(၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ

 266

ကိုဖြိုး(NP News)ဇန်နဝါရီ ၂၆
(၇၇) ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်နဝါရီ (၂၆) နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ သံအမတ်ကြီး Mr. Abhay Thakur က အိန္ဒိယနိုင်ငံတော်အလံကို လွှင့်ထူပေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ သမ္မတကြီး၏ မိန့်ခွန်းကို ဖတ်ကြားခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့အိန္ဒိယနွယ်ဖွားများ၊ မြန်မာနိုင်ငံမှ အိန္ဒိယမိတ်ဆွေများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ အပါအဝင် ဧည့်သည်တော်ပေါင်း (၅၀၀) ကျော်တို့တက်ရောက်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်အလံကို လွှင့်ထူပြီးနောက် နိုင်ငံတော်သီချင်းကို သီဆိုခြင်း နှင့် ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာန (SVCC) မှ အနုပညာရှင်များနှင့် ကျောင်းသားကျောင်းသူများ၊ အိန္ဒိယလူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်းကျောင်းသူကျောင်းသားများက မျိုးချစ်‌‌တေးသီချင်းများ၊ အိန္ဒိယဂန္ထဝင်အကများနှင့် ယောဂသရုပ်ပြမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို အိန္ဒိယ အစားအစာများဖြင့် တည်ခင်းဧည့်ခံကာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

Zawgyi Version:
(၇၇) ႀကိမ္ေျမာက္ အိႏၵိယသမၼတႏိုင္ငံ အမ်ိဳးသားေန႔ အထိမ္းအမွတ္ ႏိုင္ငံေတာ္အလံတင္ အခမ္းအနား ရန္ကုန္ၿမိဳ႕တြင္က်င္းပ
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၂၆
(၇၇) ႀကိမ္ေျမာက္ အိႏၵိယသမၼတႏိုင္ငံ အမ်ိဳးသားေန႔ အထိမ္းအမွတ္ ႏိုင္ငံေတာ္အလံတင္ အခမ္းအနားကို ဇန္နဝါရီ (၂၆) နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အိႏၵိယေဂဟာ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရသည္။ သံအမတ္ႀကီး Mr. Abhay Thakur က အိႏၵိယႏိုင္ငံေတာ္အလံကို လႊင့္ထူေပးခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံ သမၼတႀကီး၏ မိန႔္ခြန္းကို ဖတ္ၾကားခဲ့ေၾကာင္းသိရသည္။
အခမ္းအနားသို႔အိႏၵိယႏြယ္ဖြားမ်ား၊ ျမန္မာႏိုင္ငံမွ အိႏၵိယမိတ္ေဆြမ်ား၊ သံ႐ုံးဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ား အပါအဝင္ ဧည့္သည္ေတာ္ေပါင္း (၅၀၀) ေက်ာ္တို႔တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံေတာ္အလံကို လႊင့္ထူၿပီးေနာက္ ႏိုင္ငံေတာ္သီခ်င္းကို သီဆိုျခင္း ႏွင့္ ဆြာမိဝိေဝကာနႏၵ ယဥ္ေက်းမႈဌာန (SVCC) မွ အႏုပညာရွင္မ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား၊ အိႏၵိယလူမႈအဖြဲ႕အစည္းမ်ားႏွင့္ ျပည္တြင္းေက်ာင္းသူေက်ာင္းသားမ်ားက မ်ိဳးခ်စ္‌ေတးသီခ်င္းမ်ား၊ အိႏၵိယဂႏၴဝင္အကမ်ားႏွင့္ ေယာဂသ႐ုပ္ျပမႈမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကၿပီး အခမ္းအနားကို အိႏၵိယ အစားအစာမ်ားျဖင့္ တည္ခင္းဧည့္ခံကာ ႐ုပ္သိမ္းခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.