လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ နှင့် စရိတ်ကို တိုးမြှင့်

580

သုတကျော် (NP News) - ဇန်နဝါရီ ၂၈
လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ နှင့် စရိတ်ကို တိုးမြှင့်လိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေထုတ်ပြန်ကာ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၆ တွင် ပါရှိသော “တည်းခို နေထိုင်စရိတ်ကျပ် ၅၀၀၀” ဆိုသည့် စကားရပ်ကို “တည်းခိုနေထိုင်စရိတ်ကျပ် ၈ဝဝဝ” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “အခြားအသုံးစရိတ် ကျပ် ၅၀၀၀” ဆိုသည့် စကားရပ်ကို “အခြား အသုံးစရိတ်ကျပ် ၇၀၀၀” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုး ပြင်ဆင်ထားသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပုဒ်မ (၈) တွင် ပါရှိသော "ကျပ်တစ်သောင်း" ဆိုသည့် စကားရပ်ကို “ကျပ်နှစ်သောင်း" ဆိုသည့် စကားရပ်ဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။

Zawgyi Version;