ဒါဝင်ဆိပ်ကမ်း တရုတ်အငှားချထားမှုကို သြစတြေးလျက ပြန်လည်ရုတ်သိမ်းခဲ့လျင် ရှီကျင့်ဖျင်အစိုးရ၏ စွက်ဖက်မှု ဖြစ်ပေါ်လာနိုင်ဟု သတိပေး၊ မြန်မာ ကျောက်ဖြူဆိပ်ကမ်း လွယ်သလား ခက်သလား (သုံးသပ်ဆောင်းပါး)

 566

HtayOung (NP News)ဇန်နဝါရီ-၃၀
ဒါဝင်ဆိပ်ကမ်းမှ တရုတ်ပိုင်ဆိုင်မှုကို ပြန်လည်ရုတ်သိမ်းမယ့် သြစတြေးလျအစိုးရရဲ့ အစီအစဉ်ဟာ နှစ်နိုင်ငံ ကုန်သွယ်ဆက်ဆံရေးကို ထိခိုက်စေပြီး ပေကျင်းအနေနဲ့လည်း မလွှဲမရှောင်သာ တုံ့ပြန်ရဖို့ ဖြစ်လာနိုင် ကြောင်း ဩစတြေးလျဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်ကျန်းသတိပေးလိုက်တယ်လို့ “ဂါးဒီးယန်း” (28 January 2026) က ရေးပါတယ်။

သြစတြေးလျဟာ မြောက်ပိုင်းနယ်မြေဒေသန္တရအစိုးရနဲ့ (ကင်ဘာရာ) မြို့တော်နယ်မြေ အစိုးရရယ်လို့ အုပ် ချုပ်ရေး အဖွဲ့အစည်းကြီး ၂-ခု ပါဝင်တဲ့ ဖက်ဒရယ်တိုင်းပြည်ဖြစ်ပါတယ်။ မြို့တော်နယ်မြေအစိုးရဟာ ဖက်ဒ ရယ် ဗဟိုအစိုးရဖြစ်ပြီး အခွင့်အာဏာပိုမိုကျယ်ပြန့်ပါတယ်။ ၂၀၁၅-ခုနှစ် သြစတြေးလျ မြောက်ပိုင်းနယ်မြေဒေ သန္တရအစိုးရက ပို့ဒါဝင်ဆိပ်ကမ်းရဲ့ နေရာ ၃-ခုအတွက် တရုတ် “Landbridge Group ကုမ္ပဏီ” ကို ၉၉-နှစ်ကြာ အငှားတင်ဒါ ချထားခဲ့ပါတယ်။

ဒီအတွက် တရုတ်ကုမ္ပဏီ အနေနဲ့ သြစတြေးလျနိုင်ငံရဲ့ မြောက်ဘက်အကျဆုံးနဲ့ ပထဝီနိုင်ငံရေး မဟာဗျူ ဟာမြောက် ဒါဝင်ဆိပ်ကမ်းမှာ ရာစုနှစ်တစ်ခုခန့်ကြာအောင် ဆိပ်ကမ်း စီမံခန့်ခွဲခွင့်၊ ဝင်ငွေ ရယူခွင့်၊ ဝန်ဆောင် အခကြေးငွေ ကောက်ယူပိုင်ခွင့်၊ ပြုပြင်ထိန်းသိမ်း ရင်းနှီးမြှုပ်နှံခွင့်၊ အခြား ကုမ္ပဏီများကို ပြန်လည်အငှားချထား ခွင့် ရရှိထားပါတယ်။ တရုတ် ကုမ္ပဏီက ဒေါ်လာ ၅၀၆-သန်းနဲ့ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး သြစတြေးလျ ဘက်က ကြည့်ရင်လဲ အဲ့ဒီငွေကြေးပမာဏဟာ ဒါဝင်ဆိပ်ကမ်းမှ ပုံမှန်ရရှိနေကျ ဝင်ငွေထက် ၂၅-ဆကျော် ပိုမို များပြားနေပါတယ်။ ဒါ့အပြင် လာမယ့် ၂၅-နှစ်အတွင်း နောက်ထပ် ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီရဲ့ ကတိကဝတ်ဟာ ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

