ဂလိုဘယ်လိုက်ဇေးရှင်းက အမေရိကန်ကို ကျရှုံးစေခဲ့သည့်မူဝါဒတစ်ခုဖြစ်ကြောင်း အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဝေဖန်

61

Pika (NP News) - ဇန်နဝါရီ ၂၈
ဂလိုဘယ်လိုက်ဇေးရှင်းသည် အမေရိကန်ကို နောက်ကျကျန်နေစေခဲ့သည့် ကျရှုံးခဲ့သည့်မူဝါဒတစ်ခုဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟော့ဝက်လတ်နစ်ခ်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးက အနောက်အုပ်စုကို ထိခိုက်စေသည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို တွန်းအားပေးနေကြောင်း ဟော့ဝက်လတ်နစ်ခ်က စွပ်စွဲပြောဆိုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖိုရမ်အတွင်း ဟော့ဝက်လတ်နစ်ခ်က ယင်းကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဟော့ဝက်လတ်နစ်ခ်က “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရနဲ့ ကျွန်တော်တို့က အရမ်းရှင်းလင်းတဲ့အချက်တစ်ခုကို တင်ပြဖို့ ဒီကိုရောက်နေတာပါ။ ဂလိုဘယ်လိုက်ဇေးရှင်းက အမေရိကန်နဲ့ အနောက်အုပ်စုကို ကျရှုံးစေခဲ့ပါတယ်” ဟု ဝေဖန်ပြောခဲ့သည်။
ထို့ပြင် ဂလိုဘယ်လိုက်ဇေးရှင်းမူဝါဒကို ဟော့ဝက်လတ်နစ်ခ်က ဝေဖန်ပြစ်တင်ပြောဆိုမှုများ ထပ်မံလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ ဟော့ဝက်လတ်နစ်ခ်က “ဂလိုဘယ်လိုက်ဇေးရှင်းက ကျရှုံးခဲ့တဲ့ မူဝါဒတစ်ခုပဲဖြစ်ပါတယ်။ ပို့ကုန်တွေ၊ ကမ်းလွန်တွေ၊ ဈေးပေါတဲ့အလုပ်သမားတွေရှိနေတဲ့ကမ္ဘာကြီးက ဒီမူဝါဒအတွက် အကောင်းဆုံးနေရာ တစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီမူဝါဒက အမေရိကန်ကို နောက်ကျကျန်နေစေခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံ (သို့မဟုတ်) အမေရိကန်နိုင်ငံသားများကို မှားယွင်းနေသော ဂလိုဘယ်လိုက်ဇေးရှင်းမူဝါဒ အောက်တွင် ဆက်လက်ထားရှိတော့မည်မဟုတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ဖူး ကြောင်းလည်း သိရသည်။

Zawgyi Version;
ဂလိုဘယ္လိုက္ေဇးရွင္းက အေမရိကန္ကို က်ရႈံးေစခဲ့သည့္မူဝါဒတစ္ခုျဖစ္ေၾကာင္း အေမရိကန္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီး ေဝဖန္
Pika (NP News) - ဇန္နဝါရီ ၂၈
ဂလိုဘယ္လိုက္ေဇးရွင္းသည္ အေမရိကန္ကို ေနာက္က်က်န္ေနေစခဲ့သည့္ က်ရႈံးခဲ့သည့္မူဝါဒတစ္ခုျဖစ္ေၾကာင္း အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ေဟာ့ဝက္လတ္နစ္ခ္က ထုတ္ျပန္ေၾကညာခဲ့သည္။ ထို႔ျပင္ ကမာၻလုံး ဆိုင္ရာစီးပြားေရးက အေနာက္အုပ္စုကို ထိခိုက္ေစသည့္ ကမာၻလုံးဆိုင္ရာအစီအစဥ္ကို တြန္းအားေပးေနေၾကာင္း ေဟာ့ဝက္လတ္နစ္ခ္က စြပ္စြဲေျပာဆိုခဲ့သည္။
ဆြစ္ဇာလန္ႏိုင္ငံ ဒါးဗို႔စ္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ ကမာၻလုံးဆိုင္ရာစီးပြားေရးဖိုရမ္အတြင္း ေဟာ့ဝက္လတ္နစ္ခ္က ယင္းကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေဟာ့ဝက္လတ္နစ္ခ္က “အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရနဲ႔ ကြၽန္ေတာ္တို႔က အရမ္းရွင္းလင္းတဲ့အခ်က္တစ္ခုကို တင္ျပဖို႔ ဒီကိုေရာက္ေနတာပါ။ ဂလိုဘယ္လိုက္ေဇးရွင္းက အေမရိကန္နဲ႔ အေနာက္အုပ္စုကို က်ရႈံးေစခဲ့ပါတယ္” ဟု ေဝဖန္ေျပာခဲ့သည္။
ထို႔ျပင္ ဂလိုဘယ္လိုက္ေဇးရွင္းမူဝါဒကို ေဟာ့ဝက္လတ္နစ္ခ္က ေဝဖန္ျပစ္တင္ေျပာဆိုမႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။ ေဟာ့ဝက္လတ္နစ္ခ္က “ဂလိုဘယ္လိုက္ေဇးရွင္းက က်ရႈံးခဲ့တဲ့ မူဝါဒတစ္ခုပဲျဖစ္ပါတယ္။ ပို႔ကုန္ေတြ၊ ကမ္းလြန္ေတြ၊ ေဈးေပါတဲ့အလုပ္သမားေတြရွိေနတဲ့ကမာၻႀကီးက ဒီမူဝါဒအတြက္ အေကာင္းဆုံးေနရာ တစ္ခုလိုျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း ဒီမူဝါဒက အေမရိကန္ကို ေနာက္က်က်န္ေနေစခဲ့ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အေမရိကန္ႏိုင္ငံ (သို႔မဟုတ္) အေမရိကန္ႏိုင္ငံသားမ်ားကို မွားယြင္းေနေသာ ဂလိုဘယ္လိုက္ေဇးရွင္းမူဝါဒ ေအာက္တြင္ ဆက္လက္ထားရွိေတာ့မည္မဟုတ္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ဖူး ေၾကာင္းလည္း သိရသည္။