အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲ ဘိုကလေးမြို့တွင်ပြုလုပ်

460

ပြည့်ဖြိုးပိုင် (မအူပင်) - ဇန်နဝါရီ ၂၇
ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် သွားရောက်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲနှင့်ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန် စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေး ဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် ဇန်နဝါရီ (၂၇) ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ခံဂုဏ်ပြုပွဲသို့ ဘိုကလေးမြို့နေပြည်သူများပါဝင်ခဲ့ကြပြီး ကြွေးကြော်သံများကြွေးကြော်ခြင်း ၊ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ခြင်းတို့ဖြင့် ချီတက်ခဲ့ကြကြောင်းလည်းသိရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ )တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသည့်အမှုနဲ့ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ (၁၂) ရက်မှ (၂၉) ရက် အထိ ပြုလုပ်နေပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ (၁၆) ရက်မှ (၂၀) ရက်အထိ ပထမအကျော့ လျှောက်လဲခဲ့ပြီး ဇန်နဝါရီ (၂၈) ရက်ကနေ (၂၉) ရက်အထိ ဒုတိယအကျော့ လျှောက်လဲရမှာဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ)သို႔ သြားေရာက္ေျဖရွင္းေနသည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံဂုဏ္ျပဳပြဲ ဘိုကေလးၿမိဳ႕တြင္ျပဳလုပ္
ျပည့္ၿဖိဳးပိုင္ (မအူပင္) - ဇန္နဝါရီ ၂၇
ဂမ္ဘီယာက စြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ သြားေရာက္ေျဖရွင္းေနသည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕အား ေထာက္ခံဂုဏ္ျပဳပြဲႏွင့္ဂမ္ဘီယာႏိုင္ငံ၏ မဟုတ္မမွန္ စြပ္စြဲခ်က္မ်ားကို ကန႔္ကြက္ရႈတ္ခ်သည့္ အမ်ိဳးသားေရး ဆႏၵေဖာ္ထုတ္ပြဲကို ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕တြင္ ဇန္နဝါရီ (၂၇) ရက္ မနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါေထာက္ခံဂုဏ္ျပဳပြဲသို႔ ဘိုကေလးၿမိဳ႕ေနျပည္သူမ်ားပါဝင္ခဲ့ၾကၿပီး ေႂကြးေၾကာ္သံမ်ားေႂကြးေၾကာ္ျခင္း ၊ ဗီႏိုင္းပိုစတာမ်ား ကိုင္ေဆာင္ျခင္းတို႔ျဖင့္ ခ်ီတက္ခဲ့ၾကေၾကာင္းလည္းသိရသည္။
အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ )တြင္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္နဲ႔ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ သီတာဦးတို႔ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ေနၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို စြဲဆိုထားသည့္အမႈနဲ႔ပတ္သက္၍ ၾကားနာပြဲကို ဇန္နဝါရီ (၁၂) ရက္မွ (၂၉) ရက္ အထိ ျပဳလုပ္ေနၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ဇန္နဝါရီ (၁၆) ရက္မွ (၂၀) ရက္အထိ ပထမအေက်ာ့ ေလွ်ာက္လဲခဲ့ၿပီး ဇန္နဝါရီ (၂၈) ရက္ကေန (၂၉) ရက္အထိ ဒုတိယအေက်ာ့ ေလွ်ာက္လဲရမွာျဖစ္ေၾကာင္းလည္းသိရသည္။