အဲ့ဒီအချိန် တောင်တရုတ်ပင်လယ် လူမဲ့ကျွန်းစုများ၊ သန္တာကျောက်တန်းများကို ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တ ရုတ်နဲ့ ဒေသတွင်း နိုင်ငံများအကြား အငြင်းပွားမှုဟာ စတင်နှင့်နေခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်ကလည်း သန္တာ ကျောက်တန်းများပေါ်မှာ “ကျွန်းအတု” များ တည်ဆောက်နေပြီး၊ ဖိလစ်ပိုင်နိုင်ငံကလည်း ICJ/UNCLOS နိုင်ငံ တကာတရားရုံးများထံ တိုင်ကြားထားပြီး ဖြစ်ပါတယ်။ အမေရိကန်ကလည်း အဲ့ဒီရေပြင်အတွင်း FONOPs “လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် လှုပ်ရှားမှု” အနေနဲ့ စစ်သင်္ဘောများ ခုတ်မောင်းနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်တစ်ပြည်တည်း မူဝါဒအရ ထိုင်ဝမ်ဝေဟင်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ကျုးကျော်မှု- ကျွန်းနိုင်ငံအနီး စစ်ရေးစလေ့ကျင့်မှု-တားဆီးပိတ်ဆို့မှု မဖြစ်ပွားသေး၊ တရုတ်-အမေရိကန်ကြား စစ်ရေးထိပ်တိုက်တွေ့မှူ၊ ဂျပန်နိုင်ငံမှာ စစ်ဝါဒီများ အာဏာရရှိလာပြီး တရုတ်နဲ့ စစ်ရေးအပြန်အလှန် ခြိမ်း ခြောက်မှုများလည်း မရှိသေးပါဘူး၊ သြစတြေးလျအနေနဲ့ တရုတ်ကို စီးပွားရေးမိတ်ဖက်အဖြစ် ရှု့မြင်ဆက်ဆံ နေဆဲကာလဖြစ်ပါတယ်။

Landbridge Group ကုမ္ပဏီဟာ တရုတ်ဘီလီယံနာသူဋ္ဌေးကြီး “ယီချန်း” ပိုင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစု ဖြစ်ပေမယ့် တရုတ်ကွန်မြူနစ်အစိုးရနဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ခုချိန်မှာ တရုတ်ကုမ္ပဏီရဲ့ ၉၉-နှစ်ကြာ လုပ်ပိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းမယ့် သြစတြေးလျ လေဘာအစိုးရရဲ့ မူဝါဒကို တရုတ် သံအမတ် ကြီးက ဝေဖန်လိုက်ပါတယ်။ Landbridge ကို နှင်ထုတ်မယ်ဆိုရင် ဩစတြေးလျမြောက်ပိုင်းနဲ့ တရုတ်ကြား ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု- ကုန်သွယ်မှုများ ရေစုန်မျောစေနိုင်ကြောင်း၊ တရုတ်အစိုးရအနေနဲ့ နိုင်ငံ ရပ်ခြားမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီများရဲ့ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ပေးရန် တာ ဝန်ရှိတယ်လို့ ပြောပါတယ်။ အကယ်၍ သြစတြေးလျအနေနဲ့ အင်အားသုံး သို့မဟုတ် ပါဝါအမာနည်းလမ်းများ နဲ့ ဆိပ်ကမ်းကို ပြန်လည်ရယူမယ်ဆိုရင် ပေကျင်းကလည်း Landbridge ကို ကာကွယ်ရန် ဝင်ရောက်စွက် ဖက်ရဝလိမ့်မယ်လို့ သတိပေးပါတယ်။

