ရွှေပြည်သာမြို့နယ် အ.ထ.က(၁)တွင် ကျောင်းသားချင်းချင်း ရန်ဖြစ်ထိုးကြိတ်ရာမှ တစ်ဦး သေဆုံး

1021
NP News - ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က(၁)တွင် ကျောင်းသားချင်းချင်းရန်ဖြစ်ထိုးကြိတ်ရာမှ ကျောင်းသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရှိသူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်) နံနက် ၁၁ နာရီခန့်က ရွှေပြည်သာမြိုနယ် အထက (၁) ကျောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်များပျံ့နှံ့နေပြီး ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ထိုးကြိတ်ခံရမှုကြောင့် Grade-7 ကျောင်းသား သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ရုပ်သံဖိုင်အတွင်း ”တစ်ချက်တည်း ထိုးတာကို” ဆိုသည့်စကားသံများလည်း ပါဝင်ကြောင်း သိရသည်။
“ရန်ဖြစ်လို့ ထိုးလိုက်တာမှာ လည်စေ့ကို ထိသွားတယ်လို့ သိရတယ်။ တချို့ကလည်း တည့်တည့်ထိုးတယ်ပြောတယ်။ ဆေးစာရမှ သိရမှာပါ” ဟု သိရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူကျောင်းသားမှာ အသက်(၁၃)နှစ်အရွယ်ရှိပြီဖြစ်ကာ ကျူးလွန်သူမှာ Grade-8 ကျောင်းသားတစ်ဦးဖြစ်ကြောင်း နှင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
Zawgyi Version;
ေ႐ႊျပည္သာၿမိဳ႕နယ္ အ.ထ.က(၁)တြင္ ေက်ာင္းသားခ်င္းခ်င္း ရန္ျဖစ္ထိုးႀကိတ္ရာမွ တစ္ဦး ေသဆုံး
NP News - ဇန္နဝါရီ ၂၈
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အ.ထ.က(၁)တြင္ ေက်ာင္းသားခ်င္းခ်င္းရန္ျဖစ္ထိုးႀကိတ္ရာမွ ေက်ာင္းသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း သိရွိသူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇန္နဝါရီ ၂၇ ရက္) နံနက္ ၁၁ နာရီခန႔္က ေ႐ႊျပည္သာၿမိဳနယ္ အထက (၁) ေက်ာင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လူမႈကြန္ရက္တြင္ ႐ုပ္သံဖိုင္မ်ားပ်ံ႕ႏွံ႔ေနၿပီး ေက်ာင္းသားအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ရာမွ ထိုးႀကိတ္ခံရမႈေၾကာင့္ Grade-7 ေက်ာင္းသား ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ႏွင့္ ႐ုပ္သံဖိုင္အတြင္း ”တစ္ခ်က္တည္း ထိုးတာကို” ဆိုသည့္စကားသံမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
“ရန္ျဖစ္လို႔ ထိုးလိုက္တာမွာ လည္ေစ့ကို ထိသြားတယ္လို႔ သိရတယ္။ တခ်ိဳ႕ကလည္း တည့္တည့္ထိုးတယ္ေျပာတယ္။ ေဆးစာရမွ သိရမွာပါ” ဟု သိရွိသူတစ္ဦးက ေျပာသည္။
ေသဆုံးသူေက်ာင္းသားမွာ အသက္(၁၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ကာ က်ဴးလြန္သူမွာ Grade-8 ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း ႏွင့္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။