နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှု ရှိ/မရှိကို စစ်ဆေး သိရှိနိုင် ရန် ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား

480

Pearl (NP News)-ဇန်နဝါရီ ၂၇
နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ/မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင် ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv)ကို ၁၉၉၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ ဤရောဂါကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း စတင်တွေ့ရှိခဲ့ကာ အဆိုပါ နိုင်ငံတွင် နှစ်စဉ်နီးပါး ရောဂါဖြစ်ပွားမှုများ ရှိကြောင်းသိရပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များတွင်လည်း ရောဂါဖြစ်ပွားမှုများရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်မှုများကို တွေ့ရှိရခြင်းမရှိသော် လည်း မူလလက်ခံကောင်လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများပေါ များစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှု အခြေအနေအား မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းလည်း သိရသည်။
လတ်တလော ရောဂါဖြစ်ပွားရာ ဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ အထူးသဖြင့် အနောက်ဘင်္ဂလားဒေသ (West Bengal) မှ ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့်နိုင်ငံတွင်းသို့ ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရေး ရောဂါ စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများအား အထူးအလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ ယခုအခါ အနောက် ဘင်္ဂလား ပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားရန်၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း သံသယ ရောဂါ လက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စမ်းသပ်စစ်ဆေးကုသမှုများ ကို အချိန်မီ ခံယူရန်၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေသည်ကိုတွေ့ရှိရပါက လည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရန် လည်း သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်ထိ နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့် အလားတူလက္ခဏာများဖြင့် ဆေးရုံ တက်ရောက်မှု ဖြစ်စဉ်များ မရှိသေးကြောင်း သိရပြီး သံသယလူနာများတွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ/မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင် ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားကာ ပြည်သူ့ဆေးရုံများရှိ ကူးစက်ရောဂါလူနာဆောင်များတွင် လိုအပ် သည့် ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ရေးအတွက် နီပါးဗိုင်းရပ်စ်ကိုတိုက်ရိုက်သတ်နိုင် သောဆေးမပေါ် ပေါက်သေးသော်လည်း ဝေဒနာသက်သာစေရန် (Supportive Care) ရောဂါကုထုံးများဖြင့် ကုသပေးနိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် လူသားများ၏ ကျန်းမာရေး၊ တိရိစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။