အမေရိကန် အနောက်အုပ်စုရဲ့ ကာကွယ်ရေး-လုံခြုံရေး မဟာမိတ်ဖြစ်ပေမယ့် ဩစတြေးလျရဲ့ အကြီးဆုံး ကုန် သွယ်ဖက်နိုင်ငံဟာ တရုတ်ဖြစ်နေပြီး လွန်ခဲ့တဲ့ ပေကျင်းနဲ့ စုစုပေါင်းကုန်သွယ်မှုဟာ ဂျီဒီပီရဲ့ ၂၄% အမေရိကန် ဒေါ်လာ ၃၀၉ ဘီလီယံ ရှိပါတယ်။ တရုတ်ကုမ္ပဏီဟာ ဒါဝင်ဆိပ်ကမ်းမှာ နှစ်ပေါင်းများစွာ ဆက်တိုက်အရှုံးပေါ် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၉.၆ သန်း အမြတ်အစွန်း စတင်ရရှိခဲ့ပါတယ်။

ဒါဝင်ဆိပ်ကမ်းကို ပြန်လည်ရောင်းချဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း လက်ရှိဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဲ ဆွယ်ကာလမှာ ပြောဖူးပါတယ်။ ဒါပေမဲ့ ဒါဝင်ဆိပ်ကမ်း တရုတ်ရဲ့လုပ်ကိုင်ခွင့်ရပ်ဆိုင်းရေး ပြန်လည်သုံး သပ်ဖို့ ဖက်ဒရယ်အစိုးရက စီစဉ်ရလောက်အောင် သြတြေးလျရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက် မတွေ့ရှိခဲ့ကြောင်း အာဏာရပါတီရဲ့ အတိုက်အခံညွန့်ပေါင်းပါတီ အမတ်တွေက ပြောပါတယ်။

ဩစတြေးလျအနီး တရုတ်ရေတပ်ရဲ့ ကျည်အစစ်များနဲ့ စစ်ရေးလေ့ကျင့်တဲ့အတွက် စိုးရိမ်မှုများကို သံအမတ် ကြီး ရှောင်ကျန်းက ငြင်းပယ်ခဲ့ပါတယ်။ သဘာဝကျတဲ့ တိုက်ဆိုင်မှုမျှသာဖြစ်ပြီး သြစတြေးလျရဲ့ EEZ အထူး သီးသန့်အထူးစီးပွားရေဇုန်အတွင်းမှာ မဟုတ်ကြောင်း၊ (ဒါဝင်ဆိပ်ကမ်း လုပ်ပိုင်ခွင့်ကို) ထိုင်ဝမ်ပြဿနာနဲ့ အပေးအယူလုပ်ရန် မရှိကြောင်း၊ ဩစတြေးလျအနေနဲ့ “ပြန်လည်ပေါင်းစည်းထားသော တရုတ်”ကို လက်ခံ မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
.
(သြစတြေးလျ ဒါဝင်ဆိပ်ကမ်းနဲ့ မြန်မာ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တူသယောင်နဲ့ ကွဲလွဲချက် အတော် များပါတယ်။ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ယခုနောက်ပိုင်း အိန္ဒိယရေတပ်က တွင်ကျယ်လာ ခြင်း မတိုင်မီ နေတိုးစစ်သင်္ဘောများ လှုပ်ရှားနေပြီး ဖြစ်ပါတယ်။ ကျောက်ဖြူဆိပ်ကမ်းမှာလည်း ပထဝီအနေ အထားအရ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်နှင့်ပြီးပါပြီ၊)

