အမေရိကန်မှာ လူ(၈)ဦးလိုက်ပါလာတဲ့ ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျ

295
Pika (NP News) - ဇန်နဝါရီ ၂၇
လူ(၈)ဦးလိုက်ပါလာတဲ့ ပုဂ္ဂလိကလေယာဉ်တစ်စီးဟာ အမေရိကန်နိုင်ငံ မိန်းပြည်နယ် ဘန်ဂေါနိုင်ငံတကာလေဆိပ်ကနေ ပျံတက်စဉ်အချိန်အတွင်း ပျက်ကျခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ Bombardier Challenger 600လေယာဉ်ဟာ ပျံတက်ပြီးနောက်မကြာမီပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာလိုက်ပါလာသူတွေရဲ့အခြေအနေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်းသိရပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့တို့က ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။အမေရိကန်ရဲ့ အခြားဒေသများစွာအပြင် မိန်းပြည်နယ်မှာ နှင်းမုန်တိုင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရစဉ်အချိန်အတွင်း ယခုလိုလေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အဲ့ဒီဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လေဆိပ်ကို ပိတ်ထားခဲ့ရပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိနေပြီလို့လည်း လေဆိပ်ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi Version:
အေမရိကန္မွာ လူ(၈)ဦးလိုက္ပါလာတဲ့ ပုဂၢလိကေလယာဥ္တစ္စီးပ်က္က်
Pika (NP News) - ဇန္နဝါရီ ၂၇
လူ(၈)ဦးလိုက္ပါလာတဲ့ ပုဂၢလိကေလယာဥ္တစ္စီးဟာ အေမရိကန္ႏိုင္ငံ မိန္းျပည္နယ္ ဘန္ေဂါႏိုင္ငံတကာေလဆိပ္ကေန ပ်ံတက္စဥ္အခ်ိန္အတြင္း ပ်က္က်ခဲ့တယ္လို႔ ဖက္ဒရယ္ေလေၾကာင္းလိုင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ Bombardier Challenger 600ေလယာဥ္ဟာ ပ်ံတက္ၿပီးေနာက္မၾကာမီပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚမွာလိုက္ပါလာသူေတြရဲ႕အေျခအေနကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္းသိရပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဖက္ဒရယ္ေလေၾကာင္းလိုင္းအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ အမ်ိဳးသားသယ္ယူပို႔ေဆာင္ေရးေဘးကင္းေရးဘုတ္အဖြဲ႕တို႔က ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။အေမရိကန္ရဲ႕ အျခားေဒသမ်ားစြာအျပင္ မိန္းျပည္နယ္မွာ ႏွင္းမုန္တိုင္းတိုက္ခတ္မႈကို ႀကဳံေတြ႕ခဲ့ရစဥ္အခ်ိန္အတြင္း ယခုလိုေလယာဥ္ပ်က္က်မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အဲ့ဒီျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ ေလဆိပ္ကို ပိတ္ထားခဲ့ရၿပီး အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ေတြက အခင္းျဖစ္ပြားရာေနရာကိုေရာက္ရွိေနၿပီလို႔လည္း ေလဆိပ္ကထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။