ကိုရီးယား–မြန်မာ ချစ်ကြည်ရေး နှစ် (၅၀)ပြည့် အထိမ်းအမှတ်အဖြစ် “Super Together Concert” ကို ဖေဖော်ဝါရီ (၂၈) ရက်တွင် ကျင်းပမည်

 423

စိမ့်(NP News)-ဇန်နဝါရီ ၂၆
ကိုရီးယား–မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ် (၅၀) ပြည့်အထိမ်းအမှတ်အဖြစ် ကိုရီးယားနှင့် မြန်မာ အဆိုတော်များ အတူတကွ ဖန်တီးတင်ဆက်သွားမည့် “Super Together Concert” ကို ဖေဖော်ဝါရီလ (၂၈) ရက်တွင် Thuwunna National Indoor Stadium၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “Super Together Concert” နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ (ဇန်နဝါရီ ၂၆ရက်) ညနေ (၃) နာရီတွင် Summit Park View ဟိုတယ်၊ Grand Ballroom တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ ပါဝင်တင်ဆက်မည့် အနုပညာရှင်များဖြစ်သည့် ရတနာမိုင်၊ လွှမ်းပိုင်၊ DJ Mari Jane၊ DJ Luke နှင့် MC Hence တို့ တတ်ရောက်ခဲ့ကြသည်။
(၂၀၂၅) ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ယနေ့အထိ အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်သော မြန်မာပြည်သူများအတွက် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်များ ပေးဝေရန် ရည်ရွယ်ကာ ယင်းဖျော်ဖြေပွဲမှ ရရှိလာသော အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတစ်ခေါက် လှူဒါန်းမဲ့ဟာက မြန်မာမှာလည်း ငလျင်ဘေးဖြစ်ပေါ်လာတာကိုလည်း သိထားတာဖြစ်တဲ့အတွက်ကြောင့် ဒီပွဲကရရှိတဲ့အမြတ်ငွေတစိတ်တပိုင်းကို ပြန်လည်ပြီးတော့ လှူဒါန်းမယ်ဆိုတဲ့စိတ်ကူးလေးပေါ်ပေါက်လာတာ”ဟု ပွဲစီစဉ်သူ Mr.Cho Sung-woo က ပြောကြားသည်။
ယင်းပွဲနှင့် ပတ်သက်၍ လာရောက် အားပေးရန် ဖိတ်ခေါ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အဆိုတော် ရတနာမိုင် က ပြောသည်။
“ဒီပွဲကနေ ရလာတဲ့ အမြတ်ငွေတစိတ်တပိုင်းကိုလည်း မိုင်လေးတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဒီငလျင်ဘေးရန်ပုံငွေအတွက်ကို မိုင်လေးတို့က ဒီမှာ ကိုရီးယားက organizerအစ်ကိုကြီးကလည်း လှူဒါန်းပေးမယ်လို့ ကြားသိရတဲ့အတွက်ကိုလည်း ဒီမြန်မာနိုင်ငံကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပွဲမှာ လာရောက်ပြီးတော့ အားပေးကြဖို့ကိုလည်း ဒီနေရာကဖိတ်ခေါ်ပါတယ်”ဟု ၎င်းက ပြောသည်။

Zawgyi Version:
ကိုရီးယား–ျမန္မာ ခ်စ္ၾကည္ေရး ႏွစ္ (၅၀)ျပည့္ အထိမ္းအမွတ္အျဖစ္ “Super Together Concert” ကို ေဖေဖာ္ဝါရီ (၂၈) ရက္တြင္ က်င္းပမည္
စိမ့္(NP News)-ဇန္နဝါရီ ၂၆
ကိုရီးယား–ျမန္မာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး ႏွစ္ (၅၀) ျပည့္အထိမ္းအမွတ္အျဖစ္ ကိုရီးယားႏွင့္ ျမန္မာ အဆိုေတာ္မ်ား အတူတကြ ဖန္တီးတင္ဆက္သြားမည့္ “Super Together Concert” ကို ေဖေဖာ္ဝါရီလ (၂၈) ရက္တြင္ Thuwunna National Indoor Stadium၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ “Super Together Concert” ႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲကို ယေန႔ (ဇန္နဝါရီ ၂၆ရက္) ညေန (၃) နာရီတြင္ Summit Park View ဟိုတယ္၊ Grand Ballroom တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး ျမန္မာဘက္မွ ပါဝင္တင္ဆက္မည့္ အႏုပညာရွင္မ်ားျဖစ္သည့္ ရတနာမိုင္၊ လႊမ္းပိုင္၊ DJ Mari Jane၊ DJ Luke ႏွင့္ MC Hence တို႔ တတ္ေရာက္ခဲ့ၾကသည္။
(၂၀၂၅) ခုႏွစ္ မတ္လအတြင္း ျဖစ္ပြားခဲ့သည့္ ငလ်င္ေဘးဒဏ္ေၾကာင့္ ယေန႔အထိ အခက္အခဲမ်ား ႀကဳံေတြ႕ေနရဆဲျဖစ္ေသာ ျမန္မာျပည္သူမ်ားအတြက္ ႏွစ္သိမ့္မႈႏွင့္ ေမွ်ာ္လင့္ခ်က္မ်ား ေပးေဝရန္ ရည္႐ြယ္ကာ ယင္းေဖ်ာ္ေျဖပြဲမွ ရရွိလာေသာ အက်ိဳးအျမတ္ တစ္စိတ္တစ္ပိုင္းကို လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီတစ္ေခါက္ လႉဒါန္းမဲ့ဟာက ျမန္မာမွာလည္း ငလ်င္ေဘးျဖစ္ေပၚလာတာကိုလည္း သိထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီပြဲကရရွိတဲ့အျမတ္ေငြတစိတ္တပိုင္းကို ျပန္လည္ၿပီးေတာ့ လႉဒါန္းမယ္ဆိုတဲ့စိတ္ကူးေလးေပၚေပါက္လာတာ”ဟု ပြဲစီစဥ္သူ Mr.Cho Sung-woo က ေျပာၾကားသည္။
ယင္းပြဲႏွင့္ ပတ္သက္၍ လာေရာက္ အားေပးရန္ ဖိတ္ေခၚေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ အဆိုေတာ္ ရတနာမိုင္ က ေျပာသည္။
“ဒီပြဲကေန ရလာတဲ့ အျမတ္ေငြတစိတ္တပိုင္းကိုလည္း မိုင္ေလးတို႔ျမန္မာႏိုင္ငံမွာျဖစ္ေပၚခဲ့တဲ့ ဒီငလ်င္ေဘးရန္ပုံေငြအတြက္ကို မိုင္ေလးတို႔က ဒီမွာ ကိုရီးယားက organizerအစ္ကိုႀကီးကလည္း လႉဒါန္းေပးမယ္လို႔ ၾကားသိရတဲ့အတြက္ကိုလည္း ဒီျမန္မာႏိုင္ငံကိုယ္စား ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီပြဲမွာ လာေရာက္ၿပီးေတာ့ အားေပးၾကဖို႔ကိုလည္း ဒီေနရာကဖိတ္ေခၚပါတယ္”ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.