဒီဘက်ပေါ့။ တောင်ညိုလမ်းမကြီးပေါ်မှာပဲ။ အဲဒီဟာလည်း အဆင့်မြင့် အိမ်ရာပဲ။ ဆောက်နေတာ (၂)လလောက် ရှိပြီ။ ပုံမှန်ဆောက်လုပ်ချိန်က (၁၆)လပါပဲ။ (၄)ခန်း တွဲ (၄) ထပ်တွေလည်းပါတယ်။ (၄)ခန်းတွဲ (၆) ထပ်တွေလည်းပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ အဆင့္ျမင့္အိမ္ရာစီမံကိန္း (၃)ခု တည္ေဆာက္မည္
Pearl (NP News) - ဇန္နဝါရီ ၂၆
ေနျပည္ေတာ္တြင္ အဆင့္ျမင့္အိမ္ရာ စီမံကိန္း (၃)ခု အေကာင္အထည္ေဖာ္ တည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္း ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရကာ ယင္းစီမံကိန္းမ်ားကို ေဖေဖာ္ဝါရီလ သို႔မဟုတ္ မတ္လအတြင္း စတင္တည္ေဆာက္ဖြယ္ရွိေၾကာင္း သိရွိသူ ေဆာက္လုပ္ငန္းေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(အေဆာက္အအုံ)မွ ေနျပည္ ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္အတြင္း သေျပကုန္းရပ္ကြက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္း၏ အေနာက္ဘက္၊ အမွတ္(၁) ရဲစခန္းအနီး ေျမဧရိယာ(၈)ဧကခန႔္ရွိ စီမံကိန္း ေနရာ(၇) တြင္ (၄)ခန္းတြဲ(၄)ထပ္ အေဆာက္ အအုံ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ မဂၤလာသိဒၶိရပ္ကြက္၊ ဝဇီရေ႐ႊ ျပည္လမ္း၏ ေတာင္ဘက္၊ ၾကက္စျမဳပ္ဘုန္းႀကီး ေက်ာင္းအနီး ေျမဧရိယာ (၁၆)ဧကခန႔္ရွိ စီမံကိန္း ေနရာ(၈)ႏွင့္ မဂၤလာသိဒၶိရပ္ကြက္၊ ေ႐ႊၾကာပင္ လမ္း ၏ အေရွ႕ဘက္၊ သီရိရတနာအဆင့္ျမင့္ေဈးအနီး ေျမဧရိယာ (၁၄)ဧကခန႔္ရွိ စီမံကိန္းေနရာ(၉) တို႔ တြင္ (၄)ခန္းတြဲ(၆)ထပ္ အေဆာက္အအုံမ်ား တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။
“ေလာေလာဆယ္ Developer ေခၚထားတယ္။ တင္ဒါေခၚထားတဲ့ရက္နဲ႔ ဖြင့္မယ့္ရက္ဆိုရင္ ေလ စေဆာက္ရင္ေတာ့ ခန႔္မွန္းေျခ (၂)လပိုင္း လကုန္၊ (၃) လပိုင္း လအစမွာ စေဆာက္မွာေပါ့ေနာ္။ ေနျပည္ ေတာ္မွာက်ေတာ့ အထပ္ျမင့္မွာက်ေတာ့ ဝန္ထမ္းေတြအတြက္လည္း၊ နည္းနည္းတတ္ႏိုင္တဲ့လူေတြ အတြက္လည္းေကာင္းတာေပါ့။ အသုံးဝင္တယ္လို႔ပဲ ေျပာရမယ္။ ေနျပည္ေတာ္မွာလည္း အခုက လူေန က နည္းနည္းမ်ားလာၿပီေလ။ အခုက အိမ္ငွားေဈးကြက္က အရမ္းမ်ားေနတာေပါ့။ ငွားတာေတြအရမ္း မ်ားတယ္။ ဝယ္မယ္ဆိုရင္လည္း ေနျပည္ေတာ္အတြက္ ဝယ္လို႔ရတဲ့ ေနျပည္ေတာ္ရဲ႕ အထင္ကရေတြမွာ ဝယ္လို႔ရတဲ့ ေျမကြက္ႀကီးေတြက အႀကီးႀကီးေတြဆိုေတာ့ တန္ဖိုးလည္း ႀကီးတယ္ေလ။ အထင္ကရ ေနရာေတြမွာ ရန္ကုန္လို (၂၀ x ၆၀) ဘာညာမွ ဝယ္လို႔မရတာ။ အဲဒီေတာ့ သူ႔အဖိုးအခေလးနဲ႔တတ္ႏိုင္တဲ့ လူ၊ ေနခ်င္တဲ့လူေတြအတြက္ အဆင္ေျပတာေပါ့” ဟု အထက္ပါေဆာက္လုပ္ေရးလုပ္ငန္းရွင္က ဆို သည္။
အဆိုပါ အဆင့္ျမင့္အိမ္ရာစီမံကိန္း (၃)ခု Lot (၃)ခုကို အလုံးစုံရင္းႏွီးျမႇဳပ္ႏွံတည္ေဆာက္ရန္ Developer လုပ္ငန္းရွင္/ ကုမၸဏီမ်ားအား စိတ္ဝင္စားမႈေဖာ္ျပျခင္းေလွ်ာက္လႊာ Expression of Interest (EOI) ဖိတ္ေခၚျခင္းတြင္ EOI အဆိုျပဳလႊာအား ဇန္နဝါရီလ (၂၈)ရက္ ေနာက္ဆုံးထားတင္ သြင္းရမည္ျဖစ္ၿပီး ဇန္နဝါရီလ (၃၀)ရက္တြင္ EOI ဖြင့္ေဖာက္စစ္ေဆးမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အလားတူ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေဘး၊ (၄)ခန္းတြဲ(၄)ထပ္အေဆာက္ အအုံ၊ (၄)ခန္းတြဲ(၆)ထပ္ အေဆာက္အအုံမ်ား ပါဝင္ ေသာ အဆင့္ျမင့္အိမ္ရာကို အေကာင္အထည္အထည္ေဖာ္ တည္ေဆာက္ေနေၾကာင္းလည္းသိရသည္။
“ေရွ႕မွာလည္း အဆင့္ျမင့္အိမ္ရာ ေဆာက္ေနတယ္။ မၿပီးေသးလို႔။ ေနျပည္ေတာ္စည္ပင္နဲ႔ Developer နဲ႔ေပါင္းၿပီး ေဆာက္တာပါပဲ။ လက္ရွိေဆာက္ေနဆဲကေတာ့ ယခင္ သုခေတာ္ဝင္ အိမ္ရာ ေရွ႕မွာ။ လမ္းမႀကီး ဟိုဘက္ ဒီဘက္ေပါ့။ ေတာင္ညိဳလမ္းမႀကီးေပၚမွာပဲ။ အဲဒီဟာလည္း အဆင့္ျမင့္ အိမ္ရာပဲ။ ေဆာက္ေနတာ (၂)လေလာက္ ရွိၿပီ။ ပုံမွန္ေဆာက္လုပ္ခ်ိန္က (၁၆)လပါပဲ။ (၄)ခန္း တြဲ (၄) ထပ္ေတြလည္းပါတယ္။ (၄)ခန္းတြဲ (၆) ထပ္ေတြလည္းပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.