နိုင်ငံသားတစ်ဦးအနေနဲ့ ပြောရရင် မြန်မာ့စီးပွားရေးကို ထိုးတင်ပေးမယ့် ကျောက်ဖြူ-ယူနန် CMEC “တရုတ်-မြန်မာစီးပွားရေး စင်္ကြံ” ဟာ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ “အချုပ်အခြာအာဏာ” “နယ်မြေပိုင်ဆိုင်မှု” စသ ဖြင့် နောက်ပြန် ငြင်းဆိုမှုများ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဒီလိုဖြစ်ရပ်မျိုးဟာ ဥရောပ တိုင်းပြည်တွေမှာ ရာစုနှစ်ချီ ဘာမှ မထူးဆန်းတဲ့ ကိစ္စဖြစ်နေပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက အားနည်းချက်မှာ တရုတ်နဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက် ပွင့်လင်းမြင်သာမှု မရှိခြင်းပဲ ဖြစ်ပါတယ်။ “မြစ်ဆုံကို ကန့်ကွက်ခြင်းမှာ ပြည်သူလူထု သဘောထားအဖြစ် မှတ်ယူတယ်” ဆိုတဲ့ NLD ဟာ သူတို့အာဏာရရှိလျင် မြစ်ဆုံစာချုပ်ကို ထုတ်ပြမယ်လို့ မဲဆွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် အစိုးရဖြစ်တဲ့အခါ မြစ်ဆုံ ပြန်လည်စတင်ရန် တိတ်တဆိတ်ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နဲ့ နောက်ထပ်စာချုပ် ပေါင်း ၃၃-ခု ထပ်မံချုပ်ဆိုခဲ့ရာ ဘာတွေ ပါဝင်တယ်ဆိုတာ မသိရှိရပါဘူး။

ပါကစ္စတန်- သီရိလင်္ကာမှာ တရုတ်နဲ့ အကျိုးတူ ပူးပေါင်းမှု စီမံကိန်းများ အရှုံးပေါ်နေဆဲဖြစ်ပါတယ်။ အနောက် အုပ်စု မီဒီယာများရဲ့ အနှုတ်လက္ခဏာသဘော ဝေဖန်ရေးသားချက်များကြောင့် အခြားပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မလာသေးခြင်း၊ ဧရာမ စီမံကိန်းကြီးကို အချိန်တိုအတွင်း ပုံအောဆောင်ရွက်တဲ့အတွက် သက်ဆိုင်ရာ တိုင်းပြည်မှာ ချေးငွေအတိုးတက်ပြီး တရုတ်အကြွေး လည်ပင်းခိုက်သွားခြင်းများ ဖြစ်နေပါတယ်။

ဒီအတွက် စီမံကိန်းကို သက်ဆိုင်ရာတိုင်းပြည်ရဲ့ ဂျီဒီပီနဲ့ ငွေပေါ်မှု အတိုင်းအတာအရ အပိုင်းလိုက်တည် ဆောက်ခြင်းဖြင့် ရှောင်လွှဲနိုင်ဖွယ် ရှိပါတယ်။

Zawgyi Version:
ဒါဝင္ဆိပ္ကမ္း တ႐ုတ္အငွားခ်ထားမႈကို ၾသစေၾတးလ်က ျပန္လည္႐ုတ္သိမ္းခဲ့လ်င္ ရွီက်င့္ဖ်င္အစိုးရ၏ စြက္ဖက္မႈ ျဖစ္ေပၚလာႏိုင္ဟု သတိေပး၊ ျမန္မာ ေက်ာက္ျဖဴဆိပ္ကမ္း လြယ္သလား ခက္သလား
HtayOung (NP News)ဇန္နဝါရီ-၃၀
ဒါဝင္ဆိပ္ကမ္းမွ တ႐ုတ္ပိုင္ဆိုင္မႈကို ျပန္လည္႐ုတ္သိမ္းမယ့္ ၾသစေၾတးလ်အစိုးရရဲ႕ အစီအစဥ္ဟာ ႏွစ္ႏိုင္ငံ ကုန္သြယ္ဆက္ဆံေရးကို ထိခိုက္ေစၿပီး ေပက်င္းအေနနဲ႔လည္း မလႊဲမေရွာင္သာ တုံ႔ျပန္ရဖို႔ ျဖစ္လာႏိုင္ ေၾကာင္း ဩစေၾတးလ်ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး ေရွာင္က်န္းသတိေပးလိုက္တယ္လို႔ “ဂါးဒီးယန္း” (28 January 2026) က ေရးပါတယ္။

