ဗြိတိန်ဝန်ကြီးချုပ် တရုတ်ရောက်ရှိ

 470

HtayOung (NP News) - ဇန်နဝါရီလ ၂၉

ဂရင်းလန်ကျွန်းအရေး ခြိမ်းခြောက်နေတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံများအကြား ဆက်ဆံရေး တင်းမာနေစဉ် ယူကေဝန်ကြီးချုပ် ကီယာစတမ်မာဟာ ပေကျင်းမြို့ကို ရောက်ရှိလာတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယနေ့ရေးသားပါတယ်။

၂ဝ၁၈ ခုနှစ်နောက်ပိုင်း ယူကေဝန်ကြီးချုပ်တစ်ဦးရဲ့ ပထမဆုံးတရုတ်နိုင်ငံ ခရီးစဉ်ဟာ ဥရောပ သံမဏိမဟာမိတ်နိုင်ငံများ အနေနဲ့ ခန့်မှန်းရခက်ခဲလာတဲ့ အမေရိကန်အပေါ် မှီခိုမှု လျှော့ချပြီး
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ပြုပြင်မှာ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင် (၅ဝ) ကျော်လိုက်ပါလာတဲ့ ယူကေဝန်ကြီးချုပ်ရဲ့ သုံးရက်ကြာ တရုတ်ခရီးစဉ်မှာ သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျန်းတို့နဲ့ တွေ့ဆုံပြီး ရှန်ဟိုင်းမြို့ကို ဆက်လက်ထွက်ခွာပါလိမ့်မယ်
အဲဒီနောက်မှာတော့ ဗြိတိန်သို့ မပြန်မီ ဂျပန်နိုင်ငံကို ခေတ္တဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် ယူကေ ဆေးဝါးကုမ္ပဏီ "အက်စရာဇီနီးကား" က တရုတ်နိုင်ငံမှာ ဒေါ်လာ (၁၅) ဘီလီယံရင်းနှီးမြှပ်နှံလိုကြောင်း စတမ်မာက ကြေညာပြီး ယူကေရဲ့ဆောင်ရွက်မှုကို တရုတ်သမ္မတက ချီးကျူးဂုဏ်ပြုပါတယ်။

ယ‌မန်နေ့အထိ ကျွန်တော်တို့ မြန်မာဘာသာ အွန်လိုင်း စဆရကတွေကတော့ ရှီကျင့်ဖျင်ကို အာဏာသိမ်းမယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် တင့်ကားတွေဟာ ပေကျင်းမြို့နေရာအနှံ့မှာ မောင်းနှင်သွားလာနေကြောင်း ဖြတ်ညှပ်ကပ် ဓါတ်ပုံများနဲ့ သတင်းတု လွှင့်တင်နေကြတုန်းပဲလို့ သိရပါတယ်။

ယခုရက်ပိုင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ " ပါဝါအရွေ့" ဟာ မြန်မာလို ဖွံ့ဖြိုးဆဲ- အခက်တွေ့နိုင်ငံများအတွက် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာနိုင်ဖွယ်ရှိပါတယ်။

zawgyi version

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ တ႐ုတ္ေရာက္ရွိ

HtayOung (NP News) - ဇန္နဝါရီလ ၂၉

ဂရင္းလန္ကြၽန္းအေရး ၿခိမ္းေျခာက္ေနတဲ့ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံမ်ားအၾကား ဆက္ဆံေရး တင္းမာေနစဥ္ ယူေကဝန္ႀကီးခ်ဳပ္ ကီယာစတမ္မာဟာ ေပက်င္းၿမိဳ႕ကို ေရာက္ရွိလာတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီက ယေန႔ေရးသားပါတယ္။

၂ဝ၁၈ ခုႏွစ္ေနာက္ပိုင္း ယူေကဝန္ႀကီးခ်ဳပ္တစ္ဦးရဲ႕ ပထမဆုံးတ႐ုတ္ႏိုင္ငံ ခရီးစဥ္ဟာ ဥေရာပ သံမဏိမဟာမိတ္ႏိုင္ငံမ်ား အေနနဲ႔ ခန႔္မွန္းရခက္ခဲလာတဲ့ အေမရိကန္အေပၚ မွီခိုမႈ ေလွ်ာ့ခ်ၿပီး
ကမာၻ႔ဒုတိယစီးပြားေရးအင္အားအႀကီးဆုံး တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရး ျပန္လည္ျပဳျပင္မွာ ျဖစ္ေၾကာင္း ေဖာ္ျပေနပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ (၅ဝ) ေက်ာ္လိုက္ပါလာတဲ့ ယူေကဝန္ႀကီးခ်ဳပ္ရဲ႕ သုံးရက္ၾကာ တ႐ုတ္ခရီးစဥ္မွာ သမၼတရွီက်င့္ဖ်င္၊ ဝန္ႀကီးခ်ဳပ္ လီက်န္းတို႔နဲ႔ ေတြ႕ဆုံၿပီး ရွန္ဟိုင္းၿမိဳ႕ကို ဆက္လက္ထြက္ခြာပါလိမ့္မယ္
အဲဒီေနာက္မွာေတာ့ ၿဗိတိန္သို႔ မျပန္မီ ဂ်ပန္ႏိုင္ငံကို ေခတၱဝင္ေရာက္ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

သမၼတ ရွီက်င့္ဖ်င္နဲ႔ ေတြ႕ဆုံစဥ္ ယူေက ေဆးဝါးကုမၸဏီ "အက္စရာဇီနီးကား" က တ႐ုတ္ႏိုင္ငံမွာ ေဒၚလာ (၁၅) ဘီလီယံရင္းႏွီးျမႇပ္ႏွံလိုေၾကာင္း စတမ္မာက ေၾကညာၿပီး ယူေကရဲ႕ေဆာင္႐ြက္မႈကို တ႐ုတ္သမၼတက ခ်ီးက်ဴးဂုဏ္ျပဳပါတယ္။

ယ‌မန္ေန႔အထိ ကြၽန္ေတာ္တို႔ ျမန္မာဘာသာ အြန္လိုင္း စဆရကေတြကေတာ့ ရွီက်င့္ဖ်င္ကို အာဏာသိမ္းမယ့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ တင့္ကားေတြဟာ ေပက်င္းၿမိဳ႕ေနရာအႏွံ႔မွာ ေမာင္းႏွင္သြားလာေနေၾကာင္း ျဖတ္ညႇပ္ကပ္ ဓါတ္ပုံမ်ားနဲ႔ သတင္းတု လႊင့္တင္ေနၾကတုန္းပဲလို႔ သိရပါတယ္။

ယခုရက္ပိုင္း ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားရဲ႕ " ပါဝါအေ႐ြ႕" ဟာ ျမန္မာလို ဖြံ႕ၿဖိဳးဆဲ- အခက္ေတြ႕ႏိုင္ငံမ်ားအတြက္ အခြင့္အလမ္းေကာင္းမ်ား ေပၚေပါက္လာႏိုင္ဖြယ္ရွိပါတယ္။

Related news

© 2021. All rights reserved.