Pilot Project အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အတွက် ရထားလက်မှတ်များကို အွန်လိုင်းမှ တဆင့် မကြာမီ ဝယ်နိုင်တော့မည်

 2798

စော(NP News)- ဇန်နဝါရီ ၂၆
Pilot Project အဖြစ် အမှတ် ၁၁အဆန်နှင့် ၁၂အစုန် ရန်ကုန်-မန္တလေး အမြန်ရထားနှင့် အမှတ် ၇ အဆန်၊ ၈အစုန်၊ အမှတ် ၃၁အဆန်၊အမှတ် ၃၂ အစုန်ရန်ကုန်-နေပြည်တော် DEMU ရထား ခရီးစဉ်များအတွက် ရထားလက်မှတ်များကို အွန်လိုင်းမှ တဆင့် ဝယ်ယူနိုင်ရန် အကောင်အထည်ဖော်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အဆိုပါ အစီအစဉ်ကို လာမည့် ဖေဖော်ဝါရီလမှစတင်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကနဦးသတင်းများထွက်ပေါ်နေသည်။
“Online Payment နဲ့ ရထားလက်မှတ်တွေဖြတ်လို့ရအောင်လို့ စီစဉ်နေတာတော့မှန်ပါတယ်။ ဘယ်နေ့ကို စပြီးတော့ ပြောင်းလဲပြီးတော့ ရောင်းချမလဲတော့ ဘာညွှန်ကြားချက်မှ တိတိကျကျ မထွက်သေးဘူး”ဟု မန္တလေးတိုင်းဒေသကြီးမှ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက NP Newsကိုပြောသည်။
Online Railway Ticket and Payment (ORTP) စနစ်မှ လက်မှတ်များ ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး ဘူတာများအတွက် (၇)ရက်၊ ကြားဘူတာများအတွက် (၃)ရက် ကြိုတင်၍ ဝယ်ယူနိုင်ပြီး အဆိုပါစနစ်မှ ဝယ်ယူထားသော ရထားလက်မှတ် e-Receipt အား သက်ဆိုင်ရာဘူတာရုံ ကောင်တာများတွင် ရထားမထွက်ခွာမှီ (၁) နာရီ ကြိုတင်၍ လက်မှတ်ဖြင့် လဲလှယ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးသည်များ Online လက်မှတ်ဝယ်ယူရာတွင် လိုက်နာရန်စည်းကမ်းချက်များမှာ အသက် (၃) နှစ်အောက် ကလေးသူငယ်မှအပ ရထားစီးနင်းသူများအားလုံး လက်မှတ်ဝယ်ယူရမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူစဉ် ဖြည့်သွင်းခဲ့သော အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ် ကိုင်ဆောင်သူ သာ ရထားလိုက်ပါ စီးနင်းခွင့်ရှိကြောင်း ကနဦးသိရသည်။
ဝယ်ယူထားသောလက်မှတ်ကို ဝယ်ယူထားသောနေ့၊ ဝယ်ယူထားသောရထားတွင်သာ စီးနင်းခွင့်ရှိမည်ဖြစ်၍ ဝယ်ယူထားပြီး မသွားဖြစ် သော ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်အမ်းပေးမည် မဟုတ်ကြောင်း သိရသည်။
ရထားစီးခရီးသည်များသည် တာဝန်ရှိရထားဝန်ထမ်းမှ လက်မှတ်စစ်ဆေးသည့်အခါ နိုင်ငံသားမှတ်ပုံတင်မူရင်း၊ E Ticket နှင့်တကွ စစ်ဆေးခံရ မည်ဖြစ်ပြီး ဖြည့်သွင်းခဲ့သော အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်နှင့် စီးနင်းသူတူညီခြင်းမရှိပါက မူမမှန်လက်မှတ်အဖြစ် သတ်မှတ်၍ ခရီးအစအဆုံး လက်မှတ်ခ၏ (၂) ဆ ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေအေးပေး ရထားများပေါ်တွင် လိုက်ပါစီးနင်းစဉ် အနံ့အသက်ပြင်းသည့် အသီးအနှံ၊ အစားအသောက်၊ အရာဝတ္တုများတင်ဆောင်ခြင်း၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့်အပြုအမူပြုလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ ပြုလုပ်ပါက ဒဏ်ရိုက်အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