ၾသစေၾတးလ်ဟာ ေျမာက္ပိုင္းနယ္ေျမေဒသႏၲရအစိုးရနဲ႔ (ကင္ဘာရာ) ၿမိဳ႕ေတာ္နယ္ေျမ အစိုးရရယ္လို႔ အုပ္ ခ်ဳပ္ေရး အဖြဲ႕အစည္းႀကီး ၂-ခု ပါဝင္တဲ့ ဖက္ဒရယ္တိုင္းျပည္ျဖစ္ပါတယ္။ ၿမိဳ႕ေတာ္နယ္ေျမအစိုးရဟာ ဖက္ဒ ရယ္ ဗဟိုအစိုးရျဖစ္ၿပီး အခြင့္အာဏာပိုမိုက်ယ္ျပန႔္ပါတယ္။ ၂၀၁၅-ခုႏွစ္ ၾသစေၾတးလ် ေျမာက္ပိုင္းနယ္ေျမေဒ သႏၲရအစိုးရက ပို႔ဒါဝင္ဆိပ္ကမ္းရဲ႕ ေနရာ ၃-ခုအတြက္ တ႐ုတ္ “Landbridge Group ကုမၸဏီ” ကို ၉၉-ႏွစ္ၾကာ အငွားတင္ဒါ ခ်ထားခဲ့ပါတယ္။

ဒီအတြက္ တ႐ုတ္ကုမၸဏီ အေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံရဲ႕ ေျမာက္ဘက္အက်ဆုံးနဲ႔ ပထဝီႏိုင္ငံေရး မဟာဗ်ဴ ဟာေျမာက္ ဒါဝင္ဆိပ္ကမ္းမွာ ရာစုႏွစ္တစ္ခုခန႔္ၾကာေအာင္ ဆိပ္ကမ္း စီမံခန႔္ခြဲခြင့္၊ ဝင္ေငြ ရယူခြင့္၊ ဝန္ေဆာင္ အခေၾကးေငြ ေကာက္ယူပိုင္ခြင့္၊ ျပဳျပင္ထိန္းသိမ္း ရင္းႏွီးျမႇဳပ္ႏွံခြင့္၊ အျခား ကုမၸဏီမ်ားကို ျပန္လည္အငွားခ်ထား ခြင့္ ရရွိထားပါတယ္။ တ႐ုတ္ ကုမၸဏီက ေဒၚလာ ၅၀၆-သန္းနဲ႔ တင္ဒါေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး ၾသစေၾတးလ် ဘက္က ၾကည့္ရင္လဲ အဲ့ဒီေငြေၾကးပမာဏဟာ ဒါဝင္ဆိပ္ကမ္းမွ ပုံမွန္ရရွိေနက် ဝင္ေငြထက္ ၂၅-ဆေက်ာ္ ပိုမို မ်ားျပားေနပါတယ္။ ဒါ့အျပင္ လာမယ့္ ၂၅-ႏွစ္အတြင္း ေနာက္ထပ္ ေဒၚလာ သန္း ၂၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမယ့္ တ႐ုတ္ကုမၸဏီရဲ႕ ကတိကဝတ္ဟာ ဆြဲေဆာင္မႈတစ္ခု ျဖစ္ေနပါတယ္။

အဲ့ဒီအခ်ိန္ ေတာင္တ႐ုတ္ပင္လယ္ လူမဲ့ကြၽန္းစုမ်ား၊ သႏၲာေက်ာက္တန္းမ်ားကို ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး တ ႐ုတ္နဲ႔ ေဒသတြင္း ႏိုင္ငံမ်ားအၾကား အျငင္းပြားမႈဟာ စတင္ႏွင့္ေနခဲ့ၿပီး ျဖစ္ပါတယ္။ တ႐ုတ္ကလည္း သႏၲာ ေက်ာက္တန္းမ်ားေပၚမွာ “ကြၽန္းအတု” မ်ား တည္ေဆာက္ေနၿပီး၊ ဖိလစ္ပိုင္ႏိုင္ငံကလည္း ICJ/UNCLOS ႏိုင္ငံ တကာတရား႐ုံးမ်ားထံ တိုင္ၾကားထားၿပီး ျဖစ္ပါတယ္။ အေမရိကန္ကလည္း အဲ့ဒီေရျပင္အတြင္း FONOPs “လြတ္လပ္စြာ ေရေၾကာင္းသြားလာခြင့္ လႈပ္ရွားမႈ” အေနနဲ႔ စစ္သေဘၤာမ်ား ခုတ္ေမာင္းေနၿပီျဖစ္ပါတယ္။

