အွန်လိုင်းထက်တွင် AA က စစ်တွေကို တိုက်နေသော်လည်း မြေပြင်တွင်မူ ထည်ဝါသော မြို့မျက်နှာစာ အဝင်မုခ်ဦးကို ပြည်နယ်အစိုးရ တည်ဆောက်နေ

 484

ထိုက်စံ (NP News) - ဇန်နဝါရီ ၂၈

အွန်လိုင်းထက်တွင် AA က စစ်တွေကို တိုက်နေသော်လည်း မြေပြင်တွင်မူ ထည်ဝါသောမြို့မျက်နှာစာ အဝင် မုခ်ဦးကို ပြည်နယ်အစိုးရ တည်ဆောက်နေကြောင်း NP News က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အရာရှိကြီး တစ်ဦးကို မေးမြန်းထားချက်အရ သိရသည်။
အင်တာနက်စာမျက်နှာများ ထက်တွင် AA က စစ်တွေကို တိုက်ခိုက်နေ၍ စိုးရိမ်နေရသည့် သဖွယ် ရေးသားမှုများ ရှိနေခြင်း ဖြစ်သော်လည်း မြေပြင်တွင်မူ မိုခါမုန်တိုင်းကြောင့် ထိခိုက်သွားခဲ့ရသော မြို့အဝင် မုခ်ဦးဟောင်းနေရာ တွင် ယခင်ထက် ထည်ဝါသည့် မုဒ်ဦးကို တည်ဆောက်နေခြင်း ဖြစ်သည်။
အဆိုပါ မုခ်ဦးဒီဇိုင်း နှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဩဂုတ်လ မှ စတင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ယဉ်ကျေးမှုအဖွဲ့များ၊ သုတေသီ များ၊ တတ်သိနားလည်သူများကို ဖိတ်ခေါ်ဆွေးနွေးပြီးသည့်နောက် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
“အရင် ဆောက်ခဲ့တဲ့ မုခ်ဦး က ဟိုအရင်တုန်းက စျေးလည်း သက်သက်သာသာနဲ့ ဆောက်ခဲ့တာပေါ့လေ။ အခုဟာ က သိန်းခြောက်ထောင် အထက်မှာ ကုန်မှာ။ ဖေဖော်ဝါရီလကုန်ရင် ပြီးမယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ မုခ်ဦး အသစ်သည် ရွေးကောက်ပွဲ အပြီး အစိုးရအပြောင်းအလဲမဖြစ်မီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး ၂၁ ပေ အမြင့် ရှိမည်ဖြစ်ကာ ခေတ်မီ ဒီဇိုင်းပုံစံဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း အဆိုပါအရာရှိကြီး က ဆိုသည်။
“အဲဒီဟာကတော့။ အခုဟာကတော့ Modernized ဖြစ်တယ်ပြောရမှာပေါ့နော်။ ခေတ်မီပေါ့နော်။စစ်တွေမြို့က ရှေးဟောင်းမြို့မဟုတ်တဲ့အတွက်ကြောင့် အဓိကကတော့ အဲဒါဘဲ။ မြောက်ဉီးမှာ မုခ်ဦးလုပ်ခဲ့တယ်။ ကျွန်တော်တို့ လက်ရှိအစိုးရလက်ထက်မှာလေ ။ အဲဒီမှာတော့ ရခိုင့်ယဉ်ကျေးမှု အငွေ့အသက်တွေထည့်တာပေါ့ မြောက်ဉီး ဧရိယာဖြစ်လို့ ။ စစ်တွေမြို့က ကမ်းခြေမြို့ဖြစ်တယ်နော်။ မြို့ပြဖြစ်တယ်။ ကျွန်တော်တို့ Tourism အရ ပြောမယ် ဆိုရင် စစ်တွေမြို့က ရှေးဟောင်းမြို့မဟုတ်ဘူး ။ ယဉ်ကျေးမှု မြို့မဟုတ်ဘူး။ အဲ့ဒါကြောင့် မြောက်ဉီးကို ဖြတ်လာ ပြီးတော့မှ စစ်တွေရောက်တယ်။မြောက်ဉီးမှာတော့ ရခိုင့်ယဉ်ကျေးမှုအငွေ့အသက် အပြည့်ပါတဲ့ မုခ်ဦး လုပ်ထား တယ်။ အဲဒီသဘောပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါ မုခ်ဦး သည် လက်ရှိ တည်ဆောက်နေရာတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သယံဇာတ ရေးရာ ဝန်ကြီး ဦးဆောင်သော ကော်မတီက ဦးစီးနေခြင်းဖြစ်ကာ ပြီးစီးသွားပါက စစ်တွေမြို့သူ၊ မြို့သားများအတွက် ပြည်နယ် မြို့တော် ဂုဏ်ဒြပ်သည် လျော်ညီသည့် မြို့အဝင် မုခ်ဦး ရရှိမည်ဖြစ်သည့်အပြင် ဓာတ်ပုံရိုက်စရာ နေရာတစ်ခု တိုးလာမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့အဝင် မုခ်ဦး ဒီဇိုင်းအရ မုခ်ဦး ၏ ထိပ်ပိုင်း အလယ်တွင် ရခိုင်ပြည်နယ် အမှတ်တံဆိပ်ပါဝင်မည်ဖြစ်ကာ ဘေးနှစ်ဖက်တွင်လည်း ကျယ်ပြန့်သော လျှောက်လမ်းသဖွယ် ပါဝင်မည် ဖြစ်ပြီး ယခင်မုခ်ဦးထက် များစွာ သာလွန် မည်ဖြစ်သည်။