Zawgyi Version:
နီပါးရ္ဗိုင္းရပ္စ္ကူးစက္မႈ ရွိ/မရွိကို စစ္ေဆး သိရွိႏိုင္ ရန္ ဓာတ္ခြဲမႈဆိုင္ရာဌာနတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ ထား
Pearl (NP News)-ဇန္နဝါရီ ၂၇
နီပါးရ္ဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈရွိ/မရွိကို ဓာတ္ခြဲစစ္ေဆး သိရွိႏိုင္ ရန္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ ထားရွိၿပီးျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထားသည္။
နီပါးရ္ဗိုင္းရပ္စ္ (Nipah virus-Niv)ကို ၁၉၉၉ ခုႏွစ္ကတည္းက မေလးရွားႏိုင္ငံတြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္၍ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုးကဲ့သို႔ အသစ္ေပၚေပါက္လာသည့္ ဗိုင္းရပ္စ္ပိုးမဟုတ္ဘဲ ဤေရာဂါကို ၂၀၀၁ ခုႏွစ္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌လည္း စတင္ေတြ႕ရွိခဲ့ကာ အဆိုပါ ႏိုင္ငံတြင္ ႏွစ္စဥ္နီးပါး ေရာဂါျဖစ္ပြားမႈမ်ား ရွိေၾကာင္းသိရၿပီး အိႏၵိယႏိုင္ငံ အေရွ႕ပိုင္းေဒသ မ်ားတြင္လည္း ေရာဂါျဖစ္ပြားမႈမ်ားရွိေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္ ယေန႔အထိ နီပါးရ္ဗိုင္းရပ္စ္ ကူးစက္ျဖစ္မႈမ်ားကို ေတြ႕ရွိရျခင္းမရွိေသာ္ လည္း မူလလက္ခံေကာင္လင္းႏို႔မ်ိဳးစိတ္ျဖစ္သည့္ သစ္သီးစားလင္းႏို႔/လင္းဆြဲမ်ားေပါ မ်ားစြာ တည္ရွိရာေဒသျဖစ္ၿပီး ကူးစက္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိသည့္ ေဒသတြင္း ႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနသည့္အတြက္ နီပါးရ္ဗိုင္းရပ္စ္ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အထူးအေလးေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ေဒသတြင္းႏိုင္ငံမ်ားတြင္ နီပါးရ္ဗိုင္းရပ္စ္ေရာဂါႏွင့္ အျခားကူးစက္ေရာဂါမ်ား ျဖစ္ပြားမႈ အေျခအေနအား မ်က္ေျခမျပတ္ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေၾကာင္းလည္း သိရသည္။
လတ္တေလာ ေရာဂါျဖစ္ပြားရာ ေဒသျဖစ္သည့္ အိႏၵိယႏိုင္ငံ အထူးသျဖင့္ အေနာက္ဘဂၤလားေဒသ (West Bengal) မွ ျပန္လည္ ဝင္ေရာက္လာသူမ်ားမွတစ္ဆင့္ႏိုင္ငံတြင္းသို႔ ေရာဂါကူးစက္ ျဖစ္ပြားမႈ မရွိေစေရး ေရာဂါ ေစာင့္ၾကပ္ ၾကည့္ရႈေရးလုပ္ငန္းမ်ားအား အထူးအေလးထား၍ အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ လတ္တေလာ နီပါးရ္ဗိုင္းရပ္စ္ေရာဂါျဖစ္ပြားေနသည့္ေဒသမ်ား (ဥပမာ ယခုအခါ အေနာက္ ဘဂၤလား ျပည္နယ္) သို႔ မလိုအပ္ဘဲခရီးမသြားရန္၊ ေရာဂါျဖစ္ပြားရာေဒသမွ ျပန္လာၿပီး (၁၄) ရက္အတြင္း သံသယ ေရာဂါ လကၡဏာမ်ားခံစားရပါက ခ်က္ခ်င္းနီးစပ္ရာ က်န္းမာေရးဌာနသို႔ ဆက္သြယ္၍ စမ္းသပ္စစ္ေဆးကုသမႈမ်ား ကို အခ်ိန္မီ ခံယူရန္၊ ေနထိုင္ရာပတ္ဝန္းက်င္တြင္ တိရစာၦန္မ်ား (ဝက္/လင္းႏို႔)တို႔ ထူးထူးျခားျခား ေသဆုံးေနသည္ကိုေတြ႕ရွိရပါက လည္းေကာင္း နီးစပ္ရာ က်န္းမာေရးဌာနသို႔ ခ်က္ခ်င္းအသိေပးအေၾကာင္းၾကားရန္ လည္း သတိေပးထားသည္။
ျမန္မာႏိုင္ငံတြင္ ယခုအခ်ိန္ထိ နီပါးရ္ဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈႏွင့္ အလားတူလကၡဏာမ်ားျဖင့္ ေဆး႐ုံ တက္ေရာက္မႈ ျဖစ္စဥ္မ်ား မရွိေသးေၾကာင္း သိရၿပီး သံသယလူနာမ်ားတြင္ နီပါးရ္ဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈရွိ/မရွိကို ဓာတ္ခြဲစစ္ေဆး သိရွိႏိုင္ ရန္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ ထားကာ ျပည္သူ႔ေဆး႐ုံမ်ားရွိ ကူးစက္ေရာဂါလူနာေဆာင္မ်ားတြင္ လိုအပ္ သည့္ ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ နီပါးဗိုင္းရပ္စ္ကိုတိုက္႐ိုက္သတ္ႏိုင္ ေသာေဆးမေပၚ ေပါက္ေသးေသာ္လည္း ေဝဒနာသက္သာေစရန္ (Supportive Care) ေရာဂါကုထုံးမ်ားျဖင့္ ကုသေပးႏိုင္ေရးအတြက္ လိုအပ္သည့္ ေဆးဝါးႏွင့္ ေဆးပစၥည္း ကိရိယာမ်ားႏွင့္ ပတ္သက္သည့္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ လူသားမ်ား၏ က်န္းမာေရး၊ တိရိစာၦန္က်န္းမာေရး၊ ပတ္ဝန္းက်င္က်န္းမာေရး တို႔ကို သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားႏွင့္ပူးေပါင္း၍ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္း မ်ားကို ပူးေပါင္းေဆာင္႐ြက္လ်က္ရွိ ေၾကာင္းလည္း သိရသည္။