တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အရှေ့အလယ်ပိုင်းမှာ စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို အမေရိကန်လေတပ် စတင်မယ်

154

Pika (NP News) - ဇန်နဝါရီ ၂၈
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့တိုက်ခိုက်ရေးလေကြောင်း အင်အားကို ဖြန့်ကျက်ထိန်းသိမ်းနိုင်စွမ်း တွေကို ပြသဖို့အတွက် ဒေသတစ်ဝှမ်းမှာ ရက်ပေါင်းများစွာကြာအောင် အဆင်သင့်ဖြစ်နေတဲ့လေ့ကျင့်ခန်းတစ်ခုကို စတင်တော့မယ်လို့ အမေရိကန်လေတပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်လေတပ်က “ဒီလေ့ကျင့်ခန်းက ကျူးကျော်မှုတွေကို တားဆီးဖို့၊ မှားယွင်းတွက်ချက်မှုအန္တရာယ်ကို လျှော့ချဖို့နဲ့ မိတ်ဖက်တွေကို အာမခံဖို့ ဒီဇိုင်းထုတ်ထားတဲ့ ယုံကြည်စိတ်ချရပြီးတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေတာ တွေကို အားဖြည့်ပေးပြီးတော့ ငြိမ်းချမ်းရေးကို အားကောင်းစေပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၂၈)ရက်ကနေ စတင်ပြီး အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက် ဆန္ဒပြသူ တွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အီရန်က နောက်ထပ်ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးပါတဲ့စစ်သင်္ဘောအုပ်စုရောက်ရှိလာခဲ့မှုနဲ့အတူ ယခုလိုစစ်ရေး လေ့ကျင့်ခန်းတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အေရွ႕အလယ္ပိုင္းမွာ စစ္ေရးေလ့က်င့္ခန္းတစ္ခုကို အေမရိကန္ေလတပ္ စတင္မယ္
Pika (NP News) - ဇန္နဝါရီ ၂၈
အေရွ႕အလယ္ပိုင္းေဒသမွာ အေမရိကန္ရဲ႕တိုက္ခိုက္ေရးေလေၾကာင္း အင္အားကို ျဖန႔္က်က္ထိန္းသိမ္းႏိုင္စြမ္း ေတြကို ျပသဖို႔အတြက္ ေဒသတစ္ဝွမ္းမွာ ရက္ေပါင္းမ်ားစြာၾကာေအာင္ အဆင္သင့္ျဖစ္ေနတဲ့ေလ့က်င့္ခန္းတစ္ခုကို စတင္ေတာ့မယ္လို႔ အေမရိကန္ေလတပ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေလတပ္က “ဒီေလ့က်င့္ခန္းက က်ဴးေက်ာ္မႈေတြကို တားဆီးဖို႔၊ မွားယြင္းတြက္ခ်က္မႈအႏၲရာယ္ကို ေလွ်ာ့ခ်ဖို႔နဲ႔ မိတ္ဖက္ေတြကို အာမခံဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ယုံၾကည္စိတ္ခ်ရၿပီးတိုက္ခိုက္ဖို႔အဆင္သင့္ျဖစ္ေနတာ ေတြကို အားျဖည့္ေပးၿပီးေတာ့ ၿငိမ္းခ်မ္းေရးကို အားေကာင္းေစပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ(၂၈)ရက္ကေန စတင္ၿပီး အီရန္ႏိုင္ငံတြင္းမွာ ဆႏၵျပပြဲေတြျဖစ္ပြားလာခဲ့ၿပီးေနာက္ ဆႏၵျပသူ ေတြကို ကိုင္တြယ္ေျဖရွင္းပုံနဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။ အီရန္က ေနာက္ထပ္ဆႏၵျပသူေတြကို သတ္ျဖတ္ခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ေလယာဥ္တင္သေဘၤာတစ္စီးပါတဲ့စစ္သေဘၤာအုပ္စုေရာက္ရွိလာခဲ့မႈနဲ႔အတူ ယခုလိုစစ္ေရး ေလ့က်င့္ခန္းေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။