ဒါေပမဲ့ တ႐ုတ္တစ္ျပည္တည္း မူဝါဒအရ ထိုင္ဝမ္ေဝဟင္ပိုင္နက္အတြင္း တ႐ုတ္စစ္ေလယာဥ္မ်ား က်ဳးေက်ာ္မႈ- ကြၽန္းႏိုင္ငံအနီး စစ္ေရးစေလ့က်င့္မႈ-တားဆီးပိတ္ဆို႔မႈ မျဖစ္ပြားေသး၊ တ႐ုတ္-အေမရိကန္ၾကား စစ္ေရးထိပ္တိုက္ေတြ႕မႉ၊ ဂ်ပန္ႏိုင္ငံမွာ စစ္ဝါဒီမ်ား အာဏာရရွိလာၿပီး တ႐ုတ္နဲ႔ စစ္ေရးအျပန္အလွန္ ၿခိမ္း ေျခာက္မႈမ်ားလည္း မရွိေသးပါဘူး၊ ၾသစေၾတးလ်အေနနဲ႔ တ႐ုတ္ကို စီးပြားေရးမိတ္ဖက္အျဖစ္ ရႈ႕ျမင္ဆက္ဆံ ေနဆဲကာလျဖစ္ပါတယ္။

Landbridge Group ကုမၸဏီဟာ တ႐ုတ္ဘီလီယံနာသူေ႒းႀကီး “ယီခ်န္း” ပိုင္ ပုဂၢလိက စီးပြားေရးလုပ္ငန္းစု ျဖစ္ေပမယ့္ တ႐ုတ္ကြန္ျမဴနစ္အစိုးရနဲ႔ အလြန္နီးကပ္တဲ့ ဆက္ဆံေရးရွိပါတယ္။ ခုခ်ိန္မွာ တ႐ုတ္ကုမၸဏီရဲ႕ ၉၉-ႏွစ္ၾကာ လုပ္ပိုင္ခြင့္ကို ျပန္လည္႐ုတ္သိမ္းမယ့္ ၾသစေၾတးလ် ေလဘာအစိုးရရဲ႕ မူဝါဒကို တ႐ုတ္ သံအမတ္ ႀကီးက ေဝဖန္လိုက္ပါတယ္။ Landbridge ကို ႏွင္ထုတ္မယ္ဆိုရင္ ဩစေၾတးလ်ေျမာက္ပိုင္းနဲ႔ တ႐ုတ္ၾကား ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈ- ကုန္သြယ္မႈမ်ား ေရစုန္ေမ်ာေစႏိုင္ေၾကာင္း၊ တ႐ုတ္အစိုးရအေနနဲ႔ ႏိုင္ငံ ရပ္ျခားမွာ စီးပြားေရးလုပ္ကိုင္ေနတဲ့ တ႐ုတ္ကုမၸဏီမ်ားရဲ႕ တရားဝင္အက်ိဳးစီးပြားမ်ားကို ကာကြယ္ေပးရန္ တာ ဝန္ရွိတယ္လို႔ ေျပာပါတယ္။ အကယ္၍ ၾသစေၾတးလ်အေနနဲ႔ အင္အားသုံး သို႔မဟုတ္ ပါဝါအမာနည္းလမ္းမ်ား နဲ႔ ဆိပ္ကမ္းကို ျပန္လည္ရယူမယ္ဆိုရင္ ေပက်င္းကလည္း Landbridge ကို ကာကြယ္ရန္ ဝင္ေရာက္စြက္ ဖက္ရဝလိမ့္မယ္လို႔ သတိေပးပါတယ္။

