ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာအပြောင်းအလဲ ပြုလုပ်

 1017

ပီယ (NP News) - ဇန်နဝါရီ ၂၇

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် အား ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း သိရသည်။

zawgyi version

ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေနရာအေျပာင္းအလဲ ျပဳလုပ္

ပီယ (NP News) - ဇန္နဝါရီ ၂၇

ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေနရာအေျပာင္းအလဲ ျပဳလုပ္ခဲ့ေၾကာင္း ယေန႔ (ဇန္နဝါရီလ ၂၇ ရက္) ထုတ္ျပန္ခ်က္အရ သိရသည္။

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၇၊ ပုဒ္မခြဲ (ခ) အရ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ အား စစ္ဘက္မူလတာဝန္မ်ား ျပန္လည္ထမ္းေဆာင္ေစလိုက္ေၾကာင္း ထုတ္ျပန္ထားသည္။

ယင္းေနာက္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၇၊ ပုဒ္မခြဲ (ခ) အရ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဖုန္းျမတ္ အား ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး အျဖစ္ ခန႔္အပ္တာဝန္ေပးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.