Zawgyi Version;
အြန္လိုင္းထက္တြင္ AA က စစ္ေတြကို တိုက္ေနေသာ္လည္း ေျမျပင္တြင္မူ ထည္ဝါေသာ ၿမိဳ႕မ်က္ႏွာစာ အဝင္မုခ္ဦးကို ျပည္နယ္အစိုးရ တည္ေဆာက္ေန
ထိုက္စံ (NP News) - ဇန္နဝါရီ ၂၈
အြန္လိုင္းထက္တြင္ AA က စစ္ေတြကို တိုက္ေနေသာ္လည္း ေျမျပင္တြင္မူ ထည္ဝါေသာၿမိဳ႕မ်က္ႏွာစာ အဝင္ မုခ္ဦးကို ျပည္နယ္အစိုးရ တည္ေဆာက္ေနေၾကာင္း NP News က ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕မွ အရာရွိႀကီး တစ္ဦးကို ေမးျမန္းထားခ်က္အရ သိရသည္။
အင္တာနက္စာမ်က္ႏွာမ်ား ထက္တြင္ AA က စစ္ေတြကို တိုက္ခိုက္ေန၍ စိုးရိမ္ေနရသည့္ သဖြယ္ ေရးသားမႈမ်ား ရွိေနျခင္း ျဖစ္ေသာ္လည္း ေျမျပင္တြင္မူ မိုခါမုန္တိုင္းေၾကာင့္ ထိခိုက္သြားခဲ့ရေသာ ၿမိဳ႕အဝင္ မုခ္ဦးေဟာင္းေနရာ တြင္ ယခင္ထက္ ထည္ဝါသည့္ မုဒ္ဦးကို တည္ေဆာက္ေနျခင္း ျဖစ္သည္။
အဆိုပါ မုခ္ဦးဒီဇိုင္း ႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လ မွ စတင္ကာ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕၊ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္မိုး၊ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းတို႔က ယဥ္ေက်းမႈအဖြဲ႕မ်ား၊ သုေတသီ မ်ား၊ တတ္သိနားလည္သူမ်ားကို ဖိတ္ေခၚေဆြးေႏြးၿပီးသည့္ေနာက္ အေကာင္အထည္ေဖာ္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အရင္ ေဆာက္ခဲ့တဲ့ မုခ္ဦး က ဟိုအရင္တုန္းက ေစ်းလည္း သက္သက္သာသာနဲ႔ ေဆာက္ခဲ့တာေပါ့ေလ။ အခုဟာ က သိန္းေျခာက္ေထာင္ အထက္မွာ ကုန္မွာ။ ေဖေဖာ္ဝါရီလကုန္ရင္ ၿပီးမယ္” ဟု ၎က ဆိုသည္။
လက္ရွိ မုခ္ဦး အသစ္သည္ ေ႐ြးေကာက္ပြဲ အၿပီး အစိုးရအေျပာင္းအလဲမျဖစ္မီ ေဆာင္႐ြက္ေပးခဲ့ျခင္း ျဖစ္ၿပီး ၂၁ ေပ အျမင့္ ရွိမည္ျဖစ္ကာ ေခတ္မီ ဒီဇိုင္းပုံစံျဖင့္ ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း အဆိုပါအရာရွိႀကီး က ဆိုသည္။
“အဲဒီဟာကေတာ့။ အခုဟာကေတာ့ Modernized ျဖစ္တယ္ေျပာရမွာေပါ့ေနာ္။ ေခတ္မီေပါ့ေနာ္။စစ္ေတြၿမိဳ႕က ေရွးေဟာင္းၿမိဳ႕မဟုတ္တဲ့အတြက္ေၾကာင့္ အဓိကကေတာ့ အဲဒါဘဲ။ ေျမာက္ဉီးမွာ မုခ္ဦးလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ လက္ရွိအစိုးရလက္ထက္မွာေလ ။ အဲဒီမွာေတာ့ ရခိုင့္ယဥ္ေက်းမႈ အေငြ႕အသက္ေတြထည့္တာေပါ့ ေျမာက္ဉီး ဧရိယာျဖစ္လို႔ ။ စစ္ေတြၿမိဳ႕က ကမ္းေျခၿမိဳ႕ျဖစ္တယ္ေနာ္။ ၿမိဳ႕ျပျဖစ္တယ္။ ကြၽန္ေတာ္တို႔ Tourism အရ ေျပာမယ္ ဆိုရင္ စစ္ေတြၿမိဳ႕က ေရွးေဟာင္းၿမိဳ႕မဟုတ္ဘူး ။ ယဥ္ေက်းမႈ ၿမိဳ႕မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ေျမာက္ဉီးကို ျဖတ္လာ ၿပီးေတာ့မွ စစ္ေတြေရာက္တယ္။ေျမာက္ဉီးမွာေတာ့ ရခိုင့္ယဥ္ေက်းမႈအေငြ႕အသက္ အျပည့္ပါတဲ့ မုခ္ဦး လုပ္ထား တယ္။ အဲဒီသေဘာပဲ” ဟု ၎က ေျပာသည္။
အဆိုပါ မုခ္ဦး သည္ လက္ရွိ တည္ေဆာက္ေနရာတြင္ ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ သယံဇာတ ေရးရာ ဝန္ႀကီး ဦးေဆာင္ေသာ ေကာ္မတီက ဦးစီးေနျခင္းျဖစ္ကာ ၿပီးစီးသြားပါက စစ္ေတြၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားအတြက္ ျပည္နယ္ ၿမိဳ႕ေတာ္ ဂုဏ္ျဒပ္သည္ ေလ်ာ္ညီသည့္ ၿမိဳ႕အဝင္ မုခ္ဦး ရရွိမည္ျဖစ္သည့္အျပင္ ဓာတ္ပုံ႐ိုက္စရာ ေနရာတစ္ခု တိုးလာမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ၿမိဳ႕အဝင္ မုခ္ဦး ဒီဇိုင္းအရ မုခ္ဦး ၏ ထိပ္ပိုင္း အလယ္တြင္ ရခိုင္ျပည္နယ္ အမွတ္တံဆိပ္ပါဝင္မည္ျဖစ္ကာ ေဘးႏွစ္ဖက္တြင္လည္း က်ယ္ျပန႔္ေသာ ေလွ်ာက္လမ္းသဖြယ္ ပါဝင္မည္ ျဖစ္ၿပီး ယခင္မုခ္ဦးထက္ မ်ားစြာ သာလြန္ မည္ျဖစ္သည္။

Related news

© 2021. All rights reserved.