နေပြည်တော်တွင် အိမ်ထောင်သည်အမျိုးသမီးအား အဓမ္မကျင့်သတ်ဖြတ်ကာ ပစ္စည်းလုယက်သူ(၂) ဦးကို သေဒဏ်ချမှတ်

 496

စိမ့်စမ်းရေ(NP News)-ဇန်နဝါရီ ၃၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် အိမ်ထောင်သည်အမျိုးသမီးအား အဓမ္မကျင့်သတ်ဖြတ်ကာ ပစ္စည်းလုယက်သူ(၂) ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး သက်သေဖျောက်ရာတွင်ပါဝင်သူ (၃) ဦးကိုလည်း ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက် မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်က ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်း ကျေး ရွာနေ အသက် (၂၃) နှစ်အရွယ် မအိအိငြိမ်း ၎င်း၏နေအိမ်မှ ယောက္ခမဖြစ်သူနေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေ (၆) နာရီခွဲအချိန်တွင် ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာသားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိရပြီး ၎င်းမောင်းနှင်သွားသည့် ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သဖြင့် တောင်ညိုနယ်မြေရဲစခန်း (ပ)အမှတ် ၄၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှ ပြစ်မှု ကျူးလွန်ခဲ့သူများဖြစ်သည့် ကဝမြို့နယ်၊ အင်းမော်ကျေးရွာနေ (၄၃)နှစ်အရွယ် သိန်းဇော်(ခ)ကိုသိန်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်နေ အသက် (၂၃) နှစ်အရွယ် သောင်းဝင်းအောင် (ခ) ချစ်ဖူး၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာနေ အသက် (၂၇)နှစ်အရွယ် အောင်ကိုဦး (ခ) ဘယ်ကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာနေ အသက် (၄၂) နှစ်အရွယ် နန်းရွှေစင် (ခ) ကုလားမ တို့ကို ပျောက်ဆုံးနေသည့် CANDA 110 ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလာားတူ ပူးပေါင်းပါဝင်ခဲ့သည့် ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဇော် (ခ) ကိုဇော် (၄၄)နှစ်ကို စက်တင်ဘာလ (၂) ရက်နေ့ ညပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာ၌ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ (၅) ဦးကို တောင်ညိုနယ်မြေရဲစခန်းမှ ဥတ္တရခရိုင်တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၇၆/ ၃၇၇/ ၃၉၄/ ၃၁၆ အရ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် မအိအိငြိမ်းအား အဓမ္မပြုကျင့်ကာ တုတ်နှင့်ရိုက်သတ်၍ နားကပ်၊ လက်စွပ်နှင့် ဆိုင်ကယ်တို့ကို လုယက်ယူဆောင်သွားသူ တရားခံ သိန်းဇော် (ခ) ကိုသိန်းနှင့် သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်နှစ် (၂၀)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် (၂၀)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် (၂၀) ၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် (၁၀)နှစ် စီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်အား ရောင်းချဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်ခဲ့ကြသည့် တရားခံအောင်ကိုဦး (ခ) ဘယ်ကြီး၊ နန်းရွှေစင် (ခ) ကုလားမ၊ အောင်ဇော် (ခ) ကိုဇော်တို့ကို ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် (၃) နှစ် ၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ် (၆)လ စီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအားသီးခြားစီ ကျခံစေရန် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ အိမ္ေထာင္သည္အမ်ိဳးသမီးအား အဓမၼက်င့္သတ္ျဖတ္ကာ ပစၥည္းလုယက္သူ(၂) ဦးကို ေသဒဏ္ခ်မွတ္
စိမ့္စမ္းေရ(NP News)-ဇန္နဝါရီ ၃၀
