မှော်ဘီ မှ ခေါင်းဖြတ် လူသတ်မှု နှင့် ပတ်သက်၍ ကျူးလွန်သူက အာဠာဝကဆေးကြွပြီး ပြုလုပ်မိသည်ဟု ဆင်ခြေပေးကြောင်း သိရ

1119

သုတကျော် (NP News) - ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု နှင့် ပတ်သက်၍ ကျူးလွန်သူ က အာဠာဝကဆေးကြွပြီး ပြုလုပ်မိသည်ဟု ဆင်ခြေပေးခဲ့ကြောင်း သိရှိသူများထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
အဆိုပါ ခေါင်းဖြတ်သတ်ခံရသည့် ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၄) ရက်က ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယင်းနေ့ နံနက် (၈) နာရီတွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်ကာ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်သည်။
သတ်ပြီးနောက် ခေါင်းပြတ်ကို လမ်းလယ်တွင် ချကာ ဓားကိုင်၍ အတန်ကြာ ထိုင်နေပြီးနောက် အငှားကား တစ်စီးကို ဓားထောက် ခြိမ်းခြောက်၍ တိုးဂိတ်သို့ မောင်းစေရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
“ဆေးသုံးတာ ကြာပြီ ပြောတယ်။ တကယ်လည်း ဖမ်းမိရော အာဠာဝက ဝင်တယ်တို့ ဘာတို့ ပြောတယ်လို့ သိရတယ်။ ခေါင်းဖြတ်တဲ့ အထိ ဖြစ်စရာ အကြောင်းမရှိဘူးလေ” ဟု ဖြစ်စဥ် နှင့် ပတ်သက်၍ သိရှိသူ တစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ကျူးလွန်သူ အမျိုးသားကို ပုဒ်မ (၂) ခုဖြင့် အရေးယူထားကြောင်း ကနဦး သိရသည်။
သေဆုံးသူ အမျိုးသမီး မှာ အသက် (၃၃) နှစ် အရွယ် ရှိပြီ ဖြစ်ကာ သေဆုံးချိန်တွင် ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေမွာ္ဘီ မွ ေခါင္းျဖတ္ လူသတ္မႈ ႏွင့္ ပတ္သက္၍ က်ဴးလြန္သူက အာဠာဝကေဆးႂကြၿပီး ျပဳလုပ္မိသည္ဟု ဆင္ေျခေပးေၾကာင္း သိရ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၆
ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေသာ ေခါင္းျဖတ္ လူသတ္မႈ ႏွင့္ ပတ္သက္၍ က်ဴးလြန္သူ က အာဠာဝကေဆးႂကြၿပီး ျပဳလုပ္မိသည္ဟု ဆင္ေျခေပးခဲ့ေၾကာင္း သိရွိသူမ်ားထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ေခါင္းျဖတ္သတ္ခံရသည့္ ျဖစ္စဥ္မွာ ဇန္နဝါရီလ (၂၄) ရက္က ဆတ္သြားေတာ၊ ေပတရာေျမာက္ပိုင္းရပ္ကြက္ တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ ယင္းေန႔ နံနက္ (၈) နာရီတြင္ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ခင္ပြန္းျဖစ္သူက ဇနီးကို ဓားျဖင့္ ခုတ္ကာ ေခါင္းျဖတ္သတ္ခဲ့ျခင္း ျဖစ္သည္။
သတ္ၿပီးေနာက္ ေခါင္းျပတ္ကို လမ္းလယ္တြင္ ခ်ကာ ဓားကိုင္၍ အတန္ၾကာ ထိုင္ေနၿပီးေနာက္ အငွားကား တစ္စီးကို ဓားေထာက္ ၿခိမ္းေျခာက္၍ တိုးဂိတ္သို႔ ေမာင္းေစရာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့သည္။
“ေဆးသုံးတာ ၾကာၿပီ ေျပာတယ္။ တကယ္လည္း ဖမ္းမိေရာ အာဠာဝက ဝင္တယ္တို႔ ဘာတို႔ ေျပာတယ္လို႔ သိရတယ္။ ေခါင္းျဖတ္တဲ့ အထိ ျဖစ္စရာ အေၾကာင္းမရွိဘူးေလ” ဟု ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ သိရွိသူ တစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။
က်ဴးလြန္သူ အမ်ိဳးသားကို ပုဒ္မ (၂) ခုျဖင့္ အေရးယူထားေၾကာင္း ကနဦး သိရသည္။
ေသဆုံးသူ အမ်ိဳးသမီး မွာ အသက္ (၃၃) ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္ကာ ေသဆုံးခ်ိန္တြင္ ကေလးငယ္ ၂ ဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။