လာမည့် ဖေဖော်ဝါရီလပိတ်ရက်အတွက် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေရှိ ဟိုတယ်များတွင် ဘိုကင်အပြည့်နီးပါးဖြစ်နေ

363

စော(NP News)- ဇန်နဝါရီ ၂၆
လာမည့် ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၇ရက်နေ့အထိ ပိတ်ရက်အတွက် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေရှိ ဟိုတယ်များတွင် ဘိုကင်အပြည့်နီးပါးဖြစ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ငွေဆောင် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားစုစုပေါင်း (၁၅)သိန်းကျော် ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထိုပြင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၁ရက်နေ့မှ ၁၀ရက်နေ့အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားစုစုပေါင်း (၆၃၀၀၀) ဝင်ရောက်ခဲ့ရာ ၂၀၂၅ခုနှစ်၊ အလားတူ ရက်တွင် ၃၉၀၀၀ ခန့်သာ ဝင်ရောက်ခဲ့သည့်အတွက် နှိုင်းယှဉ်ပါက (၆၀)ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၇ရက်နေ့အထိ ပိတ်ရက်(၆)ရက်အတွက် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေရှိ ဟိုတယ်များတွင် ဘိုကင် (၉၀)ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒေသခံခရီးသွားလုပ်ငန်း ကော်မတီမှ လိုင်စင်ထုတ်ပေးထားသော ဟိုတယ်တည်ခိုရိပ်သာပေါင်း ငွေဆောင်၊ ချောင်းသာနှင်ရွှေသောင်ယံတွင် (၃၈)လုံးစီနှင့် ပုသိမ်မြို့တွင် (၂၄)လုံး ရှိကြောင်း သိရသည်။

Zawgyi Version:
လာမည့္ ေဖေဖာ္ဝါရီလပိတ္ရက္အတြက္ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံ ကမ္းေျခရွိ ဟိုတယ္မ်ားတြင္ ဘိုကင္အျပည့္နီးပါးျဖစ္ေန
ေစာ(NP News)- ဇန္နဝါရီ ၂၆
လာမည့္ ေဖေဖာ္ဝါရီလ ၁၂ရက္မွ ၁၇ရက္ေန႔အထိ ပိတ္ရက္အတြက္ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံ ကမ္းေျခရွိ ဟိုတယ္မ်ားတြင္ ဘိုကင္အျပည့္နီးပါးျဖစ္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ပုသိမ္၊ ေငြေဆာင္ ေခ်ာင္းသာႏွင့္ ေ႐ႊေသာင္ယံကမ္းေျခမ်ားသို႔ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ ျပည္တြင္း၊ ျပည္ပ ခရီးသြားစုစုေပါင္း (၁၅)သိန္းေက်ာ္ ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
ထိုျပင္ ၂၀၂၆ခုႏွစ္၊ ဇန္နဝါရီလ၁ရက္ေန႔မွ ၁၀ရက္ေန႔အတြင္း ျပည္တြင္း၊ ျပည္ပခရီးသြားစုစုေပါင္း (၆၃၀၀၀) ဝင္ေရာက္ခဲ့ရာ ၂၀၂၅ခုႏွစ္၊ အလားတူ ရက္တြင္ ၃၉၀၀၀ ခန႔္သာ ဝင္ေရာက္ခဲ့သည့္အတြက္ ႏႈိင္းယွဥ္ပါက (၆၀)ရာခိုင္ႏႈန္းတိုးတက္လာေၾကာင္း သိရသည္။
လာမည့္ ေဖေဖာ္ဝါရီလ ၁၂ရက္မွ ၁၇ရက္ေန႔အထိ ပိတ္ရက္(၆)ရက္အတြက္ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံ ကမ္းေျခရွိ ဟိုတယ္မ်ားတြင္ ဘိုကင္ (၉၀)ရာခိုင္ႏႈန္း ျပည့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနႏွင့္ ေဒသခံခရီးသြားလုပ္ငန္း ေကာ္မတီမွ လိုင္စင္ထုတ္ေပးထားေသာ ဟိုတယ္တည္ခိုရိပ္သာေပါင္း ေငြေဆာင္၊ ေခ်ာင္းသာႏွင္ေ႐ႊေသာင္ယံတြင္ (၃၈)လုံးစီႏွင့္ ပုသိမ္ၿမိဳ႕တြင္ (၂၄)လုံး ရွိေၾကာင္း သိရသည္။