အမေရိကန်မပါဘဲ ဥရောပသမဂ္ဂက ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ နေတိုးအဖွဲ့အကြီးအကဲ ပြော

74

Pika (NP News) - ဇန်နဝါရီ ၂၈
အမေရိကန်မပါဘဲ ဥရောပသမဂ္ဂက ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်မှာမဟုတ်ဘူးလို့ နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့ဂျီဒီပီတွေရဲ့(၁၀)ရာခိုင်နှုန်းကို စစ်ရေးအသုံးစရိတ်တွေအတွက် သုံးစွဲရမှာဖြစ်ပြီး အဲဒီပမာဏက လုံလောက်တဲ့ပမာဏတစ်ခုမဟုတ်သေးဘူးလို့လည်း မာ့ခ်ရူတီက ပြောကြားခဲ့ပါ တယ်။ လုံခြုံရေးအတွက် အမေရိကန်အပေါ် မှီခိုနေရမှုတွေကို လျှော့ချဖို့ ဥရောပသမဂ္ဂအရာရှိအချို့က တောင်းဆို နေချိန်မှာပဲ မာ့ခ်ရူတီရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မာ့ခ်ရူတီက “ဥရောပသမဂ္ဂဒါမှမဟုတ် ဥရောပတစ်ခုလုံးဟာ အမေရိကန်မပါဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင် မှာ မဟုတ်ပါဘူး။ အဲဒီလိုမျိုးတွေးနေတဲ့လူတွေကလည်း မဖြစ်နိုင်တဲ့အရာတွေကို အိမ်မက်မက်နေတာမျိုးပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်မပါဘဲဆက်သွားချင်တဲ့နိုင်ငံတွေအနေနဲ့လည်း ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့(၅) ရာခိုင်နှုန်းလောက်သုံးစွဲရုံနဲ့ လုံလောက်မှာ မဟုတ်ဘူးဆိုတာကို သိထားသင့်တယ်လို့လည်း မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ ကာကွယ်ရေးအသုံးစရိတ်မှာ ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်း သုံးစွဲမယ့်ပမာဏကို နှစ်ဆတိုးဖို့လိုအပ်ကြောင်း နဲ့ ကိုယ်ပိုင်နျူကလီးယားစွမ်းရည်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္မပါဘဲ ဥေရာပသမဂၢက ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္ႏိုင္မွာ မဟုတ္ဘူးလို႔ ေနတိုးအဖြဲ႕အႀကီးအကဲ ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၈
အေမရိကန္မပါဘဲ ဥေရာပသမဂၢက ကိုယ့္ကိုကိုယ္ခုခံကာကြယ္ႏိုင္မွာမဟုတ္ဘူးလို႔ ေနတိုးအဖြဲ႕အေထြေထြ အတြင္းေရးမႉးခ်ဳပ္ မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕ဂ်ီဒီပီေတြရဲ႕(၁၀)ရာခိုင္ႏႈန္းကို စစ္ေရးအသုံးစရိတ္ေတြအတြက္ သုံးစြဲရမွာျဖစ္ၿပီး အဲဒီပမာဏက လုံေလာက္တဲ့ပမာဏတစ္ခုမဟုတ္ေသးဘူးလို႔လည္း မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါ တယ္။ လုံၿခဳံေရးအတြက္ အေမရိကန္အေပၚ မွီခိုေနရမႈေတြကို ေလွ်ာ့ခ်ဖို႔ ဥေရာပသမဂၢအရာရွိအခ်ိဳ႕က ေတာင္းဆို ေနခ်ိန္မွာပဲ မာ့ခ္႐ူတီရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
မာ့ခ္႐ူတီက “ဥေရာပသမဂၢဒါမွမဟုတ္ ဥေရာပတစ္ခုလုံးဟာ အေမရိကန္မပါဘဲ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ႏိုင္ မွာ မဟုတ္ပါဘူး။ အဲဒီလိုမ်ိဳးေတြးေနတဲ့လူေတြကလည္း မျဖစ္ႏိုင္တဲ့အရာေတြကို အိမ္မက္မက္ေနတာမ်ိဳးပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္မပါဘဲဆက္သြားခ်င္တဲ့ႏိုင္ငံေတြအေနနဲ႔လည္း ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕(၅) ရာခိုင္ႏႈန္းေလာက္သုံးစြဲ႐ုံနဲ႔ လုံေလာက္မွာ မဟုတ္ဘူးဆိုတာကို သိထားသင့္တယ္လို႔လည္း မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။ ဥေရာပသမဂၢဟာ ကာကြယ္ေရးအသုံးစရိတ္မွာ ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္း သုံးစြဲမယ့္ပမာဏကို ႏွစ္ဆတိုးဖို႔လိုအပ္ေၾကာင္း နဲ႔ ကိုယ္ပိုင္န်ဴကလီးယားစြမ္းရည္ေတြမွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။