ကိုဗစ်နှင့်နိုင်ငံရေးကာလထက် ယခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားပမာဏပိုများခဲ့ပြီး လာမည့်နှစ်ပိုများမည်

807

သုတကျော် (NP News) - ဇန်နဝါရီလ ၂၉
ယခုနှစ် ပထမအကြိမ် အကယ်ဒမီ အကဲ ဖြတ်စာရင်းဝင် မြန်မာရုပ်ရှင်ကားပမာဏမှာ ကိုဗစ် နှင့်နိုင်ငံရေးအပြောင်းအလဲအပြီး ပမာဏ အများဆုံး ဖြစ်ပြီး လာမည့်နှစ်တွင် ပိုမိုများပြားနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးချမ်းသာကြည်စိုးက NP News သို့ ပြောသည်။
ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် (၂၀၂၁)ခုနှစ်တွင် အကယ်ဒမီဆုပေးပွဲကို ကျင်းပ နိုင်ခြင်းမရှိခဲ့ဘဲ (၂၀၂၂)ခုနှစ်တွင် (၂၀၁၉)ခုနှစ်၊ (၂၀၂၀)ပြည့်နှစ်နှင့် (၂၀၂၂)ခုနှစ်တို့အတွက် ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို (၃)နှစ်စာ တစ်ပေါင်းတည်းကျင်း ခဲ့ရကာ ယင်းနှစ်မှစတင်၍ ပုံမှန်အတိုင်း နှစ်စဉ်ပုံမှန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
" (၂၀၂၀)အတွက်က ကား(၂၀)ပဲရှိ တယ်။ ပိတောက်ကတဲ့ဂီတ တစ်ဝက်တစ်ပျက်နဲ့ ပိတ်သွားတယ်။ (၂၀၂၁)က တောက်လျှောက်ပိတ် တယ်။ (၂၀၂၂)ဧပြီကျမှပြန်ဖွင့်ရတယ်။ အဲဒီတုန်းက ရုံတင်ကားမရှိတာနဲ့ ပရိသတ်မရှိတာနဲ့ တစ်ကားကို နှစ်ပတ်တွေ၊ သုံးပတ်တွေ ဆွဲပြရတာပေါ့။ နောက်နှစ် (၂၀၂၃)ရောက်တော့ နည်းနည်းများတယ်။ (၄၀)လောက်ထွက်သွားတယ်။ နောက်ပြီးတော့ (၂၀၂၄) အတွက်ကိုကျတော့ ကား (၅၀)။ ဒီနှစ်ကျတော့ (၇၂) ကား။ ကျွန်တော်ထင်တယ် ရှေ့နှစ်ဆိုရင် ကား (၉၀) လောက်များရှိမလား မသိဘူး"ဟု ဦးချမ်းသာကြည်စိုး က ပြောသည်။
လက်ရှိတွင် ထုတ်လုပ်အားလည်းများ နေပြီး ဆင်ဆာတင်သောဇာတ်ကားပမာဏပင်လျှင် တစ်လလျှင် (၁၂)ကားခန့်အထိရှိနေကြောင်း ၎င်းက ပြောသည်။
" များမှာပဲ။ သူက နှစ်ပတ်မှာတစ်ကား တည်းပဲဝင်တယ်ဆိုရင် ဖြတ်ကားက ဝင်တဲ့စနစ်ရှိနေ တဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တိုးတိုးသွားတာ ပဲ။ ဒီနှစ်ထဲမှာ ချိတ်ထားတာက ကား (၅၀)လောက် ရှိတယ်။ အဲဒါက ရှစ်လပိုင်းလောက်အထိသွားပြီ။ အဲဒီကြားထဲမှာ ဖြတ်ကားတွေဝင်ဦးမှာနဲ့ဆိုရင် ကား (၆၀)လောက်က သေချာပေါက ဖြစ်နေပြီ။ ဒါကြောင့် (၉၀)အထိရောက်သွားနိုင်တယ်"ဟု ၎င်းကဆိုသည်။
