ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့အားထောက်ခံခြင်းနှင့် ဂမ်ဘီယာနိုင်ငံမှာစွပ်စွဲချက်များအား ရှုံ့ချခြင်းဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့လယ်တွင်ပြုလုပ်

595

စိမ့်စမ်းရေ၊ ထိုက်စံ၊ သန့်မင်းအိမ် (NP News)-ဇန်နဝါရီ ၂၇
ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ အားထောက်ခံခြင်းနှင့် ဂမ်ဘီယာနိုင်ငံမှာစွပ်စွဲချက်များအား ရှုံ့ချခြင်းဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့လယ်ခေါင်ရှိ၊ မဟာဗန္ဓုလပန်းခြံရှေ့ ၊ ယာဉ်ရပ်နားကွင်း ၊ မြို့တော်ခန်းမရှေ့တွင် ယနေ့(ဇန်နဝါရီလ ၂၇ ရက်) မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်)မှ ဦးဆောင်၍ အခြားသော အမျိုးသားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် တရားမျှတမှုကို အလိုရှိ ကြသူများ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့သည်။
(ICJ)မှာ သွားရောက်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လျှောက်လဲချေပချက်တွေကို ထောက်ခံကြောင်းနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များအား ဆရာတော် အရှင်သုစိတ္တ၊ ဦးဝင်းကိုကိုလတ်နှင့် ဦးထိန်လင်းတို့ ဟောပြောခဲ့ရာ လာရောက်ဝန်းရံ ဆန္ဒဖော်ထုတ်သူ ရာနှင့်ချီရှိခဲ့ကြောင်း သိရသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲတွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေ” “လူမျိုးသုဉ်းသတ် ဖြတ်သည်ဟု မဟုတ်မမှန် စွပ်စွဲနေကြသူများအား အလိုမရှိ” နှင့် “လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု သက်သေခိုင်လုံခြင်းမရှိဘဲ စွပ်စွဲနေမှုများ ချက်ချင်းရပ်” ဖြင့် ကြွေးကြော်ခဲ့သည်။
“အဓိက ရည်ရွယ်ချက်ကတော့ နယ်သာလန်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJမှာ သွားရောက်ရင်ဆိုင်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးအစရှိသည့်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ဦးဇင်းတို့ဒီကနေ့ပွဲကို လုပ်ကြခြင်းဖြစ်တယ်”ဟု ဆရာတော် အရှင်သုစိတ္တက မိန့်ကြားခဲ့သည်။
ICJတွင် ဂမ်ဘီယာမှ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့အမှုနှင့်ပတ်သက်သည့် ကြားနာပွဲကို ဇန်နဝါရီ (၁၂) ရက်မှ (၂၉) ရက် အထိ ပြုလုပ်နေပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖြေရှင်းလျက်ရှိသည်။

Zawgyi Version:
ICJ ေရာက္ျမန္မာကိုယ္စားလွယ္အဖြဲ႕အားေထာက္ခံျခင္းႏွင့္ ဂမ္ဘီယာႏိုင္ငံမွာစြပ္စြဲခ်က္မ်ားအား ရႈံ႕ခ်ျခင္းဆႏၵထုတ္ေဖာ္ပြဲကို ရန္ကုန္ၿမိဳ႕လယ္တြင္ျပဳလုပ္
စိမ့္စမ္းေရ၊ ထိုက္စံ၊ သန႔္မင္းအိမ္ (NP News)-ဇန္နဝါရီ ၂၇
ICJ ေရာက္ျမန္မာကိုယ္စားလွယ္အဖြဲ႕ အားေထာက္ခံျခင္းႏွင့္ ဂမ္ဘီယာႏိုင္ငံမွာစြပ္စြဲခ်က္မ်ားအား ရႈံ႕ခ်ျခင္းဆႏၵထုတ္ေဖာ္ပြဲကို ရန္ကုန္ၿမိဳ႕လယ္ေခါင္ရွိ၊ မဟာဗႏၶဳလပန္းၿခံေရွ႕ ၊ ယာဥ္ရပ္နားကြင္း ၊ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ယေန႔(ဇန္နဝါရီလ ၂၇ ရက္) မြန္းလြဲ ၂ နာရီက က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါအခမ္းအနားကို မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ (ရန္ကုန္) ႏွင့္ အမ်ိဳးသားေရးညီအစ္ကိုေမာင္ႏွမမ်ား (ရန္ကုန္)မွ ဦးေဆာင္၍ အျခားေသာ အမ်ိဳးသားေရးအသင္းအဖြဲ႕မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈကို အလိုရွိ ၾကသူမ်ား ပါဝင္ ဆႏၵေဖာ္ထုတ္ခဲ့သည္။
(ICJ)မွာ သြားေရာက္ေျဖရွင္းေနတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕ရဲ႕ ေလွ်ာက္လဲေခ်ပခ်က္ေတြကို ေထာက္ခံေၾကာင္းႏွင့္ ဂမ္ဘီယာႏိုင္ငံ၏ မဟုတ္မမွန္စြပ္စြဲခ်က္မ်ားအား ဆရာေတာ္ အရွင္သုစိတၱ၊ ဦးဝင္းကိုကိုလတ္ႏွင့္ ဦးထိန္လင္းတို႔ ေဟာေျပာခဲ့ရာ လာေရာက္ဝန္းရံ ဆႏၵေဖာ္ထုတ္သူ ရာႏွင့္ခ်ီရွိခဲ့ေၾကာင္း သိရသည္။
ယင္းဆႏၵေဖာ္ထုတ္ပြဲတြင္ “ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဂုဏ္သိကၡာႏွင့္ တရားမွ်တေသာ အမွန္တရားအတြက္ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ ရင္ဆိုင္ေျဖရွင္းေနေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ေအာင္ျမင္ပါေစ” “လူမ်ိဳးသုဥ္းသတ္ ျဖတ္သည္ဟု မဟုတ္မမွန္ စြပ္စြဲေနၾကသူမ်ားအား အလိုမရွိ” ႏွင့္ “လူမ်ိဳးသုဥ္းသတ္ျဖတ္သည္ဟု သက္ေသခိုင္လုံျခင္းမရွိဘဲ စြပ္စြဲေနမႈမ်ား ခ်က္ခ်င္းရပ္” ျဖင့္ ေႂကြးေၾကာ္ခဲ့သည္။
“အဓိက ရည္႐ြယ္ခ်က္ကေတာ့ နယ္သာလန္ႏိုင္ငံမွာ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJမွာ သြားေရာက္ရင္ဆိုင္ေနတဲ့ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ေဒၚသီတာဦးအစရွိသည့္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ဦးဇင္းတို႔ဒီကေန႔ပြဲကို လုပ္ၾကျခင္းျဖစ္တယ္”ဟု ဆရာေတာ္ အရွင္သုစိတၱက မိန႔္ၾကားခဲ့သည္။
ICJတြင္ ဂမ္ဘီယာမွ ျမန္မာႏိုင္ငံကို စြဲဆိုထားတဲ့အမႈႏွင့္ပတ္သက္သည့္ ၾကားနာပြဲကို ဇန္နဝါရီ (၁၂) ရက္မွ (၂၉) ရက္ အထိ ျပဳလုပ္ေနၿပီး ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္နဲ႔ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးတို႔ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ေျဖရွင္းလ်က္ရွိသည္။