ဝ ဒေသတွင် လူသတ်မီးကင်စားခဲ့သည့်အမှုမှာ မမှန်ကန်သည့်အပြင် သမိုင်းတလျှောက် လူသားစားသည့် အလေ့အထမရှိကြောင်း UWSA ၏ ဆက်ဆံရေးရုံးတာဝန်ခံပြန်လည်ဖြေရှင်း

469

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆
ဝ အဖွဲ့ UWSA ထိန်းချုပ်ရာဒေသဖြစ်သော မိုင်းပေါက်ဒေသတွင် မျိုးသားတစ်ဦးက လူသတ်မီးကင်စားခဲ့သည့်အမှုမှာ မမှန်ကန်ကြောင်း နှင့် ပြည်ပရောက်မီဒီယာတစ်ခုက ရေးသားသကဲ့သို့ ဝ ဒေသ သမိုင်းတလျှောက်တွင် လူသားစားသည့်အလေ့အထမရှိကြောင်း UWSA ၏ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က ယနေ့ (ဇန်နဝါရီလ ၂၆ ရက်) တွင် ၎င်း၏ လူမှုကွန်ယက်ဖေ့ဘွတ်စ်စာမျက်နှာထက်၌ ပြန်လည်ဖြေရှင်းထားသည်။
ယင်းဒေသတွင် အမျိုးသားတစ်ဦးက လူသတ်ကာ မီးဖုတ်စားခဲ့ကြောင်း ပြည်ပရောက် မီဒီယာအချို့တွင် ရေးသားခဲ့ကြခြင်းဖြစ်ပြီး ကျူးလွန်သူကို ဇန်နဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။
“ကောလာဟလသတင်း "ဝ" ပြည်၌ လူသတ်ပြီး "မီးဖုတ်စားသူဖမ်းမိ"ဆိုသည့်သတင်းမှား ပျံ့နှံ့လျှက်ရှိသည်ကို တွေ့ရသည်။ ဖြစ်စဥ်မှာ စိတ္တဇရှိသူတစ်ယောက်သည် ၄င်း၏ မွေးစားဖခင်အား သတ်ဖြတ်ကာ မီးရှို့မှုဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူသားစားသည့်ဖြစ်စဥ်မျိုး လုံးဝ မရှိခဲ့ပါ” ဟု ဦးညီရမ်းက ရေးထားသည်။
လက်ရှိတွင် ပြစ်မှဒကျူးလွန်သူအား ဖမ်းဆီးရမိထားပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း ဦးညီရမ်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည့်အပြင် ပြည်ပရောက်မီဒီယာတစ်ခုတွင် ရေးသားခဲ့သကဲ့သို့ ဝ ဒေသတွင် လူသားစားသည့် အလေ့မရှိကြောင်း ဦးညီရမ်းက ပြောထားသည်။
“ပြစ်မှုကျူးလွန်သူအား ဖမ်းမိပြီး "ဝ" ပြည် ဥပဒေဖြင့် ထိရောက်သည့်အရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မိမိတို့ "ဝ"ပြည်သည် ရှေးယခင်က တချို့သောနယ်၌ တောင်ယာစပါးကောင်းဖို့ ယဇ်ပူဇော်ရန်အတွက် ခေါင်းဖြတ်သည့်ဓလေ့ ရှိခဲ့ပေမယ့် လူသားစားသည့်ဖြစ်စဥ်မျိုး လုံးဝမရှိခဲ့ပါကြောင်း မှတ်တမ်းများအရ လေ့လာတွေ့ရှိရသည်” ဟု ရေးသားထားသည်။