အေမရိကန္ အေနာက္အုပ္စုရဲ႕ ကာကြယ္ေရး-လုံၿခဳံေရး မဟာမိတ္ျဖစ္ေပမယ့္ ဩစေၾတးလ်ရဲ႕ အႀကီးဆုံး ကုန္ သြယ္ဖက္ႏိုင္ငံဟာ တ႐ုတ္ျဖစ္ေနၿပီး လြန္ခဲ့တဲ့ ေပက်င္းနဲ႔ စုစုေပါင္းကုန္သြယ္မႈဟာ ဂ်ီဒီပီရဲ႕ ၂၄% အေမရိကန္ ေဒၚလာ ၃၀၉ ဘီလီယံ ရွိပါတယ္။ တ႐ုတ္ကုမၸဏီဟာ ဒါဝင္ဆိပ္ကမ္းမွာ ႏွစ္ေပါင္းမ်ားစြာ ဆက္တိုက္အရႈံးေပၚ ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္မွာေတာ့ အေမရိကန္ေဒၚလာ ၉.၆ သန္း အျမတ္အစြန္း စတင္ရရွိခဲ့ပါတယ္။

ဒါဝင္ဆိပ္ကမ္းကို ျပန္လည္ေရာင္းခ်ဖို႔ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း လက္ရွိဝန္ႀကီးခ်ဳပ္က ေ႐ြးေကာက္ပြဲ မဲ ဆြယ္ကာလမွာ ေျပာဖူးပါတယ္။ ဒါေပမဲ့ ဒါဝင္ဆိပ္ကမ္း တ႐ုတ္ရဲ႕လုပ္ကိုင္ခြင့္ရပ္ဆိုင္းေရး ျပန္လည္သုံး သပ္ဖို႔ ဖက္ဒရယ္အစိုးရက စီစဥ္ရေလာက္ေအာင္ ၾသေၾတးလ်ရဲ႕ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အေၾကာင္းျပခ်က္ မေတြ႕ရွိခဲ့ေၾကာင္း အာဏာရပါတီရဲ႕ အတိုက္အခံၫြန႔္ေပါင္းပါတီ အမတ္ေတြက ေျပာပါတယ္။

ဩစေၾတးလ်အနီး တ႐ုတ္ေရတပ္ရဲ႕ က်ည္အစစ္မ်ားနဲ႔ စစ္ေရးေလ့က်င့္တဲ့အတြက္ စိုးရိမ္မႈမ်ားကို သံအမတ္ ႀကီး ေရွာင္က်န္းက ျငင္းပယ္ခဲ့ပါတယ္။ သဘာဝက်တဲ့ တိုက္ဆိုင္မႈမွ်သာျဖစ္ၿပီး ၾသစေၾတးလ်ရဲ႕ EEZ အထူး သီးသန႔္အထူးစီးပြားေရဇုန္အတြင္းမွာ မဟုတ္ေၾကာင္း၊ (ဒါဝင္ဆိပ္ကမ္း လုပ္ပိုင္ခြင့္ကို) ထိုင္ဝမ္ျပႆနာနဲ႔ အေပးအယူလုပ္ရန္ မရွိေၾကာင္း၊ ဩစေၾတးလ်အေနနဲ႔ “ျပန္လည္ေပါင္းစည္းထားေသာ တ႐ုတ္”ကို လက္ခံ မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။
.
(ၾသစေၾတးလ် ဒါဝင္ဆိပ္ကမ္းနဲ႔ ျမန္မာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွာ တူသေယာင္နဲ႔ ကြဲလြဲခ်က္ အေတာ္ မ်ားပါတယ္။ ကပၸလီပင္လယ္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာ ယခုေနာက္ပိုင္း အိႏၵိယေရတပ္က တြင္က်ယ္လာ ျခင္း မတိုင္မီ ေနတိုးစစ္သေဘၤာမ်ား လႈပ္ရွားေနၿပီး ျဖစ္ပါတယ္။ ေက်ာက္ျဖဴဆိပ္ကမ္းမွာလည္း ပထဝီအေန အထားအရ တ႐ုတ္ရဲ႕ အိႏၵိယသမုဒၵရာ ထြက္ေပါက္ျဖစ္ႏွင့္ၿပီးပါၿပီ၊)