(၂၀၂၅) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က (၂၀၂၅) ခုနှစ် အတွင်းရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား(၇၂)ကားအနက် ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုအကဲ ဖြတ်သည့် (၂၂)ကားစာရင်းကိုထုတ်ပြန်ထားရာ မေတ္တာအမွေပုဂံမြေ၊ ရာသက်ပန်ငါ့ကောင်မလေး၊ မောင့်မိဖုရား၊ ပြုစား၊ ဖီလင်၊ ကံ့ကော်နီ၊ ဗြောသံ၊ မြေစာ၊ ဂုဏ်၊ သူတော်တစ္ဆေ၊ ပဉ္စလက်မိုး၊ ပန်းမြိုင် လယ်မှဥယျာဉ်မှူး၊ နတ်ဝင်သည်၊ မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်၊ ပြန်မပြောရ၊ ဆရာမ(၂)၊ ညမင်္ဂလာ၊ မြို့ပြထဲကလမ်းမများ၊ နှင်းပွင့်စေရာ၊ အနှစ်၊ အဆိပ်၊ ဘဝကိုစားသော ကိန်းဂဏန်းများတို့ ဖြစ်သည်။
NP News က စုံစမ်းသိ ရှိရသောအချက်အလက်များအရ အဆိုပါ စာရင်းဝင် ဇာတ်ကားများအနက် ရုပ်ရှင်ဇာတ်ကားတစ်ကား၏ နောက်ကွယ်တွင် ရာဇဝတ်မှုမှ ထွက်ပြေးတိမ်းရှောင် နေသူတစ်ဦးက လျှို့ဝှက်ထုတ်လုပ်သူအဖြစ် ပါဝင် နေကြောင်းသိရသည်။

Zawgyi Version:
ကိုဗစ္ႏွင့္ႏိုင္ငံေရးကာလထက္ ယခုႏွစ္ အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ကားပမာဏပိုမ်ားခဲ့ၿပီး လာမည့္ႏွစ္ပိုမ်ားမည္
သုတေက်ာ္ (NP News) - ဇန္နဝါရီလ ၂၉
ယခုႏွစ္ ပထမအႀကိမ္ အကယ္ဒမီ အကဲ ျဖတ္စာရင္းဝင္ ျမန္မာ႐ုပ္ရွင္ကားပမာဏမွာ ကိုဗစ္ ႏွင့္ႏိုင္ငံေရးအေျပာင္းအလဲအၿပီး ပမာဏ အမ်ားဆုံး ျဖစ္ၿပီး လာမည့္ႏွစ္တြင္ ပိုမိုမ်ားျပားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News ဂ်ာနယ္သို႔ ေျပာသည္။
ကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ (၂၀၂၁)ခုႏွစ္တြင္ အကယ္ဒမီဆုေပးပြဲကို က်င္းပ ႏိုင္ျခင္းမရွိခဲ့ဘဲ (၂၀၂၂)ခုႏွစ္တြင္ (၂၀၁၉)ခုႏွစ္၊ (၂၀၂၀)ျပည့္ႏွစ္ႏွင့္ (၂၀၂၂)ခုႏွစ္တို႔အတြက္ ႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲကို (၃)ႏွစ္စာ တစ္ေပါင္းတည္းက်င္း ခဲ့ရကာ ယင္းႏွစ္မွစတင္၍ ပုံမွန္အတိုင္း ႏွစ္စဥ္ပုံမွန္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
