ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံသား (၅၆၀)ကျော်ကို ပြန်လည် ခေါ်ဆောင်ထား

118

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၆
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံသား (၅၆၀)ကျော်ကို ပြန်လည် ခေါ်ဆောင်ထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေး လုပ်ငန်း စဉ်များကို တိုက်ဖျက်နှိမ်နင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများသည်လည်း ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ သတင်း ပေးပို့မှုများအရလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်မှုများအရလည်းကောင်း ကမ္ဘောဒီယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား (၁၃၆) ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား (၅၀) ဦးကို ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်းကောင်း၊ (၁၉၀) ဦးကို ညနေပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီး ဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့သို့ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထပ်မံ၍ (၁၉၀) ဦးကိုလည်း ယမန်နေ့၊ ညပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီးဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ပြန်လည် ခေါ်ဆောင်ရောက်ရှိခဲ့ရာ (ဇန်နဝါရီ ၂၅ ရက်) အထိ မြန်မာနိုင်ငံသား (၅၆၆) ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် မြိတ်လေဆိပ်သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင် သိရသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ ျမန္မာႏိုင္ငံသား (၅၆၀)ေက်ာ္ကို ျပန္လည္ ေခၚေဆာင္ထား
ထိုက္စံ(NP News)-ဇန္နဝါရီ ၂၆
ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ ျမန္မာႏိုင္ငံသား (၅၆၀)ေက်ာ္ကို ျပန္လည္ ေခၚေဆာင္ထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကေမာၻဒီးယားႏိုင္ငံအစိုးရအေနျဖင့္ ၎တို႔ႏိုင္ငံအတြင္း online လိမ္လည္မႈမ်ား၊ online ေလာင္းကစားမႈမ်ား တိုက္ဖ်က္ေရး လုပ္ငန္း စဥ္မ်ားကို တိုက္ဖ်က္ႏွိမ္နင္းလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါကေမာၻဒီးယားႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားတြင္ ပါဝင္ပတ္သက္သူ ျမန္မာႏိုင္ငံသားမ်ားသည္လည္း ၎တို႔အစီအစဥ္ျဖင့္ ကေမာၻဒီးယားႏိုင္ငံရွိ ျမန္မာႏိုင္ငံသံ႐ုံးသို႔ သတင္း ေပးပို႔မႈမ်ားအရလည္းေကာင္း၊ ကေမာၻဒီးယားႏိုင္ငံမွ ရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ားက လႊဲေျပာင္းေပးအပ္မႈမ်ားအရလည္းေကာင္း ကေမာၻဒီယားႏိုင္ငံ ျမန္မာသံ႐ုံးသို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ကေမာၻဒီးယားႏိုင္ငံ ျမန္မာသံ႐ုံးသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားအနက္ ပထမအသုတ္အေနျဖင့္ ျမန္မာႏိုင္ငံသား (၁၃၆) ဦးကို ျမန္မာ့ေလေၾကာင္းလိုင္း (MAI) ျဖင့္ ဇန္နဝါရီ ၂၃ ရက္ နံနက္အေစာပိုင္းတြင္ ျမန္မာႏိုင္ငံ၊ မႏၲေလးၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ျပန္လည္ေခၚေဆာင္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ဒုတိယအသုတ္အေနျဖင့္ ျမန္မာႏိုင္ငံသား (၅၀) ဦးကို ယမန္ေန႔ (ဇန္နဝါရီ ၂၅ ရက္) တြင္ ျမန္မာ့ေလေၾကာင္းလိုင္း (MAI) ျဖင့္ ျမန္မာႏိုင္ငံ၊ မႏၲေလးၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔လည္းေကာင္း၊ (၁၉၀) ဦးကို ညေနပိုင္းတြင္ တပ္မေတာ္ေလယာဥ္ ၂ စီး ျဖင့္ တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ၿမိဳ႕သို႔ျပန္လည္ ေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ထပ္မံ၍ (၁၉၀) ဦးကိုလည္း ယမန္ေန႔၊ ညပိုင္းတြင္ တပ္မေတာ္ေလယာဥ္ ၂ စီးျဖင့္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕သို႔ ျပန္လည္ ေခၚေဆာင္ေရာက္ရွိခဲ့ရာ (ဇန္နဝါရီ ၂၅ ရက္) အထိ ျမန္မာႏိုင္ငံသား (၅၆၆) ဦး ျပန္လည္ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၿမိတ္ေလဆိပ္သို႔ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္ေက်ာ္ဟန္ႏွင့္ တာဝန္ရွိသူမ်ား၊ ၿမိတ္ခ႐ိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
အဆိုပါကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား၊ လိုအပ္သည့္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္ သိရသည္။
ထို႔ျပင္ ကေမာၻဒီးယားႏိုင္ငံတြင္ က်န္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားအား အျမန္ဆုံးျပန္လည္ေခၚေဆာင္ႏိုင္ေရး ဆက္လက္ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။