ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် ဆန္ဒမဲလာရောက်ပေးသူ (၁၃ ဒသမ ၁၄ ) သန်းကျော်ဖြင့် (၅၄) ရာခိုင်နှုန်းခန့်ရှိခဲ့

339

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၇
ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် ဆန္ဒမဲလာရောက်ပေးသူ (၁၃ ဒသမ ၁၄ ) သန်းကျော်ဖြင့် (၅၄) ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇန်နဝါရီ ၂၆ ရက်)က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှု နှင့်ပတ်သက်၍ ပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် အပိုင်း (၁)အဖြစ် မြို့နယ် ပေါင်း (၁၀၂) မြို့နယ်တွင်လည်းကောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် အပိုင်း (၂) အဖြစ်မြို့နယ်ပေါင်း (၁၀၀) မြို့နယ်တွင်လည်းကောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် အပိုင်း (၃) အဖြစ် မြို့နယ်ပေါင်း (၆၁)မြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“မြို့နယ်စုစုပေါင်း (၂၆၃) မြို့နယ်မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၃) နယ်။ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၃) နယ်။ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် (၂၆) နယ်။ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၅၅) နယ်။ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် (၄၂) နယ်နဲ့ တိုင်း ဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉) နယ်တို့ကို ရွေးကောက်တင် မြောက်ခဲ့တာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် ပါတီစုံဒီမြို့ကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက် (၂၄ ဒသမ ၂၂ )သန်းကျော် ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“အဲဒီအထဲမှာမှ ရွေးကောက်ပွဲအပိုင်း (၁) မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၁ ဒသမ ၆၉ )သန်းကျော်မှာ လာရောက်ဆန္ဒမဲပေးသူ ( ၆ ဒသမ ၀၉) သန်းကျော်ရှိပြီး (၅၂ ဒသမ ၁၃) ရာခိုင်နှုန်းမဲပေးပါတယ်။ရွေးကောက်ပွဲအပိုင်း (၂) မှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူဦးရေ (၇ ဒသမ ၅၉ )သန်းကျော် ရှိပြီး လာရောက်ဆန္ဒမဲပေးသူ ( ၄ ဒသမ ၂၄)သန်းကျော်ရှိပြီး မဲပေးမှုရာခိုင်နှုန်းကတော့ (၅၅ ဒသမ ၉၅) ရာခိုင်နှုန်း ခန့်ရှိ ပါတယ်။ ရွေးကောက်ပွဲအပိုင်း (၃) မှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ( ၄ ဒသမ ၉၄ )သန်းကျော်ထဲကနေ လာရောက်ဆန္ဒမဲပေးသူ ( ၂ ဒသမ ၇၉) သန်းကျော်ရှိတဲ့အတွက် (၅၆ ဒသမ ၄၈ ) ရာခိုင်နှုန်းရှိပါတယ်။ မဲပေးမှုဟာ အပိုင်း (၁) (၂) (၃) မှာ ကျွန်တော်တို့ တဖြည်းဖြည်းများပြားလာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးမှာ လာရောက်ဆန္ဒမဲပေးတဲ့ မဲဆန္ဒရှင်အရေအတွက်စုစုပေါင်း (၁၃ ဒသမ ၁၄ ) သန်းကျော်ဖြစ်ပြီး လာရောက် ဆန္ဒမဲပေးတဲ့ ရာခိုင်နှုန်းစုစုပေါင်း ( ၅၄) ရာခိုင်နှုန်းကျော် (၅၄) ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကော်ပွဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ရုရှား၊ ဘီလာရု၊ တရုတ်၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ နီကာရာဂွါနဲ့ Japan-Myanmar association တို့နဲ့ စုစုပေါင်း နိုင်ငံ (၈)နိုင်၊ အဖွဲအစည်း (၁) ခုဖြစ်ပြီး ကိုယ်စားလှယ် (၃၂) ဦးလေ့လာခဲ့ကြပါတယ်။ ရွေးကောက်ပွဲအပိုင်း (၂) မှာတော့ အချိန်ကန့်သတ်ချက်အရ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့တွေ လာရောက်နိုင်ခြင်းမရှိပဲနဲ့ မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လေ့လာခဲ့ ကြတာကိုတွေ့ရပါတယ်။ ရွေးကောက်ပွဲအပိုင်း (၃) မှာတော့ ဘီလာရု၊ ကမ္ဘောဒီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ နီဂါရာဂွါ၊ အန္ဒိယနဲ့ International Conference of Asian Political Parties စတဲ့ နိုင် (၇) နိုင်ငံနဲ့ အဖွဲ့အစည်း (၁) ခုက နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
လာရောက်လေ့လာစောင့်ကြည့်သည့်အဖွဲ့များထံမှလည်း အပြုသဘောဆောင်သည့် မှတ်ချက်များ ရရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံး (၁၄) ရုံးက ကိုယ်စားလှယ် (၁၃၃) ဦးတို့ကလည်း ရွေးကောက်ပွဲအပိုင်းများအားလုံးမှာ စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း(၁) မှာ နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း (၆၁) ခုက သတင်းမီဒီယာ သတင်းထောက် (၂၁၅) ဦး။ အပိုင်း (၂) မှာ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်း (၃၅)ခုက သတင်းမီဒီယာသမား (၁၀၁) ဦးနဲ့ အပိုင်း (၃) မှာ နိုင်ငံသတင်းမီဒီယာအဖွဲ့အစည်း (၄၁)ခုမှ သတင်းမီဒီယာသမား (၁၃၅) ဦးတို့က ရွေးကောက်ပွဲဆိုင်ရာသတင်းတွေကို အသီးသီး လွတ်လပ်စွာရယူခဲ့ပါတယ်။ ဒါအပြင် ပြည်တွင်းသတင်းမီဒီယာ (၅၂) ဖွဲ့က သတင်းမီဒီယာသမား (၁၁၇၇) ဦးတို့ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လေ့လာစောင့်ကြည့်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ မိဘပြည်သူ့များအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းများကို အားလုံးနေရာအနှံ့သိနေရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယခုလို နိုင်ငံတော်အစိုးရနဲ့ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကိုရွေးချယ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အားတက်သရောဆောင်ရွက်နေတဲ့အချိန်မှာပဲ ဒီမိုကရေစီကိုမလိုလားတဲ့ အကြမ်းဖက် အဖျက်သမားသောင်းကြမ်းသူအုပ်စုတွေကတော့ ရွေးကောက်ပွဲအထမမြောက်စေဖို့ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်တွေ မဲရုံတွေကိုမသွားနိုင်ဖို့ ဖွင့်လှစ်ထားတဲ့မဲရုံတွေ ပျက်စီးဆုံးရှုံးစေဖို့နဲ့ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်တွေ ထိတ်လန့်တုန်လှုပ်စေဖို့ စတဲ့ ရုတ်မာရိုင်းစိုင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အဝေးကနေ
ထို့ပြင် ရွေးကောက်ပွဲကျင်းပနေစဉ် အကြမ်းဖက်အဖွဲ့များက လက်လုပ်လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ လက်လုပ်လျှော့ တိုက်ဒုန်းများဖြင့် ပစ်ခတ်နှောက်ယှက်ခြင်းများကိုလည်းလုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“အသံမိုင်းဖောက်ခွဲပြီး မဲရုံတွေကို လာတဲ့ကြိုပို့ယာဉ်တွေကို တားဆီးတာတွေ ခြိမ်းခြောက်စာတွေပို့တာအပြင် စတဲ့ခြိမ်းခြောက် မှုတွေအပြင် Drone တွေနဲ့ Drop Bomb ချတာတွေ Fixed wing တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မဟုတ်မမှန်သတင်းဖြန့် ဝေခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
