ကမ္ဘာရွှေဈေးတစ်အောင်စလျှင်ဒေါ်လာငါးထောင်ကျော်သို့ရောက်ရှိလာ

483
ကိုဖြိုး(NP News)ဇန်နဝါရီ ၂၆
ယခုတစ်ပါတ်ရွှေဈေးကွက်စတင်ချိန်တွင်ကမ္ဘာရွှေဈေးတစ်အောင်စလျှင်ဒေါ်လာငါးထောင်ကျော်သို့ရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက် ကမ္ဘာရွှေဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၅၀၈၇) အထိစံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်။
ကမ္ဘာရွှေဈေးမြင့်တက်မှုများကြောင့်ပြည်တွင်းရွှေဈေးများလည်းလိုက်ပါမြင့်တက်နေပြီ ပြင်ပရွှေဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၀၆)ကျပ်ဝန်းကျင်ပေါက်ဈေး ရှိကြောင်းသိရသည်။
အမေရိကန်နိုင်ငံနှင့်ဥရောပနိုင်ငံများအကြား ဂရင်းလန်းကျွန်းနှင့်ပါတ်သတ်ပြီး စစ်ရေးတင်းမာမှုများနှင့် အခွန်တိုးမြင့်ကောက်ခံရန်အမေရိကန်ပြင်ဆင်နေမှုများကြောင့် ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်းရွှေဈေးဆက်တိုက်မြင့်တက်နေခြင်းကြောင့် ရွှေဆိုင်အများစုတွင်အခေါက်ရွှေ အရောင်းအဝယ်ရပ် နားထားပြီး (၁၅)ပဲရည်ရွှေထည်များကိုသာရောင်းချနေကြောင်းသိရသည်။
ပြည်တွင်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၂၅)ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအတက်အကျတည်ငြိမ်နေကြောင်းသိရသည်။
Zawgyi Version: