ဂရိနိုင်ငံအလယ်ပိုင်းက ကွတ်ကီးစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၄)ဦးသေဆုံး

 58

Pika (NP News) - ဇန်နဝါရီ ၂၈

ဂရိနိုင်ငံအလယ်ပိုင်းက ကွတ်ကီးစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တာ ကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အေသင်မြို့မြောက်ဘက် (၃၂၀)ကီလိုမီတာအကွာမှာရှိတဲ့ Trikala မြို့အနီးက Violanta ကွတ်ကီး စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုတွေဆက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမား(၁)ဦး အပါအဝင် လူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး နာရီပေါင်းများစွာကြာအောင် မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ (၂၄)နာရီလည်ပတ်နေတဲ့ မီးဖိုတွေအနီးမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်နိုင်တယ်လို့လည်း အာဏာပိုင် တွေက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဂရိႏိုင္ငံအလယ္ပိုင္းက ကြတ္ကီးစက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုနဲ႔အတူ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၄)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၈
ဂရိႏိုင္ငံအလယ္ပိုင္းက ကြတ္ကီးစက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုနဲ႔အတူ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တာ ေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့ၿပီး အျခားလူတစ္ဦး ေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ေအသင္ၿမိဳ႕ေျမာက္ဘက္ (၃၂၀)ကီလိုမီတာအကြာမွာရွိတဲ့ Trikala ၿမိဳ႕အနီးက Violanta ကြတ္ကီး စက္႐ုံမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းမႈေတြဆက္ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ မီးသတ္သမား(၁)ဦး အပါအဝင္ လူ(၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ေပါက္ကြဲမႈနဲ႔မီးေလာင္ကြၽမ္းမႈေၾကာင့္ အေဆာက္အဦးတစ္ခုလုံး ပ်က္စီးသြားခဲ့ၿပီး နာရီေပါင္းမ်ားစြာၾကာေအာင္ မီးၿငိမ္းသတ္ခဲ့ရတယ္လို႔ မီးသတ္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ေပါက္ကြဲမႈဟာ (၂၄)နာရီလည္ပတ္ေနတဲ့ မီးဖိုေတြအနီးမွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ႏိုင္တယ္လို႔လည္း အာဏာပိုင္ ေတြက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.