မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေး

 491

Pearl (NP News) - ဇန်နဝါရီ ၂၇

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်) ၊ မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားလျက်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးများ နှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ - ထိုင္းနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ေဆြးေႏြး
Pearl (NP News) - ဇန္နဝါရီ ၂၇
ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းသည္ တာဝန္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာေတာ့မည့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီး H.E. Mr. Mongkol Visitstump အား ယမန္ေန႔ (ဇန္နဝါရီ ၂၆ ရက္) ၊ မြန္းလြဲပိုင္းတြင္ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး သံတမန္ေဆာင္ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံအစိုးရႏွင့္တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာမ်ား၊ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္ ျဖစ္ပြားလ်က္ရွိသည့္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈမ်ား၊ မူးယစ္ေဆးဝါးမ်ား ႏွင့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အမ်ိဳးသားေရး တာဝန္တစ္ရပ္အေနျဖင့္ ေဆာင္႐ြက္လ်က္ရွိမႈတို႔ႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ကုန္စည္စီးဆင္းမႈမ်ား ျပန္လည္ေကာင္းမြန္ေရးအတြက္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ႏွစ္ႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့မႈအေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.