နောက်ထပ်ရန်ပုံငွေများအတွက် ယူကရိန်းကလုပ်ရမယ့်အရာများကို IMF အဖွဲ့ဒါရိုက်တာ ထုတ်ပြောလာ

 127

Pika (NP News) - ဇန်နဝါရီ ၂၈

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ နောက်ထပ်ရန်ပုံငွေများရရှိရန်အတွက် ယူကရိန်းက လျှပ်စစ်နှင့် အပူပေးစနစ်ထောက်ပံ့ကြေးများကို အဆင့်လိုက်လျှော့ချပြီး အခွန်ဝန်ထုပ်ဝန်ပိုးကို မျှမျှတတ ခွဲဝေပေးရမည်ဖြစ် ကြောင်း IMF အဖွဲ့မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂျီဗာက ထုတ်ပြန်ပြောခဲ့သည်။
ယူကရိန်းသည် ဥရောပ၏ အဆင်းရဲဆုံးနိုင်ငံများထဲတွင်ပါဝင်ပြီး လျှပ်စစ်၊ အပူပေးစနစ်နှင့် ဓာတ်ငွေ့အတွက် ထောက်ပံ့ကြေးများက ၎င်းတို့၏အိမ်ထောင်စုများကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းက ဆက်လက်ထောက်ပံ့ပေးမှုများကို လိုချင်ပါက နာကျင်ဖွယ်ကောင်းသောပြုပြင်ပြောင်းလဲမှု များကို လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပြီး သာမန်ယူကရိန်းလူမျိုးများက ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို ပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာငွေချေးသူများက ပြောကြားခဲ့သည်။ ခရစ္စတာလီနာဂျော်ဂျီဗာက “ကျွန်မတို့မှာ လျှပ်စစ်နဲ့ အပူပေးစနစ်အတွက် ထောက်ပံ့ကြေးတွေ ရှိနေဆဲဖြစ်ပါတယ်။ အကြောင်းပြချက်တစ်ခုကြောင့် သူတို့ကိုထောက်ပံ့ကြေးတွေပေးထားတာပါ။ ဘဏ္ဍာရေးအခြေအနေအရ ကျွန်မတို့မှာ လုပ်စရာတွေ ရှိနေသေးပါ တယ်။ အခွန်ကောက်ခံမှုဝန်ထုပ်ဝန်ပိုးကို ဘယ်လိုတရားမျှတအောင် ခွဲဝေပေးနိုင်မလဲဆိုတာကို အခု ကျွန်မတို့ လေ့လာနေပါတယ်။ ဒါက လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပေမယ့် ဘာပဲဖြစ်နေနေ လုပ်ကိုလုပ်ရမှာပါ” ဟု ပြောခဲ့သည်။ ယူကရိန်းနိုင်ငံသည် စစ်ရေးကုန်ကျစရိတ်မှပင်စင်အထိ အရာအားလုံးကို ကာမိစေရန် အနောက်အုပ်စု၏ အကူအညီအပေါ်ကို အလွန်အမင်းမှီခိုနေရသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Zawgyi Version;
ေနာက္ထပ္ရန္ပုံေငြမ်ားအတြက္ ယူကရိန္းကလုပ္ရမယ့္အရာမ်ားကို IMF အဖြဲ႕ဒါ႐ိုက္တာ ထုတ္ေျပာလာ
Pika (NP News) - ဇန္နဝါရီ ၂၈
ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ထံမွ ေနာက္ထပ္ရန္ပုံေငြမ်ားရရွိရန္အတြက္ ယူကရိန္းက လွ်ပ္စစ္ႏွင့္ အပူေပးစနစ္ေထာက္ပံ့ေၾကးမ်ားကို အဆင့္လိုက္ေလွ်ာ့ခ်ၿပီး အခြန္ဝန္ထုပ္ဝန္ပိုးကို မွ်မွ်တတ ခြဲေဝေပးရမည္ျဖစ္ ေၾကာင္း IMF အဖြဲ႕မန္ေနဂ်င္းဒါ႐ိုက္တာ ခရစၥတာလီနာေဂ်ာ္ဂ်ီဗာက ထုတ္ျပန္ေျပာခဲ့သည္။
ယူကရိန္းသည္ ဥေရာပ၏ အဆင္းရဲဆုံးႏိုင္ငံမ်ားထဲတြင္ပါဝင္ၿပီး လွ်ပ္စစ္၊ အပူေပးစနစ္ႏွင့္ ဓာတ္ေငြ႕အတြက္ ေထာက္ပံ့ေၾကးမ်ားက ၎တို႔၏အိမ္ေထာင္စုမ်ားကို ကာလရွည္ၾကာစြာ ထိန္းသိမ္းထားေပးခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ယူကရိန္းက ဆက္လက္ေထာက္ပံ့ေပးမႈမ်ားကို လိုခ်င္ပါက နာက်င္ဖြယ္ေကာင္းေသာျပဳျပင္ေျပာင္းလဲမႈ မ်ားကို လုပ္ေဆာင္ရန္လိုအပ္မည္ျဖစ္ၿပီး သာမန္ယူကရိန္းလူမ်ိဳးမ်ားက ကုန္က်စရိတ္၏ တစ္စိတ္တစ္ပိုင္းကို ေပးရမည္ျဖစ္ေၾကာင္း ႏိုင္ငံတကာေငြေခ်းသူမ်ားက ေျပာၾကားခဲ့သည္။ ခရစၥတာလီနာေဂ်ာ္ဂ်ီဗာက “ကြၽန္မတို႔မွာ လွ်ပ္စစ္နဲ႔ အပူေပးစနစ္အတြက္ ေထာက္ပံ့ေၾကးေတြ ရွိေနဆဲျဖစ္ပါတယ္။ အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ သူတို႔ကိုေထာက္ပံ့ေၾကးေတြေပးထားတာပါ။ ဘ႑ာေရးအေျခအေနအရ ကြၽန္မတို႔မွာ လုပ္စရာေတြ ရွိေနေသးပါ တယ္။ အခြန္ေကာက္ခံမႈဝန္ထုပ္ဝန္ပိုးကို ဘယ္လိုတရားမွ်တေအာင္ ခြဲေဝေပးႏိုင္မလဲဆိုတာကို အခု ကြၽန္မတို႔ ေလ့လာေနပါတယ္။ ဒါက လြယ္ကူတဲ့အရာတစ္ခုမဟုတ္ေပမယ့္ ဘာပဲျဖစ္ေနေန လုပ္ကိုလုပ္ရမွာပါ” ဟု ေျပာခဲ့သည္။ ယူကရိန္းႏိုင္ငံသည္ စစ္ေရးကုန္က်စရိတ္မွပင္စင္အထိ အရာအားလုံးကို ကာမိေစရန္ အေနာက္အုပ္စု၏ အကူအညီအေပၚကို အလြန္အမင္းမွီခိုေနရသည့္ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။

Related news

© 2021. All rights reserved.