သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ နည်းပညာများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်လိုအပ်ဟုဆို

130

Pearl (NP News) - ဇန်နဝါရီ ၂၉
သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများအနေဖြင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ပြောသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယမန်နေ့ ( ဇန်နဝါရီ ၂၈ရက်)၊ နံနက် ၉ နာရီက နေပြည်တော် ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ဝါးသည် ကမ္ဘာပေါ်တွင် အကြီးမြန်ဆုံးအပင်များအနက် တစ်မျိုးဖြစ်ပြီး အချိန်တိုအတွင်း အသုံးချနိုင်သော အရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏများစွာကို စုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်းပြောသည်။
ဝါးလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်တည်း အထောက်အကူပြုနိုင်ကြောင်းလည်း ပြောသည်။
ထို့ပြင် စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောကဏ္ဍအနေဖြင့် သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမြင့်မားလာစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပ စျေးကွက်များ ရရှိရေးနှင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်ကာလတွင် ဝါးလက်မှုကဏ္ဍကို ဆက်လက်ဖွံ့ဖြိုးစေရန် အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
သစ္၊ ႀကိမ္၊ ဝါး အသုံးျပဳထုတ္လုပ္ေသာ စီးပြားေရးလုပ္ငန္းမ်ား နည္းပညာမ်ား ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ရန္လိုအပ္ဟုဆို
Pearl (NP News) - ဇန္နဝါရီ ၂၉
သစ္၊ ႀကိမ္၊ ဝါး အသုံးျပဳထုတ္လုပ္ေသာ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ နည္းပညာမ်ား ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ရန္လိုအပ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမင္းသူက ေျပာသည္။
သစ္မဟုတ္ေသာ သစ္ေတာထြက္ပစၥည္းမ်ားဆိုင္ရာ ျပည္သူအေျချပဳ အေသးစားစီးပြားေရးလုပ္ငန္းမ်ား သ႐ုပ္ျပတည္ေထာင္ျခင္းစီမံကိန္း၏ ဝါးလက္မႈထုတ္ကုန္ပစၥည္းအမ်ိဳးမ်ိဳး ေစ်းကြက္ျမႇင့္တင္ေရးႏွင့္ အေရာင္းျပပြဲကို ယမန္ေန႔ ( ဇန္နဝါရီ ၂၈ရက္)၊ နံနက္ ၉ နာရီက ေနျပည္ေတာ္ ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားတြင္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမင္းသူက ဝါးသည္ ကမာၻေပၚတြင္ အႀကီးျမန္ဆုံးအပင္မ်ားအနက္ တစ္မ်ိဳးျဖစ္ၿပီး အခ်ိန္တိုအတြင္း အသုံးခ်ႏိုင္ေသာ အ႐ြယ္အစားရရွိသည့္အျပင္ ေလထုထဲရွိ ကာဗြန္ဒိုင္ေအာက္ဆိုက္ပမာဏမ်ားစြာကို စုပ္ယူႏိုင္ၿပီး ေရတိုက္စားမႈကိုလည္း အထူးကာကြယ္ေၾကာင္းေျပာသည္။
ဝါးလက္မႈလုပ္ငန္း ဖြံ႕ၿဖိဳးေရးအတြက္ ေျခလွမ္းအသစ္ျဖစ္႐ုံသာမက ေရရွည္တည္တံ့ေသာ စီးပြားေရးႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးကို တစ္ၿပိဳင္တည္း အေထာက္အကူျပဳႏိုင္ေၾကာင္းလည္း ေျပာသည္။
ထို႔ျပင္ စီးပြားေရးဦးတည္ခ်က္ (၄) ရပ္အနက္ တတိယဦးတည္ခ်က္ႏွင့္အညီ ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သစ္ေတာက႑အေနျဖင့္ သစ္၊ ႀကိမ္၊ ဝါး အသုံးျပဳထုတ္လုပ္ေသာ စီးပြားေရးလုပ္ငန္းမ်ား၏ ထုတ္လုပ္မႈျမင့္မားလာေစေရး၊ တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ေရး၊ ျပည္တြင္း/ ျပည္ပ ေစ်းကြက္မ်ား ရရွိေရးႏွင့္ နည္းပညာမ်ား ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ေရး၊ အနာဂတ္ကာလတြင္ ဝါးလက္မႈက႑ကို ဆက္လက္ဖြံ႕ၿဖိဳးေစရန္ အားလုံးပူးေပါင္း လက္တြဲေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။