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ အိမ္ေထာင္သည္အမ်ိဳးသမီးအား အဓမၼက်င့္သတ္ျဖတ္ကာ ပစၥည္းလုယက္သူ(၂) ဦးကို ေသဒဏ္ခ်မွတ္ခဲ့ၿပီး သက္ေသေဖ်ာက္ရာတြင္ပါဝင္သူ (၃) ဦးကိုလည္း ေထာင္ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လ (၃၀) ရက္ မြန္းလြဲ (၁) နာရီခြဲအခ်ိန္ခန႔္က ဥတၱရသီရိၿမိဳ႕နယ္၊ ေမာင္းရမ္းအုပ္စု၊ ေမာင္းရမ္း ေက်း ႐ြာေန အသက္ (၂၃) ႏွစ္အ႐ြယ္ မအိအိၿငိမ္း ၎၏ေနအိမ္မွ ေယာကၡမျဖစ္သူေနအိမ္သို႔ တစ္ဦးတည္းဆိုင္ကယ္ျဖင့္ ထြက္ခြာသြား ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညေန (၆) နာရီခြဲအခ်ိန္တြင္ ဇေလာင္းအုပ္စု၊ ငန္းစပ္ေက်း႐ြာ၊ V 4 လမ္း၊ ေ႐ႊနံ႔သာသားသတ္႐ုံ၊ မ်က္ေစာင္းထိုးကားလမ္း အေရွ႕ဘက္ျခမ္း ၿခဳံေတာအတြင္း၌ ဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိရၿပီး ၎ေမာင္းႏွင္သြားသည့္ ဆိုင္ကယ္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ား ေပ်ာက္ဆုံးမႈျဖစ္ပြားခဲ့သျဖင့္ ေတာင္ညိဳနယ္ေျမရဲစခန္း (ပ)အမွတ္ ၄၆/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ ျဖင့္ အမႈေရးဖြင့္ကာ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာလ (၁) ရက္ေန႔ ညပိုင္းတြင္ ဇမၺဴသီရိၿမိဳ႕နယ္အတြင္းရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွ ျပစ္မႈ က်ဴးလြန္ခဲ့သူမ်ားျဖစ္သည့္ ကဝၿမိဳ႕နယ္၊ အင္းေမာ္ေက်း႐ြာေန (၄၃)ႏွစ္အ႐ြယ္ သိန္းေဇာ္(ခ)ကိုသိန္းႏွင့္ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္၊ အမွတ္(၆၇)ရပ္ကြက္ေန အသက္ (၂၃) ႏွစ္အ႐ြယ္ ေသာင္းဝင္းေအာင္ (ခ) ခ်စ္ဖူး၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ စိုက္ခင္း(၃)ေက်း႐ြာေန အသက္ (၂၇)ႏွစ္အ႐ြယ္ ေအာင္ကိုဦး (ခ) ဘယ္ႀကီး၊ ကဝၿမိဳ႕နယ္၊ ဝါးေတာေက်း႐ြာေန အသက္ (၄၂) ႏွစ္အ႐ြယ္ နန္းေ႐ႊစင္ (ခ) ကုလားမ တို႔ကို ေပ်ာက္ဆုံးေနသည့္ CANDA 110 ဆိုင္ကယ္ တစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလာားတူ ပူးေပါင္းပါဝင္ခဲ့သည့္ ေဒးဒရဲၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္ေန ေအာင္ေဇာ္ (ခ) ကိုေဇာ္ (၄၄)ႏွစ္ကို စက္တင္ဘာလ (၂) ရက္ေန႔ ညပိုင္းတြင္ ဒကၡိဏသီရိၿမိဳ႕နယ္၊ စိုက္ခင္း(၃)ေက်း႐ြာ၌ ထပ္မံဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ (၅) ဦးကို ေတာင္ညိဳနယ္ေျမရဲစခန္းမွ ဥတၱရခ႐ိုင္တရား႐ုံးသို႔ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/ ၃၇၆/ ၃၇၇/ ၃၉၄/ ၃၁၆ အရ တရားစြဲတင္ပို႔ခဲ့ရာ ရာဇဝတ္ႀကီးမႈအမွတ္ ၄၁/၂၀၂၅ ျဖင့္ လက္ခံစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္ေန႔တြင္ ျပစ္မႈထင္ရွားသျဖင့္ မအိအိၿငိမ္းအား အဓမၼျပဳက်င့္ကာ တုတ္ႏွင့္႐ိုက္သတ္၍ နားကပ္၊ လက္စြပ္ႏွင့္ ဆိုင္ကယ္တို႔ကို လုယက္ယူေဆာင္သြားသူ တရားခံ သိန္းေဇာ္ (ခ) ကိုသိန္းႏွင့္ ေသာင္းဝင္းေအာင္ (ခ) ခ်စ္ဖူးတို႔အား ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁) (ဂ) အရ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထိုျပင္ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ အရ ေထာင္ဒဏ္ႏွစ္ (၂၀)၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ (၁) အရ ေထာင္ဒဏ္ႏွစ္ (၂၀)၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ အရ ေထာင္ဒဏ္ႏွစ္ (၂၀) ၊ ရာဇသတ္ႀကီးပုဒ္မ ၃၁၆ အရ ေထာင္ဒဏ္ (၁၀)ႏွစ္ စီ အသီးသီးက်ခံေစရန္ႏွင့္ ျပစ္ဒဏ္မ်ားအား သီးျခားစီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ဆိုင္ကယ္အား ေရာင္းခ်ေဖ်ာက္ဖ်က္ရာတြင္ ပါဝင္က်ဴးလြန္ခဲ့ၾကသည့္ တရားခံေအာင္ကိုဦး (ခ) ဘယ္ႀကီး၊ နန္းေ႐ႊစင္ (ခ) ကုလားမ၊ ေအာင္ေဇာ္ (ခ) ကိုေဇာ္တို႔ကို ရာဇသတ္ႀကီးပုဒ္မ ၄၁၄ အရ ေထာင္ဒဏ္ (၃) ႏွစ္ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၀၂ အရ ေထာင္ဒဏ္ (၆)လ စီ အသီးသီးက်ခံေစရန္ႏွင့္ ျပစ္ဒဏ္မ်ားအားသီးျခားစီ က်ခံေစရန္ အသီးသီးအမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.