ႏိုင္ငံသားတစ္ဦးအေနနဲ႔ ေျပာရရင္ ျမန္မာ့စီးပြားေရးကို ထိုးတင္ေပးမယ့္ ေက်ာက္ျဖဴ-ယူနန္ CMEC “တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍ” ဟာ ျဖစ္သင့္တယ္လို႔ ယူဆပါတယ္။ “အခ်ဳပ္အျခာအာဏာ” “နယ္ေျမပိုင္ဆိုင္မႈ” စသ ျဖင့္ ေနာက္ျပန္ ျငင္းဆိုမႈမ်ား ရွိႏိုင္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ ဒီလိုျဖစ္ရပ္မ်ိဳးဟာ ဥေရာပ တိုင္းျပည္ေတြမွာ ရာစုႏွစ္ခ်ီ ဘာမွ မထူးဆန္းတဲ့ ကိစၥျဖစ္ေနပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ အဓိက အားနည္းခ်က္မွာ တ႐ုတ္နဲ႔ ပတ္သက္ၿပီး အစိုးရအဆက္ဆက္ ပြင့္လင္းျမင္သာမႈ မရွိျခင္းပဲ ျဖစ္ပါတယ္။ “ျမစ္ဆုံကို ကန႔္ကြက္ျခင္းမွာ ျပည္သူလူထု သေဘာထားအျဖစ္ မွတ္ယူတယ္” ဆိုတဲ့ NLD ဟာ သူတို႔အာဏာရရွိလ်င္ ျမစ္ဆုံစာခ်ဳပ္ကို ထုတ္ျပမယ္လို႔ မဲဆြယ္ခဲ့ပါတယ္။ ဒါေပမဲ့ ကိုယ္တိုင္ အစိုးရျဖစ္တဲ့အခါ ျမစ္ဆုံ ျပန္လည္စတင္ရန္ တိတ္တဆိတ္ေဆာင္႐ြက္ခဲ့ပါတယ္။ တ႐ုတ္နဲ႔ ေနာက္ထပ္စာခ်ဳပ္ ေပါင္း ၃၃-ခု ထပ္မံခ်ဳပ္ဆိုခဲ့ရာ ဘာေတြ ပါဝင္တယ္ဆိုတာ မသိရွိရပါဘူး။

ပါကစၥတန္- သီရိလကၤာမွာ တ႐ုတ္နဲ႔ အက်ိဳးတူ ပူးေပါင္းမႈ စီမံကိန္းမ်ား အရႈံးေပၚေနဆဲျဖစ္ပါတယ္။ အေနာက္ အုပ္စု မီဒီယာမ်ားရဲ႕ အႏႈတ္လကၡဏာသေဘာ ေဝဖန္ေရးသားခ်က္မ်ားေၾကာင့္ အျခားျပည္ပရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္မလာေသးျခင္း၊ ဧရာမ စီမံကိန္းႀကီးကို အခ်ိန္တိုအတြင္း ပုံေအာေဆာင္႐ြက္တဲ့အတြက္ သက္ဆိုင္ရာ တိုင္းျပည္မွာ ေခ်းေငြအတိုးတက္ၿပီး တ႐ုတ္အေႂကြး လည္ပင္းခိုက္သြားျခင္းမ်ား ျဖစ္ေနပါတယ္။

ဒီအတြက္ စီမံကိန္းကို သက္ဆိုင္ရာတိုင္းျပည္ရဲ႕ ဂ်ီဒီပီနဲ႔ ေငြေပၚမႈ အတိုင္းအတာအရ အပိုင္းလိုက္တည္ ေဆာက္ျခင္းျဖင့္ ေရွာင္လႊဲႏိုင္ဖြယ္ ရွိပါတယ္။

Related news

© 2021. All rights reserved.