မန္တလေးနန်းတွင်းရှော့တိုက်ဒုံးကျရောက်ပေါက်သည်မှာသတင်းအမှားသာဖြစ်

 751

(NP News)-ဇန်နဝါရီ ၂၉
မန္တလေးမြို့ရှိ၊ မန္တလေးနန်းတွင်းသို့ PDF အဖွဲ့က တိုက်ခိုက်သော ရှော့တိုက်ဒုံးကျရောက်ပေါက်သည်မှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် ယနေ့( ဇန်နဝါရီလ ၂၉ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မည်သည့် ရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲမှုမရှိပါ။ သတင်းအမှားသာ ဖြစ်ပါတယ်ခင်ဗျာ”ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ပြည်ပရောက်သတင်းမီဒီယာများ၏ ဖော်ပြရေးသားချက်များအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ Brave Warriors for Myanmar (BWM)ဟု ၎င်းတို့ကိုယ်တိုင်အမည်ပေးထားသော အဖွဲ့၏ ဦးဆောင်မှုဖြင့် ရှော့တိုက်ဒုံး (၅) လုံးပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားရေးသားထားသည်။

Zawgyi Version:
မႏၲေလးနန္းတြင္းေရွာ့တိုက္ဒုံးက်ေရာက္ေပါက္သည္မွာသတင္းအမွားသာျဖစ္
(NP News)-ဇန္နဝါရီ ၂၉
မႏၲေလးၿမိဳ႕ရွိ၊ မႏၲေလးနန္းတြင္းသို႔ PDF အဖြဲ႕က တိုက္ခိုက္ေသာ ေရွာ့တိုက္ဒုံးက်ေရာက္ေပါက္သည္မွာ သတင္းအမွားသာျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာသည္။
သတင္းထုတ္ျပန္ေရးအဖြဲ႕က ျပည္တြင္းမီဒီယာတစ္ခု၏ ေမးျမန္းမႈအေပၚ ယေန႔( ဇန္နဝါရီလ ၂၉ ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မည္သည့္ ေရွာ့တိုက္ဒုံးမွ က်ေရာက္ေပါက္ကြဲမႈမရွိပါ။ သတင္းအမွားသာ ျဖစ္ပါတယ္ခင္ဗ်ာ”ဟု ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ပေရာက္သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္မ်ားအတြင္း ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၇ ရက္၊ နံနက္ ၄ နာရီခြဲခန႔္က မႏၲေလးၿမိဳ႕ နန္းတြင္းရွိ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္သို႔ Brave Warriors for Myanmar (BWM)ဟု ၎တို႔ကိုယ္တိုင္အမည္ေပးထားေသာ အဖြဲ႕၏ ဦးေဆာင္မႈျဖင့္ ေရွာ့တိုက္ဒုံး (၅) လုံးပစ္ခတ္ခဲ့ေၾကာင္း ေဖာ္ျပထားေရးသားထားသည္။

Related news

© 2021. All rights reserved.