လိမ္မော်ရောင်အုတ်ခဲပုံစံနဲ့ Lego Crocs ဖိနပ်များ ထွက်ရှိလာဖွယ်ရှိ

 747

ရောင်နီ (NP News) - ဇန်နဝါရီ ၂၆

Lego ဂိမ်း ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ မကြာမီအချိန်အတွင်း စိတ်ကြိုက် ရောင်စုံ အုတ်ခဲပုံစံ Crocs ဖိနပ်တွေကို ဖက်ရှင်အနေနဲ့ ဝတ်ဆင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီးဖိနပ် အမှတ် တံဆိပ် Crocs ဟာ ဒိန်းမတ်အရုပ်ထုတ်လုပ်သူ Lego နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ရှည် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Crocs ဟာ Lego နဲ့ နှစ်ရှည်သဘောတူညီချက်တစ်ခုအဖြစ် ပူးပေါင်းပြီး ဖောက်သည်အသစ်တွေကို ချိတ်ဆက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ Lego ပုံစံဖိနပ်တွေ စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ယခုပူးပေါင်း ဆောင်ရွက်မှုရဲ့ပထမဆုံးထုတ်ကုန်အနေနဲ့ Lego အုတ်ခဲပုံသဏ္ဍာန်ပါဝင်တဲ့ "Brick Clogs"တွေကို စတင်မိတ်ဆက် ခဲ့ပါတယ်။ အဲဒီဖိနပ်တွေရဲ့ထူးခြားချက်ကတော့ ဖိနပ်တစ်ရံချင်းစီမှာ Lego မီနီဖန် (Minifigure) တစ်ခု" ပါဝင်မယ် လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ဖိနပ်တွေကို ကလေး၊ လူကြီး မရွေး ဝယ်ယူစုဆောင်းနိုင်တဲ့ပစ္စည်းတစ်ခုအဖြစ် ရည်ရွယ်ထားပေမယ့် လက်ရှိ ပထမဆုံးထုတ်လုပ်မှုကိုတော့ လူကြီးဆိုက် အရွယ်အစားတွေနဲ့သာ ရောင်းချပေး သွားမယ်လို့ သိရပါတယ်။ အဲဒီ Lego Crocs ဖိနပ်တွေကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှစ တစ်ကမ္ဘာလုံးမှာ စတင်ဖြန့်ဖြူးရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁၅၀၊ စင်ကာပူဒေါ်လာ ၂၉၉.၉၅ ရှိမယ်လို့ ဆိုပါတယ်။
ကိုဗစ် ကပ်ရောဂါကာလအတွင်း သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ခေတ်စားလာမှုကြောင့် Crocs ဟာ ဝယ်ယူဝတ်ဆင်သူ များပြားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဝင်ငွေ ၅၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီ ဟာ အဲဒီအရှိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ပိုစ့်မလုံး၊ ဘလန်ဆီဂါ စတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းခဲ့သလို ယခုအခါမှာလည်း Lego နဲ့ ထပ်မံလက်တွဲလိုက်တာပဲဖြစ်ပါတယ်။

Zawgyi Version:
လိေမၼာ္ေရာင္အုတ္ခဲပုံစံနဲ႔ Lego Crocs ဖိနပ္မ်ား ထြက္ရွိလာဖြယ္ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၆
Lego ဂိမ္း ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုပါပဲ။ မၾကာမီအခ်ိန္အတြင္း စိတ္ႀကိဳက္ ေရာင္စုံ အုတ္ခဲပုံစံ Crocs ဖိနပ္ေတြကို ဖက္ရွင္အေနနဲ႔ ဝတ္ဆင္ႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။ နာမည္ႀကီးဖိနပ္ အမွတ္ တံဆိပ္ Crocs ဟာ ဒိန္းမတ္အ႐ုပ္ထုတ္လုပ္သူ Lego နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ႏွစ္ရွည္ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
Crocs ဟာ Lego နဲ႔ ႏွစ္ရွည္သေဘာတူညီခ်က္တစ္ခုအျဖစ္ ပူးေပါင္းၿပီး ေဖာက္သည္အသစ္ေတြကို ခ်ိတ္ဆက္ဖို႔ ရည္႐ြယ္တဲ့အေနနဲ႔ Lego ပုံစံဖိနပ္ေတြ စတင္ထုတ္လုပ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ယခုပူးေပါင္း ေဆာင္႐ြက္မႈရဲ႕ပထမဆုံးထုတ္ကုန္အေနနဲ႔ Lego အုတ္ခဲပုံသ႑ာန္ပါဝင္တဲ့ "Brick Clogs"ေတြကို စတင္မိတ္ဆက္ ခဲ့ပါတယ္။ အဲဒီဖိနပ္ေတြရဲ႕ထူးျခားခ်က္ကေတာ့ ဖိနပ္တစ္ရံခ်င္းစီမွာ Lego မီနီဖန္ (Minifigure) တစ္ခု" ပါဝင္မယ္ လို႔ သိရပါတယ္။ ကုမၸဏီအေနနဲ႔ ဖိနပ္ေတြကို ကေလး၊ လူႀကီး မေ႐ြး ဝယ္ယူစုေဆာင္းႏိုင္တဲ့ပစၥည္းတစ္ခုအျဖစ္ ရည္႐ြယ္ထားေပမယ့္ လက္ရွိ ပထမဆုံးထုတ္လုပ္မႈကိုေတာ့ လူႀကီးဆိုက္ အ႐ြယ္အစားေတြနဲ႔သာ ေရာင္းခ်ေပး သြားမယ္လို႔ သိရပါတယ္။ အဲဒီ Lego Crocs ဖိနပ္ေတြကို လာမယ့္ ေဖေဖာ္ဝါရီလ ၁၆ ရက္မွစ တစ္ကမာၻလုံးမွာ စတင္ျဖန႔္ျဖဴးေရာင္းခ်မွာျဖစ္ၿပီး ေဈးႏႈန္းအေနနဲ႔ကေတာ့ အေမရိကန္ေဒၚလာ ၁၅၀၊ စင္ကာပူေဒၚလာ ၂၉၉.၉၅ ရွိမယ္လို႔ ဆိုပါတယ္။
ကိုဗစ္ ကပ္ေရာဂါကာလအတြင္း သက္ေတာင့္သက္သာရွိတဲ့ အဝတ္အစားေတြ ေခတ္စားလာမႈေၾကာင့္ Crocs ဟာ ဝယ္ယူဝတ္ဆင္သူ မ်ားျပားခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ ဝင္ေငြ ၅၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။ ကုမၸဏီ ဟာ အဲဒီအရွိန္ကို ဆက္လက္ထိန္းသိမ္းဖို႔ ပိုစ့္မလုံး၊ ဘလန္ဆီဂါ စတဲ့ နာမည္ႀကီးပုဂၢိဳလ္ေတြ၊ အမွတ္တံဆိပ္ေတြနဲ႔ ပူးေပါင္းခဲ့သလို ယခုအခါမွာလည္း Lego နဲ႔ ထပ္မံလက္တြဲလိုက္တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.