အမေရိကန်နှင့် စေ့စပ်ရေးလမ်းကြောင်းကို အီရန် ဖြတ်တောက် ပိတ်ပင်

 258

ဂျန်ဇက် (NP News) ဇန်နဝါရီ ၂၉
အမေရိကန်အစိုးရနှင့်ပြုလုပ်နေသည်ဆိုသော တရားဝင် ဆွေးနွေးမှူနှင့်လျှို့ဝှက်ဆွေးနွေးမှုများကိုရပ်ဆိုင်းလိုက်သလိုဖြစ်ကြားခံနိုင်ငံဖြစ်သည့် အိုမန် နိုင်ငံ မှတစ်ဆင့် ဆက်သွယ်သည့် လမ်းကြောင်းကိုလည်း လက်ရှိတွင် ပိတ်ထားပြီဖြစ်ကြောင်း အီရန်အစိုးရက ပြောသည်။အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အရာချီ ကအမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) နှင့် တွေ့ဆုံရန် ချိန်းဆိုထားခြင်းမရှိသလို၊ မည်သည့် သံတမန်ရေးရာ စကားပြောဆိုမှုမှလည်း ရှိမနေကြောင်း အတည်ပြုခဲ့သည်။ထိုအပြင် အီရန်အစိုးရသည်အနောက်နိုင်ငံ သံတမန်အသိုင်းအဝိုင်းမှ ထွက်ပေါ်နေသော "Muscat Process" ဟုခေါ်သည့် အိုမန်နိုင်ငံ မူစကတ်မြို့မှတစ်ဆင့် လျှို့ဝှက်ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဟူသော သတင်းများကို လည်း ငြင်းဆန်ပယ်ချခဲ့သည်။အီရန်နိုင်ငံခြားရေးဝန်ကြီး အရာချီက "ခြိမ်းခြောက်မှုများနှင့် အကျပ်ကိုင်မှုများ ရှိနေသရွေ့ အီရန်ဘက်မှ မည်သည့် ဆွေးနွေးပွဲကိုမျှ လက်ခံမည်မဟုတ်" ဟု ပြတ်သားစွာ တုံ့ပြန်ခဲ့သည်။အီရန်၏ ယခုကြေညာချက်သည် 'ဆွေးနွေးရေးတံခါး လုံးဝပိတ်လိုက်ခြင်း' ထက်၊ လက်ရှိ တင်းမာနေသော စစ်ရေးအခြေအနေများကြောင့် 'ခေတ္တရပ်ဆိုင်းထားခြင်း' (Strategic Pause) ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ယုံကြည်စိတ်ချရဆုံး ကြားခံဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အိုမန် နိုင်ငံ ကြားဝင်စေစပ့်ပေးသည့်လမ်းကြောင်း ရပ်ဆိုင်းသွားခြင်းက ဒေသတွင်း အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ကြောင်း သတိပေးထားကြသည်။လက်ရှိအချိန်တွင် အမေရိကန် နှင့် အီရန်ကြားတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဆွေးနွေးမှုများအတွက် အချိန်ဇယား မရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်

Zawgyi Version:
အေမရိကန္ႏွင့္ ေစ့စပ္ေရးလမ္းေၾကာင္းကို အီရန္ ျဖတ္ေတာက္ ပိတ္ပင္
ဂ်န္ဇက္ (NP News) ဇန္နဝါရီ ၂၉
အေမရိကန္အစိုးရႏွင့္ျပဳလုပ္ေနသည္ဆိုေသာ တရားဝင္ ေဆြးေႏြးမႉႏွင့္လွ်ိဳ႕ဝွက္ေဆြးေႏြးမႈမ်ားကိုရပ္ဆိုင္းလိုက္သလိုျဖစ္ၾကားခံႏိုင္ငံျဖစ္သည့္ အိုမန္ ႏိုင္ငံ မွတစ္ဆင့္ ဆက္သြယ္သည့္ လမ္းေၾကာင္းကိုလည္း လက္ရွိတြင္ ပိတ္ထားၿပီျဖစ္ေၾကာင္း အီရန္အစိုးရက ေျပာသည္။အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘက္စ္ အရာခ်ီ ကအေမရိကန္သမၼတ၏ အေရွ႕အလယ္ပိုင္းဆိုင္ရာ အထူးကိုယ္စားလွယ္ စတိဗ္ဝစ္ေကာ့ဖ္ (Steve Witkoff) ႏွင့္ ေတြ႕ဆုံရန္ ခ်ိန္းဆိုထားျခင္းမရွိသလို၊ မည္သည့္ သံတမန္ေရးရာ စကားေျပာဆိုမႈမွလည္း ရွိမေနေၾကာင္း အတည္ျပဳခဲ့သည္။ထိုအျပင္ အီရန္အစိုးရသည္အေနာက္ႏိုင္ငံ သံတမန္အသိုင္းအဝိုင္းမွ ထြက္ေပၚေနေသာ "Muscat Process" ဟုေခၚသည့္ အိုမန္ႏိုင္ငံ မူစကတ္ၿမိဳ႕မွတစ္ဆင့္ လွ်ိဳ႕ဝွက္ေဆြးေႏြးမႈမ်ား ျပန္လည္စတင္ေနၿပီဟူေသာ သတင္းမ်ားကို လည္း ျငင္းဆန္ပယ္ခ်ခဲ့သည္။အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အရာခ်ီက "ၿခိမ္းေျခာက္မႈမ်ားႏွင့္ အက်ပ္ကိုင္မႈမ်ား ရွိေနသေ႐ြ႕ အီရန္ဘက္မွ မည္သည့္ ေဆြးေႏြးပြဲကိုမွ် လက္ခံမည္မဟုတ္" ဟု ျပတ္သားစြာ တုံ႔ျပန္ခဲ့သည္။အီရန္၏ ယခုေၾကညာခ်က္သည္ 'ေဆြးေႏြးေရးတံခါး လုံးဝပိတ္လိုက္ျခင္း' ထက္၊ လက္ရွိ တင္းမာေနေသာ စစ္ေရးအေျခအေနမ်ားေၾကာင့္ 'ေခတၱရပ္ဆိုင္းထားျခင္း' (Strategic Pause) ျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ား ရွိေနသည္။ယုံၾကည္စိတ္ခ်ရဆုံး ၾကားခံဆက္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ အိုမန္ ႏိုင္ငံ ၾကားဝင္ေစစပ့္ေပးသည့္လမ္းေၾကာင္း ရပ္ဆိုင္းသြားျခင္းက ေဒသတြင္း အေျခအေနကို ပိုမို ရႈပ္ေထြးသြားေစႏိုင္ေၾကာင္း သတိေပးထားၾကသည္။လက္ရွိအခ်ိန္တြင္ အေမရိကန္ ႏွင့္ အီရန္ၾကားတိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ ေဆြးေႏြးမႈမ်ားအတြက္ အခ်ိန္ဇယား မရွိေသးေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳထားသည္

Related news

© 2021. All rights reserved.