ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ရန်ဆောင်ရွက်နေ

 320

Pearl (NP News) - ဇန်နဝါရီ ၂၆
ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ရန်ဆောင်ရွက် နေကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဇန်နဝါရီ ၂၅ရက်) က မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ပညာရေးတွင် ဆရာ၊ ဆရာမများ မွေးထုတ်ပေးလျက်ရှိသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့အဆင့်သတ်မှတ်ချက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ အလိုက်ခံစားခွင့်များ တိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏ ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် သင်ကြားရေးတာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဦးစွာမြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် အများစုအားဖြင့် အစိုးရကျောင်းများကိုသာ အဓိကအားထားနေရခြင်းဖြစ်သဖြင့် ပညာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည်ဖြစ်သောကြောင့် ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် တပ်မတော်မှလည်း ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် (အခြေခံ) နှင့် (တန်းမြင့်) သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ပညာေရးဒီဂရီေကာလိပ္မ်ားကို ဆရာအတတ္သင္တကၠသိုလ္မ်ားအျဖစ္ ေျပာင္းလဲဖြင့္လွစ္ရန္ေဆာင္႐ြက္ေန
Pearl (NP News) - ဇန္နဝါရီ ၂၆
ပညာေရးဒီဂရီေကာလိပ္မ်ားကို ဆရာအတတ္သင္တကၠသိုလ္မ်ားအျဖစ္ ေျပာင္းလဲဖြင့္လွစ္ရန္ေဆာင္႐ြက္ ေနေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔ (ဇန္နဝါရီ ၂၅ရက္) က မႏၲေလးတိုင္းေဒသႀကီး၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေတြ႕ဆုံစဥ္ ပညာေရးတြင္ ဆရာ၊ ဆရာမမ်ား ေမြးထုတ္ေပးလ်က္ရွိသည့္ ပညာေရးဒီဂရီေကာလိပ္မ်ားကို ဆရာအတတ္သင္တကၠသိုလ္မ်ားအျဖစ္ ေျပာင္းလဲဖြင့္လွစ္ေပးႏိုင္ေရး ေဆြးေႏြးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဘြဲ႕အဆင့္သတ္မွတ္ခ်က္မ်ား၊ ပညာရပ္ပိုင္းဆိုင္ရာ သတ္မွတ္ခ်က္မ်ား အလိုက္ခံစားခြင့္မ်ား တိုးျမႇင့္ရရွိႏိုင္ေရးေဆာင္႐ြက္ေပးျခင္းပင္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္၏ ပညာေရးကို ျမႇင့္တင္ႏိုင္ေရးအတြက္ သင္ၾကားေရးတာဝန္ထမ္းေဆာင္ေနၾကသည့္ ပညာေရးဝန္ထမ္းမ်ားကို ဦးစြာျမႇင့္တင္ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
မိမိတို႔ႏိုင္ငံတြင္ အမ်ားစုအားျဖင့္ အစိုးရေက်ာင္းမ်ားကိုသာ အဓိကအားထားေနရျခင္းျဖစ္သျဖင့္ ပညာေရးဝန္ထမ္းမ်ား၏ စြမ္းရည္ကို ျမႇင့္တင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အနာဂတ္တြင္ ဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံေတာ္ကို အေကာင္အထည္ေဖာ္တည္ေဆာက္ႏိုင္ေရးအတြက္ ပညာတတ္လူသားအရင္းအျမစ္ေကာင္းမ်ား မျဖစ္မေနလိုအပ္သည္ျဖစ္ေသာေၾကာင့္ ပညာေရးကို အားေပးေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ထို႔ျပင္ တပ္မေတာ္မွလည္း ေရေၾကာင္းလူငယ္၊ ေလေၾကာင္းလူငယ္ (အေျခခံ) ႏွင့္ (တန္းျမင့္) သင္တန္းမ်ားကို ႏွစ္စဥ္ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.