" (၂၀၂၀)အတြက္က ကား(၂၀)ပဲရွိ တယ္။ ပိေတာက္ကတဲ့ဂီတ တစ္ဝက္တစ္ပ်က္နဲ႔ ပိတ္သြားတယ္။ (၂၀၂၁)က ေတာက္ေလွ်ာက္ပိတ္ တယ္။ (၂၀၂၂)ဧၿပီက်မွျပန္ဖြင့္ရတယ္။ အဲဒီတုန္းက ႐ုံတင္ကားမရွိတာနဲ႔ ပရိသတ္မရွိတာနဲ႔ တစ္ကားကို ႏွစ္ပတ္ေတြ၊ သုံးပတ္ေတြ ဆြဲျပရတာေပါ့။ ေနာက္ႏွစ္ (၂၀၂၃)ေရာက္ေတာ့ နည္းနည္းမ်ားတယ္။ (၄၀)ေလာက္ထြက္သြားတယ္။ ေနာက္ၿပီးေတာ့ (၂၀၂၄) အတြက္ကိုက်ေတာ့ ကား (၅၀)။ ဒီႏွစ္က်ေတာ့ (၇၂) ကား။ ကြၽန္ေတာ္ထင္တယ္ ေရွ႕ႏွစ္ဆိုရင္ ကား (၉၀) ေလာက္မ်ားရွိမလား မသိဘူး"ဟု ဦးခ်မ္းသာၾကည္စိုး က ေျပာသည္။
လက္ရွိတြင္ ထုတ္လုပ္အားလည္းမ်ား ေနၿပီး ဆင္ဆာတင္ေသာဇာတ္ကားပမာဏပင္လွ်င္ တစ္လလွ်င္ (၁၂)ကားခန႔္အထိရွိေနေၾကာင္း ၎က ေျပာသည္။
" မ်ားမွာပဲ။ သူက ႏွစ္ပတ္မွာတစ္ကား တည္းပဲဝင္တယ္ဆိုရင္ ျဖတ္ကားက ဝင္တဲ့စနစ္ရွိေန တဲ့အတြက္ေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ တိုးတိုးသြားတာ ပဲ။ ဒီႏွစ္ထဲမွာ ခ်ိတ္ထားတာက ကား (၅၀)ေလာက္ ရွိတယ္။ အဲဒါက ရွစ္လပိုင္းေလာက္အထိသြားၿပီ။ အဲဒီၾကားထဲမွာ ျဖတ္ကားေတြဝင္ဦးမွာနဲ႔ဆိုရင္ ကား (၆၀)ေလာက္က ေသခ်ာေပါက ျဖစ္ေနၿပီ။ ဒါေၾကာင့္ (၉၀)အထိေရာက္သြားႏိုင္တယ္"ဟု ၎ကဆိုသည္။
(၂၀၂၅) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု စိစစ္အကဲျဖတ္ေရးအဖြဲ႕က (၂၀၂၅) ခုႏွစ္ အတြင္း႐ုံတင္ျပသခဲ့ေသာ ႐ုပ္ရွင္ဇာတ္ကား(၇၂)ကားအနက္ ဒုတိယအႀကိမ္ ျပန္လည္ၾကည့္ရႈအကဲ ျဖတ္သည့္ (၂၂)ကားစာရင္းကိုထုတ္ျပန္ထားရာ ေမတၱာအေမြပုဂံေျမ၊ ရာသက္ပန္ငါ့ေကာင္မေလး၊ ေမာင့္မိဖုရား၊ ျပဳစား၊ ဖီလင္၊ ကံ့ေကာ္နီ၊ ေျဗာသံ၊ ေျမစာ၊ ဂုဏ္၊ သူေတာ္တေစၦ၊ ပၪၥလက္မိုး၊ ပန္းၿမိဳင္ လယ္မွဥယ်ာဥ္မႉး၊ နတ္ဝင္သည္၊ ျမစ္လက္တက္ေပမဲ့ ေရစီးက ၾကမ္းတယ္၊ ျပန္မေျပာရ၊ ဆရာမ(၂)၊ ညမဂၤလာ၊ ၿမိဳ႕ျပထဲကလမ္းမမ်ား၊ ႏွင္းပြင့္ေစရာ၊ အႏွစ္၊ အဆိပ္၊ ဘဝကိုစားေသာ ကိန္းဂဏန္းမ်ားတို႔ ျဖစ္သည္။
NP News က စုံစမ္းသိ ရွိရေသာအခ်က္အလက္မ်ားအရ အဆိုပါ စာရင္းဝင္ ဇာတ္ကားမ်ားအနက္ ႐ုပ္ရွင္ဇာတ္ကားတစ္ကား၏ ေနာက္ကြယ္တြင္ ရာဇဝတ္မႈမွ ထြက္ေျပးတိမ္းေရွာင္ ေနသူတစ္ဦးက လွ်ိဳ႕ဝွက္ထုတ္လုပ္သူအျဖစ္ ပါဝင္ ေနေၾကာင္းသိရသည္။