Zawgyi Version;
ဝ ေဒသတြင္ လူသတ္မီးကင္စားခဲ့သည့္အမႈမွာ မမွန္ကန္သည့္အျပင္ သမိုင္းတေလွ်ာက္ လူသားစားသည့္ အေလ့အထမရွိေၾကာင္း UWSA ၏ ဆက္ဆံေရး႐ုံးတာဝန္ခံျပန္လည္ေျဖရွင္း
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
ဝ အဖြဲ႕ UWSA ထိန္းခ်ဳပ္ရာေဒသျဖစ္ေသာ မိုင္းေပါက္ေဒသတြင္ မ်ိဳးသားတစ္ဦးက လူသတ္မီးကင္စားခဲ့သည့္အမႈမွာ မမွန္ကန္ေၾကာင္း ႏွင့္ ျပည္ပေရာက္မီဒီယာတစ္ခုက ေရးသားသကဲ့သို႔ ဝ ေဒသ သမိုင္းတေလွ်ာက္တြင္ လူသားစားသည့္အေလ့အထမရွိေၾကာင္း UWSA ၏ ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရမ္း က ယေန႔ (ဇန္နဝါရီလ ၂၆ ရက္) တြင္ ၎၏ လူမႈကြန္ယက္ေဖ့ဘြတ္စ္စာမ်က္ႏွာထက္၌ ျပန္လည္ေျဖရွင္းထားသည္။
ယင္းေဒသတြင္ အမ်ိဳးသားတစ္ဦးက လူသတ္ကာ မီးဖုတ္စားခဲ့ေၾကာင္း ျပည္ပေရာက္ မီဒီယာအခ်ိဳ႕တြင္ ေရးသားခဲ့ၾကျခင္းျဖစ္ၿပီး က်ဴးလြန္သူကို ဇန္နဝါရီလ ၂၃ ရက္၊ နံနက္ပိုင္းက ဖမ္းမိခဲ့ေၾကာင္း သိရသည္။
“ေကာလာဟလသတင္း "ဝ" ျပည္၌ လူသတ္ၿပီး "မီးဖုတ္စားသူဖမ္းမိ"ဆိုသည့္သတင္းမွား ပ်ံ႕ႏွံ႔လွ်က္ရွိသည္ကို ေတြ႕ရသည္။ ျဖစ္စဥ္မွာ စိတၱဇရွိသူတစ္ေယာက္သည္ ၄င္း၏ ေမြးစားဖခင္အား သတ္ျဖတ္ကာ မီးရႈိ႕မႈျဖစ္ခဲ့သည္မွာ မွန္ကန္ၿပီး လူသားစားသည့္ျဖစ္စဥ္မ်ိဳး လုံးဝ မရွိခဲ့ပါ” ဟု ဦးညီရမ္းက ေရးထားသည္။
လက္ရွိတြင္ ျပစ္မွဒက်ဴးလြန္သူအား ဖမ္းဆီးရမိထားၿပီး ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ဦးညီရမ္း၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည့္အျပင္ ျပည္ပေရာက္မီဒီယာတစ္ခုတြင္ ေရးသားခဲ့သကဲ့သို႔ ဝ ေဒသတြင္ လူသားစားသည့္ အေလ့မရွိေၾကာင္း ဦးညီရမ္းက ေျပာထားသည္။
“ျပစ္မႈက်ဴးလြန္သူအား ဖမ္းမိၿပီး "ဝ" ျပည္ ဥပေဒျဖင့္ ထိေရာက္သည့္အေရးယူမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ မိမိတို႔ "ဝ"ျပည္သည္ ေရွးယခင္က တခ်ိဳ႕ေသာနယ္၌ ေတာင္ယာစပါးေကာင္းဖို႔ ယဇ္ပူေဇာ္ရန္အတြက္ ေခါင္းျဖတ္သည့္ဓေလ့ ရွိခဲ့ေပမယ့္ လူသားစားသည့္ျဖစ္စဥ္မ်ိဳး လုံးဝမရွိခဲ့ပါေၾကာင္း မွတ္တမ္းမ်ားအရ ေလ့လာေတြ႕ရွိရသည္” ဟု ေရးသားထားသည္။