Online မှ လက်မှတ်ဝယ်ယူသည့်အခါ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခအပြင် ဘဏ် ငွေကြေးဝန်ဆောင်ခကိုပါ ခရီးသည်မှပေးဆောင်ရမည်ဖြစ်ပြီး Online လက်မှတ်စနစ် ၏ ရှေ့ပြေးကာလဖြစ်သည့်အတွက် လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခကို ယခုအချိန်တွင် ကောက်ခံခြင်းမရှိသေးသော်လည်း လက်မှတ်စနစ်ရှေ့ပြေးကာလ ပြီးဆုံးသည့်အချိန်တွင်မူ လက်မှတ်ဝယ်ယူ ခြင်း ဝန်ဆောင်ခအားစတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးထားသည်။
မြန်မာ့မီးရထား၏ ပျက်ကွက်မှုကြောင့် ရထားခရီးစဉ်ပြေးဆွဲမှုမရှိပါက ရထားလက်မှတ်ခ ကိုသာ လက်မှတ်ဝယ်သူထံ ပြန်လည်အမ်းပေးသွား မည်ဖြစ်ပြီး လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခနှင့် အွန်လိုင်းဝန်ဆောင်ခ ကိုမှု ပြန်လည်အမ်းပေးသွားမည်မဟုတ်ကြောင်း သိရသည်။
သို့ရာတွင် အွန်လိုင်းရထားလက်မှတ်အား ဘူတာရုံရှိ ဝန်ဆောင်မှုကောင်တာမှ ဝယ်ယူခဲ့ခြင်းဖြစ်ပါက ပြန်အမ်းငွေအားဝယ်ယူခဲ့သည့် ဘူတာရုံတွင်သာလာ ရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
Pilot Project အျဖစ္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္အတြက္ ရထားလက္မွတ္မ်ားကို အြန္လိုင္းမွ တဆင့္ မၾကာမီ ဝယ္ႏိုင္ေတာ့မည္
ေစာ(NP News)- ဇန္နဝါရီ ၂၆
Pilot Project အျဖစ္ အမွတ္ ၁၁အဆန္ႏွင့္ ၁၂အစုန္ ရန္ကုန္-မႏၲေလး အျမန္ရထားႏွင့္ အမွတ္ ၇ အဆန္၊ ၈အစုန္၊ အမွတ္ ၃၁အဆန္၊အမွတ္ ၃၂ အစုန္ရန္ကုန္-ေနျပည္ေတာ္ DEMU ရထား ခရီးစဥ္မ်ားအတြက္ ရထားလက္မွတ္မ်ားကို အြန္လိုင္းမွ တဆင့္ ဝယ္ယူႏိုင္ရန္ အေကာင္အထည္ေဖာ္ေနေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။
အဆိုပါ အစီအစဥ္ကို လာမည့္ ေဖေဖာ္ဝါရီလမွစတင္ကာ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ကနဦးသတင္းမ်ားထြက္ေပၚေနသည္။
“Online Payment နဲ႔ ရထားလက္မွတ္ေတြျဖတ္လို႔ရေအာင္လို႔ စီစဥ္ေနတာေတာ့မွန္ပါတယ္။ ဘယ္ေန႔ကို စၿပီးေတာ့ ေျပာင္းလဲၿပီးေတာ့ ေရာင္းခ်မလဲေတာ့ ဘာၫႊန္ၾကားခ်က္မွ တိတိက်က် မထြက္ေသးဘူး”ဟု မႏၲေလးတိုင္းေဒသႀကီးမွ ျမန္မာ့မီးရထားဝန္ထမ္းတစ္ဦးက NP Newsကိုေျပာသည္။