အလားတူ ရွေးကောက်ပွဲပချိန်အတွင်း အကြမ်းဖက်အဖွဲ့များက နှောက်ယှက်ဟန့်တားဖျက်ဆီးမှု (၃၄)ကြိမ် လုပ်ဆောင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပချိန်မှာ မြို့နယ်ပေါင်း (၁၃) မြို့နယ်မှာ နှောက်ယှက်ဟန့်တားဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၂) ဆောင်ရွက်ချိန်မှာတော့ မြို့နယ်ပေါင်း (၁၀) မြို့နယ်မှာ နှောက်ယှက်ဟန့်တားဖျက်ဆီးမှု တွေလုပ်ဆောင်ခဲ့ ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပချိန်မှာလည်း မြို့နယ်ပေါင်း (၁၁) မြို့နယ်မှာ နှောက်ယှက်ဟန့်တားဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်း (၂) ဦးသေဆုံးခဲ့ရပြီး နိုင်ငံ့ဝန်ထမ်း (၂) ဦးနဲ့ အပြစ်မဲ့အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအပိုင္း (၃) ပိုင္းလုံးတြင္ ဆႏၵမဲလာေရာက္ေပးသူ (၁၃ ဒသမ ၁၄ ) သန္းေက်ာ္ျဖင့္ (၅၄) ရာခိုင္ႏႈန္းခန႔္ရွိခဲ့
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၇
ေ႐ြးေကာက္ပြဲအပိုင္း (၃) ပိုင္းလုံးတြင္ ဆႏၵမဲလာေရာက္ေပးသူ (၁၃ ဒသမ ၁၄ ) သန္းေက်ာ္ျဖင့္ (၅၄) ရာခိုင္ႏႈန္းခန႔္ရွိခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဇန္နဝါရီ ၂၆ ရက္)က ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္မႈ ႏွင့္ပတ္သက္၍ ေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ အပိုင္း (၁)အျဖစ္ ၿမိဳ႕နယ္ ေပါင္း (၁၀၂) ၿမိဳ႕နယ္တြင္လည္းေကာင္း ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၁ ရက္တြင္ အပိုင္း (၂) အျဖစ္ၿမိဳ႕နယ္ေပါင္း (၁၀၀) ၿမိဳ႕နယ္တြင္လည္းေကာင္း ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၅ ရက္တြင္ အပိုင္း (၃) အျဖစ္ ၿမိဳ႕နယ္ေပါင္း (၆၁)ၿမိဳ႕နယ္တို႔တြင္ က်င္းပခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ၿမိဳ႕နယ္စုစုေပါင္း (၂၆၃) ၿမိဳ႕နယ္မွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ က်င္းပျပဳလုပ္ခဲ့ ၿပီးျဖစ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲကေန ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၂၆၃) နယ္။ အမ်ိဳးသားလႊတ္ေတာ္မဲအမ်ားဆုံးရသူ အႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ (၇၃) နယ္။ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ (၂၆) နယ္။ တိုင္းေဒသႀကီးလႊတ္ေတာ္(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ (၂၅၅) နယ္။ တိုင္းေဒသႀကီးလႊတ္ေတာ္(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ (၄၂) နယ္နဲ႔ တိုင္း ေဒသႀကီးလႊတ္ေတာ္(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္ (၂၉) နယ္တို႔ကို ေ႐ြးေကာက္တင္ ေျမာက္ခဲ့တာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပါတီစုံဒီၿမိဳ႕ကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးႏိုင္သည့္ မဲဆႏၵရွင္အေရအတြက္ (၂၄ ဒသမ ၂၂ )သန္းေက်ာ္ ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“အဲဒီအထဲမွာမွ ေ႐ြးေကာက္ပြဲအပိုင္း (၁) မွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူဦးေရ (၁၁ ဒသမ ၆၉ )သန္းေက်ာ္မွာ လာေရာက္ဆႏၵမဲေပးသူ ( ၆ ဒသမ ၀၉) သန္းေက်ာ္ရွိၿပီး (၅၂ ဒသမ ၁၃) ရာခိုင္ႏႈန္းမဲေပးပါတယ္။ေ႐ြးေကာက္ပြဲအပိုင္း (၂) မွာေတာ့ ဆႏၵမဲေပးပိုင္ခြင့္ရွိသူလူဦးေရ (၇ ဒသမ ၅၉ )သန္းေက်ာ္ ရွိၿပီး လာေရာက္ဆႏၵမဲေပးသူ ( ၄ ဒသမ ၂၄)သန္းေက်ာ္ရွိၿပီး မဲေပးမႈရာခိုင္ႏႈန္းကေတာ့ (၅၅ ဒသမ ၉၅) ရာခိုင္ႏႈန္း ခန႔္ရွိ ပါတယ္။ ေ႐ြးေကာက္ပြဲအပိုင္း (၃) မွာေတာ့ ဆႏၵမဲေပးပိုင္ခြင့္ရွိသူဦးေရ ( ၄ ဒသမ ၉၄ )သန္းေက်ာ္ထဲကေန လာေရာက္ဆႏၵမဲေပးသူ ( ၂ ဒသမ ၇၉) သန္းေက်ာ္ရွိတဲ့အတြက္ (၅၆ ဒသမ ၄၈ ) ရာခိုင္ႏႈန္းရွိပါတယ္။ မဲေပးမႈဟာ အပိုင္း (၁) (၂) (၃) မွာ ကြၽန္ေတာ္တို႔ တျဖည္းျဖည္းမ်ားျပားလာတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲအပိုင္း (၃) ပိုင္းလုံးမွာ လာေရာက္ဆႏၵမဲေပးတဲ့ မဲဆႏၵရွင္အေရအတြက္စုစုေပါင္း (၁၃ ဒသမ ၁၄ ) သန္းေက်ာ္ျဖစ္ၿပီး လာေရာက္ ဆႏၵမဲေပးတဲ့ ရာခိုင္ႏႈန္းစုစုေပါင္း ( ၅၄) ရာခိုင္ႏႈန္းေက်ာ္ (၅၄) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း ေတြ႕ရွိရပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အလားတူ လြတ္လပ္၍တရားမွ်တမႈရွိေသာ ေ႐ြးေကာ္ပြဲျဖစ္ေၾကာင္း ေစာင့္ၾကည့္ေလ့လာႏိုင္ရန္ ျပည္တြင္းႏွင့္ ႏိုင္ငံတကာေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူမ်ားကိုလည္း ဖိတ္ေခၚခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ႏိုင္ငံတကာေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ေတြအေနနဲ႔ ေ႐ြးေကာက္ပြဲအပိုင္း (၁) မွာ ႐ုရွား၊ ဘီလာ႐ု၊ တ႐ုတ္၊ ကာဇတ္စတန္၊ ကေမာၻဒီးယား၊ အိႏၵိယ၊ ဗီယက္နမ္၊ နီကာရာဂြါနဲ႔ Japan-Myanmar association တို႔နဲ႔ စုစုေပါင္း ႏိုင္ငံ (၈)ႏိုင္၊ အဖြဲအစည္း (၁) ခုျဖစ္ၿပီး ကိုယ္စားလွယ္ (၃၂) ဦးေလ့လာခဲ့ၾကပါတယ္။ ေ႐ြးေကာက္ပြဲအပိုင္း (၂) မွာေတာ့ အခ်ိန္ကန႔္သတ္ခ်က္အရ ႏိုင္ငံတကာေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕ေတြ လာေရာက္ႏိုင္ျခင္းမရွိပဲနဲ႔ ျမန္မာႏိုင္ငံအေျခစိုက္သံ႐ုံးေတြက ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ေတြ ေလ့လာခဲ့ ၾကတာကိုေတြ႕ရပါတယ္။ ေ႐ြးေကာက္ပြဲအပိုင္း (၃) မွာေတာ့ ဘီလာ႐ု၊ ကေမာၻဒီးယား၊ နီေပါ၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ နီဂါရာဂြါ၊ အႏၵိယနဲ႔ International Conference of Asian Political Parties စတဲ့ ႏိုင္ (၇) ႏိုင္ငံနဲ႔ အဖြဲ႕အစည္း (၁) ခုက ႏိုင္ငံတကာေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ားလာေရာက္ခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
လာေရာက္ေလ့လာေစာင့္ၾကည့္သည့္အဖြဲ႕မ်ားထံမွလည္း အျပဳသေဘာေဆာင္သည့္ မွတ္ခ်က္မ်ား ရရွိခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ရန္ကုန္ၿမိဳ႕အေျခစိုက္ ႏိုင္ငံျခားသံ႐ုံး (၁၄) ႐ုံးက ကိုယ္စားလွယ္ (၁၃၃) ဦးတို႔ကလည္း ေ႐ြးေကာက္ပြဲအပိုင္းမ်ားအားလုံးမွာ ေစာင့္ၾကည့္ေလ့လာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲအပိုင္း(၁) မွာ ႏိုင္ငံတကာသတင္းမီဒီယာအဖြဲ႕အစည္း (၆၁) ခုက သတင္းမီဒီယာ သတင္းေထာက္ (၂၁၅) ဦး။ အပိုင္း (၂) မွာ ႏိုင္ငံတကာသတင္းမီဒီယာ အဖြဲ႕အစည္း (၃၅)ခုက သတင္းမီဒီယာသမား (၁၀၁) ဦးနဲ႔ အပိုင္း (၃) မွာ ႏိုင္ငံသတင္းမီဒီယာအဖြဲ႕အစည္း (၄၁)ခုမွ သတင္းမီဒီယာသမား (၁၃၅) ဦးတို႔က ေ႐ြးေကာက္ပြဲဆိုင္ရာသတင္းေတြကို အသီးသီး လြတ္လပ္စြာရယူခဲ့ပါတယ္။ ဒါအျပင္ ျပည္တြင္းသတင္းမီဒီယာ (၅၂) ဖြဲ႕က သတင္းမီဒီယာသမား (၁၁၇၇) ဦးတို႔ကလည္း ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြကို ေလ့လာေစာင့္ၾကည့္မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္းပဲ မိဘျပည္သူ႔မ်ားအေနနဲ႔ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ သတင္းမ်ားကို အားလုံးေနရာအႏွံ႔သိေနရမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ယခုလို ႏိုင္ငံေတာ္အစိုးရနဲ႔ျပည္သူလူထုက ဒီမိုကေရစီလမ္းေၾကာင္းကိုေ႐ြးခ်ယ္ၿပီး ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို အားတက္သေရာေဆာင္႐ြက္ေနတဲ့အခ်ိန္မွာပဲ ဒီမိုကေရစီကိုမလိုလားတဲ့ အၾကမ္းဖက္ အဖ်က္သမားေသာင္းၾကမ္းသူအုပ္စုေတြကေတာ့ ေ႐ြးေကာက္ပြဲအထမေျမာက္ေစဖို႔ မဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ေတြ မဲ႐ုံေတြကိုမသြားႏိုင္ဖို႔ ဖြင့္လွစ္ထားတဲ့မဲ႐ုံေတြ ပ်က္စီးဆုံးရႈံးေစဖို႔နဲ႔ လာေရာက္မဲေပးၾကတဲ့ မဲဆႏၵရွင္ေတြ ထိတ္လန႔္တုန္လႈပ္ေစဖို႔ စတဲ့ ႐ုတ္မာ႐ိုင္းစိုင္းတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ အေဝးကေန
ထို႔ျပင္ ေ႐ြးေကာက္ပြဲက်င္းပေနစဥ္ အၾကမ္းဖက္အဖြဲ႕မ်ားက လက္လုပ္လက္နက္ႀကီးမ်ား၊ လက္နက္ငယ္မ်ား၊ လက္လုပ္ေလွ်ာ့ တိုက္ဒုန္းမ်ားျဖင့္ ပစ္ခတ္ေႏွာက္ယွက္ျခင္းမ်ားကိုလည္းလုပ္ေဆာင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“အသံမိုင္းေဖာက္ခြဲၿပီး မဲ႐ုံေတြကို လာတဲ့ႀကိဳပို႔ယာဥ္ေတြကို တားဆီးတာေတြ ၿခိမ္းေျခာက္စာေတြပို႔တာအျပင္ စတဲ့ၿခိမ္းေျခာက္ မႈေတြအျပင္ Drone ေတြနဲ႔ Drop Bomb ခ်တာေတြ Fixed wing ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ မဟုတ္မမွန္သတင္းျဖန႔္ ေဝျခင္းေတြကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
အလားတူ ေ႐ြးေကာက္ပြဲပခ်ိန္အတြင္း အၾကမ္းဖက္အဖြဲ႕မ်ားက ေႏွာက္ယွက္ဟန႔္တားဖ်က္ဆီးမႈ (၃၄)ႀကိမ္ လုပ္ေဆာင္ခဲ့ၿပီး ႏိုင္ငံ့ဝန္ထမ္းတစ္ဦးေသဆုံးခဲ့ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာၾကားခဲ့သည္။
“ ေ႐ြးေကာက္ပြဲအပိုင္း (၁) က်င္းပခ်ိန္မွာ ၿမိဳ႕နယ္ေပါင္း (၁၃) ၿမိဳ႕နယ္မွာ ေႏွာက္ယွက္ဟန႔္တားဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ေ႐ြးေကာက္ပြဲအပိုင္း (၂) ေဆာင္႐ြက္ခ်ိန္မွာေတာ့ ၿမိဳ႕နယ္ေပါင္း (၁၀) ၿမိဳ႕နယ္မွာ ေႏွာက္ယွက္ဟန႔္တားဖ်က္ဆီးမႈ ေတြလုပ္ေဆာင္ခဲ့ ပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲအပိုင္း (၃) က်င္းပခ်ိန္မွာလည္း ၿမိဳ႕နယ္ေပါင္း (၁၁) ၿမိဳ႕နယ္မွာ ေႏွာက္ယွက္ဟန႔္တားဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့တာေတြ႕ရပါတယ္။ ဒီလိုအၾကမ္းဖက္လုပ္ေဆာင္မႈေတြေၾကာင့္ သစၥာရွိႏိုင္ငံ့ဝန္ထမ္း (၂) ဦးေသဆုံးခဲ့ရၿပီး ႏိုင္ငံ့ဝန္ထမ္း (၂) ဦးနဲ႔ အျပစ္မဲ့အရပ္သားျပည္သူ (၇) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။