နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမြစ်ပြတ်ဖော်ထုတ်ကာ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်သွားမည်

153

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၈
နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမြစ်ပြတ်ဖော်ထုတ်ကာ ထိရောက် သည့်ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်) မွန်းလွဲပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) တွင် အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ်ပေါက်လာ စေရေးတို့အတွက် အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့ အခြေစိုက်သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာရှင်းလင်းပွဲများ ကျင်းပ၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဆိုသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်ဖော်ထုတ်၍ ထိရောက်သည့်ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော် လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်း အားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဆိုသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာ တားဆီးကြပ်မတ်ဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားခဲ့သည်။

Zawgyi Version;
နယ္စပ္ျဖတ္ေက်ာ္ဒုစ႐ိုက္မႈမ်ားအား အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ အျမစ္ျပတ္ေဖာ္ထုတ္ကာ ထိေရာက္ သည့္ျပစ္ဒဏ္မ်ား ခ်မွတ္သြားမည္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၈
နယ္စပ္ျဖတ္ေက်ာ္ဒုစ႐ိုက္မႈမ်ားအား အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ အျမစ္ျပတ္ေဖာ္ထုတ္ကာ ထိေရာက္ သည့္ျပစ္ဒဏ္မ်ား ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ယမန္ေန႔(ဇန္နဝါရီ ၂၇ ရက္) မြန္းလြဲပိုင္းက ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး၊ ႐ုံးအမွတ္ (၁၈) အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စု အစိုးရအဖြဲ႕အစည္းအေဝး (၁/၂၀၂၆) တြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္လုပ္ငန္းမ်ား ထပ္မံမေပၚေပါက္လာ ေစေရးတို႔အတြက္ အျမစ္ျဖတ္ႏွိမ္နင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ေျပာၾကားခဲ့ သည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ားကိုလည္း သတင္းမီဒီယာမ်ားမွ သတင္းထုတ္ျပန္ျခင္း၊ ရန္ကုန္ၿမိဳ႕ အေျခစိုက္သံတမန္ႏွင့္ ကုလသမဂၢအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားကို သတင္းစာရွင္းလင္းပြဲမ်ား က်င္းပ၍ ရွင္းလင္းေျပာၾကားမႈမ်ား ျပဳလုပ္ေပးႏိုင္ခဲ့ေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ဆိုသည္။
ထို႔ျပင္ နယ္စပ္ျဖတ္ေက်ာ္ဒုစ႐ိုက္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ အျမစ္ျပတ္သည္အထိ ဆက္လက္ေဖာ္ထုတ္၍ ထိေရာက္သည့္ျပစ္ဒဏ္မ်ားကိုလည္း ခ်မွတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်မႈမ်ားသည္ ႏိုင္ငံေတာ္ လုံၿခဳံေရး (National Security) ကို ၿခိမ္းေျခာက္ႏိုင္သည့္အတြက္ ၎ကိစၥရပ္မ်ားကို ထိေရာက္စြာ တိုက္ဖ်က္ျခင္း အားျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ဆိုသည္။
ထို႔ေၾကာင့္ တရားမဝင္ကုန္သြယ္မႈ ႏွင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားကို ျပည္သူလူထု အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ အျမစ္ျပတ္သည္အထိထိေရာက္စြာ တားဆီးၾကပ္မတ္ေဆာင္႐ြက္ၾက ရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ေျပာၾကားခဲ့သည္။