Online Railway Ticket and Payment (ORTP) စနစ္မွ လက္မွတ္မ်ား ဝယ္ယူရာတြင္ ခရီးစဥ္အစအဆုံး ဘူတာမ်ားအတြက္ (၇)ရက္၊ ၾကားဘူတာမ်ားအတြက္ (၃)ရက္ ႀကိဳတင္၍ ဝယ္ယူႏိုင္ၿပီး အဆိုပါစနစ္မွ ဝယ္ယူထားေသာ ရထားလက္မွတ္ e-Receipt အား သက္ဆိုင္ရာဘူတာ႐ုံ ေကာင္တာမ်ားတြင္ ရထားမထြက္ခြာမွီ (၁) နာရီ ႀကိဳတင္၍ လက္မွတ္ျဖင့္ လဲလွယ္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ခရီးသည္မ်ား Online လက္မွတ္ဝယ္ယူရာတြင္ လိုက္နာရန္စည္းကမ္းခ်က္မ်ားမွာ အသက္ (၃) ႏွစ္ေအာက္ ကေလးသူငယ္မွအပ ရထားစီးနင္းသူမ်ားအားလုံး လက္မွတ္ဝယ္ယူရမည္ျဖစ္ၿပီး လက္မွတ္ဝယ္ယူစဥ္ ျဖည့္သြင္းခဲ့ေသာ အမည္၊ ႏိုင္ငံသားမွတ္ပုံတင္အမွတ္ ကိုင္ေဆာင္သူ သာ ရထားလိုက္ပါ စီးနင္းခြင့္ရွိေၾကာင္း ကနဦးသိရသည္။
ဝယ္ယူထားေသာလက္မွတ္ကို ဝယ္ယူထားေသာေန႔၊ ဝယ္ယူထားေသာရထားတြင္သာ စီးနင္းခြင့္ရွိမည္ျဖစ္၍ ဝယ္ယူထားၿပီး မသြားျဖစ္ ေသာ ခရီးစဥ္အတြက္ လက္မွတ္ခေငြ ျပန္လည္အမ္းေပးမည္ မဟုတ္ေၾကာင္း သိရသည္။
ရထားစီးခရီးသည္မ်ားသည္ တာဝန္ရွိရထားဝန္ထမ္းမွ လက္မွတ္စစ္ေဆးသည့္အခါ ႏိုင္ငံသားမွတ္ပုံတင္မူရင္း၊ E Ticket ႏွင့္တကြ စစ္ေဆးခံရ မည္ျဖစ္ၿပီး ျဖည့္သြင္းခဲ့ေသာ အမည္၊ ႏိုင္ငံသားမွတ္ပုံတင္အမွတ္ႏွင့္ စီးနင္းသူတူညီျခင္းမရွိပါက မူမမွန္လက္မွတ္အျဖစ္ သတ္မွတ္၍ ခရီးအစအဆုံး လက္မွတ္ခ၏ (၂) ဆ ဒဏ္ေငြအျဖစ္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလေအးေပး ရထားမ်ားေပၚတြင္ လိုက္ပါစီးနင္းစဥ္ အနံ႔အသက္ျပင္းသည့္ အသီးအႏွံ၊ အစားအေသာက္၊ အရာဝတၱဳမ်ားတင္ေဆာင္ျခင္း၊ အမ်ားျပည္သူ အေႏွာင့္အယွက္ျဖစ္ေစသည့္အျပဳအမူျပဳလုပ္ျခင္း၊ အရက္ေသစာေသာက္စားျခင္း၊ ကြမ္းစားျခင္း၊ ေဆးလိပ္ေသာက္ျခင္းတို႔ ျပဳလုပ္ပါက ဒဏ္႐ိုက္အေရးယူျခင္း ခံရမည္ျဖစ္ေၾကာင္း သိရသည္။
Online မွ လက္မွတ္ဝယ္ယူသည့္အခါ လက္မွတ္ဝယ္ယူျခင္း ဝန္ေဆာင္ခအျပင္ ဘဏ္ ေငြေၾကးဝန္ေဆာင္ခကိုပါ ခရီးသည္မွေပးေဆာင္ရမည္ျဖစ္ၿပီး Online လက္မွတ္စနစ္ ၏ ေရွ႕ေျပးကာလျဖစ္သည့္အတြက္ လက္မွတ္ဝယ္ယူျခင္း ဝန္ေဆာင္ခကို ယခုအခ်ိန္တြင္ ေကာက္ခံျခင္းမရွိေသးေသာ္လည္း လက္မွတ္စနစ္ေရွ႕ေျပးကာလ ၿပီးဆုံးသည့္အခ်ိန္တြင္မူ လက္မွတ္ဝယ္ယူ ျခင္း ဝန္ေဆာင္ခအားစတင္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ႀကိဳတင္ အသိေပးထားသည္။
ျမန္မာ့မီးရထား၏ ပ်က္ကြက္မႈေၾကာင့္ ရထားခရီးစဥ္ေျပးဆြဲမႈမရွိပါက ရထားလက္မွတ္ခ ကိုသာ လက္မွတ္ဝယ္သူထံ ျပန္လည္အမ္းေပးသြား မည္ျဖစ္ၿပီး လက္မွတ္ဝယ္ယူျခင္း ဝန္ေဆာင္ခႏွင့္ အြန္လိုင္းဝန္ေဆာင္ခ ကိုမႈ ျပန္လည္အမ္းေပးသြားမည္မဟုတ္ေၾကာင္း သိရသည္။
သို႔ရာတြင္ အြန္လိုင္းရထားလက္မွတ္အား ဘူတာ႐ုံရွိ ဝန္ေဆာင္မႈေကာင္တာမွ ဝယ္ယူခဲ့ျခင္းျဖစ္ပါက ျပန္အမ္းေငြအားဝယ္ယူခဲ့သည့္ ဘူတာ႐ုံတြင္သာလာ ေရာက္ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Love Account

27/01/2026 19:11

ရထားဝန်ကြီးဌာနက ဘယ်လိုလိမ်ရင်ရမလဲဆိုတာရော ကြည့်ထားပြီးပြီလား။

Picture

Love Account

27/01/2026 19:12

ရထားဝန်ကြီးဌာနက ဘယ်လိုလိမ်ရင်ရမလဲဆိုတာရော ကြည့်ထားပြီးပြီလား။

Related news

© 2021. All rights reserved.