အိမ်ဖြူတော်လက်မခံလျှင် ကိုယ့်တိုင်းပြည်ကိုယ် မပိုင်ကြောင်းပြသလာသည့် အမေရိကန်ခေတ်သစ် ကိုလိုနီ နယ်ချဲ့အင်ပါယာဝါဒ (နိုင်ငံတကာ သုံးသပ်ဆောင်းပါး)

 357

Htay Oung (NP News)
ဂရင်းလန်းကျွန်းအရေး အမေရိကန်နဲ့ ဥရောပနိုင်ငံများအကြား အကျပ်အတည်းဟာ တစ်နေ့ တခြား ဆိုးရွားလာနေတယ်။ ဒီကိစ္စဟာ ကမ္ဘာ့ကုန်သွယ်ရေး၊ ရွှေဈေး၊ ငွေကြေးလဲလှယ်မှုနဲ့ ပထဝီနိုင်ငံ ရေးမှာ အနုတ်လက္ခဏာသဘော အကြီးအကျယ်ပြောင်းလဲ စေပါလိမ့်မယ်။
ဗင်နီဇွဲလားအစိုးရဟာ မူးယစ်ဆေးကုန်ကူးမှုမှာ နိုင်ငံတော်အဆင့်ပါဝင်တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ တကယ်တော့ အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးအမျိုးမျိုးခိုးသွင်းနေတာ ဗင်နီဇွဲ လားနိုင်ငံ တစ်ခုတည်းမဟုတ်ပါ။ အမေရိကန်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မက္ကဆီကိုအပါအဝင် ဒေသ တွင်း လက်တင်အမေရိက မူးယစ်ဂိုဏ်းအားလုံးပဲလို့ဆိုနိုင်ပါတယ်။ အမြတ်အစွန်းအလွန်များတဲ့ အဲဒီ ဒုစရိုက်လုပ်ငန်းမှာ အစိုးရအဆင့် ပါဝင်ပတ်သက်ကြောင်း အထောက်အထားမရှိပါ။
ယခုနှစ်ဆန်းပိုင်းမှာ အမေရိကန်စစ်တပ် အထူးကွန်မန်ဒိုတွေဟာ ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင် ရောက်ပြီး သမ္မတမာဒူရိုနဲ့ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့ပါတယ်။ နယူးယောက်ကိုခေါ်ဆောင်သွားပြီး မူးယစ် ဆေးဝါးအကြမ်းဖက်မှု၊ မူးယစ်ကုန်ကူးမှုတို့နဲ့ တရားစွဲဆိုခံနေရ ပါတယ်။ ကာရေဘီယန်ပင်လယ်မှာ အမေရိကန်ရေ တပ်ဟာ မူးယစ်ဆေးကုန်ကူးကြောင်း သံသယရှိတယ် လို့စွပ်စွဲခံရတဲ့သင်္ဘောတွေကို တိုက်ခိုက်ခြင်း၊ ဗင်နီဇွဲလားရေနံတင်သင်္ဘောတွေကို တားဆီးပိတ်ဆို့ခြင်းကြောင့် လပေါင်းများစွာ တင်းမာမှုမြင့်တက်ခဲ့ရပြီးနောက် ယခုလို ကျူးကျော်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက် ဗင်နီဇွဲလား လုံခြုံရေးတို့အပြင် အရပ်သား အတော်များများ သေဆုံးခဲ့ရပါတယ်။
မူးယစ်ဆေးကုန်ကူးမှုကင်းရှင်းတဲ့ ဗင်နီဇွဲလားရဲ့အသွင်ကူးပြောင်းရေးအတွက်ဖြစ်တယ်လို့ ကြွေး ကြော်ခဲ့သူ အမေရိကန်ဟာ အဲဒီကိစ္စတွေမှာ ဆက်လက်ဆောင်ရွက်ခြင်းထက် မာဒူရိုနောက်ပိုင်း ဗင်နီဇွဲ လား ယာယီအစိုးရနဲ့ ဆက်ဆံရေးပြေလည်နိုင်ဖို့ ပိုပြီးအလေးထားခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ ကမ္ဘာ့ အကြီး ဆုံး ရေနံသိုက်ကြီးကို လက်ဝါးကြီးအုပ်နိုင်ဖို့ အမေရိကန်အစိုးရ ထိန်းချုပ်ထားတဲ့ကုမ္ပဏီများမှ တစ်ဆင့် ရေနံကို ဈေးကွက်တင်ရောင်းချနိုင်ရေးသာ ဦးစားပေးလုပ်ဆောင်နေပါတယ်။ အမေရိကန်ရဲ့ ပြိုင်ဘက် တွေဖြစ်တဲ့ တရုတ်- ရုရှားတို့ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကိုကန့်သတ်ဖို့၊ ရန်လိုနိုင်ငံတွေရဲ့ ရေနံရရှိမှု လမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့တားဆီးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။
‌ဒေါ်နယ်ထရမ့်ရဲ့ “အမေရိကန်ဦးစားပေး” Am­erica First “အမေရိကန် ပြန်လည်ကြီးမြတ်ရန် ပြုလုပ်ရေး” Make America Great Again (MAGA) ကြွေးကြော်သံဟာ သူရဲ့ ပထမအကြိမ် ရာထူး သက်တမ်း (၂၀၁၆)ခုနှစ်တည်းကဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ် ရာထူးသက်တမ်း (၂၀၂၅)ခုနှစ် ကျမ်း သစ္စာကျိန်ဆိုပွဲမတိုင်မီ ထရမ့်ရဲ့ပြောဆိုချက်တွေမှာ ပိုမိုလေးနက်လာပြီး (တရုတ်ဩဇာလွှမ်းမိုးမှုမှ ကာ ကွယ်ရန်) သူတောင်းဆိုထားတဲ့ ပနားမားတူးမြောင်းကိစ္စမှာ စစ်အင်အားအသုံးပြုဖို့အထိ ဖွင့်ပြောလာပါ တယ်။
မြောက်ဝင်ရိုးစွန်းအနီး အာတိတ်သမုဒ္ဒရာအ တွင်း ဂရင်းလန်းကျွန်းကို ဒိန်းမတ်ထံမှဝယ်ယူလို ကြောင်း ထရမ့်ကဆန္ဒရှိတယ်လို့ (၂၀၁၉)ခုနှစ် ဝေါလ်စထရိဂျာနယ်က ရေးဖူးပါတယ်။ “မဟာဗျူဟာ အရအရေးပါတယ်” လို့ ထရမ့်ကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရယ်စရာပြောခြင်းမဟုတ်ဘဲ အမေ ရိကန်အစိုးရအဖွဲ့အတွင်း တရားဝင်ဆွေးနွေးချက်တွေဖြစ်ပါတယ်။ “ဂရင်းလန်းဟာ ရောင်းစရာမဟုတ် ပါဘူး” လို့ ဒိန်းမတ်ဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ပြောတဲ့အခါ ထရမ့်စိတ်ခုသွားပြီး ဒိန်းမတ်ကို သွားရောက်လည်ပတ်မယ့် သူ့ရဲ့အစီအစဉ်ကို ဖျက်သိမ်းခဲ့ဖူးပါတယ်။
ခေတ်မီနည်းပညာနဲ့ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်အရေးပါတဲ့ မြေရှားသတ္တုဒြပ်စင်များ၊ ထုတ်ယူခြင်းမပြုရသေးတဲ့ ဧရာမ သယံဇာတသိုက် ကြီးတွေဟာ ဂရင်းလန်းကျွန်းမှာတည်ရှိနေပါတယ်။ ယခု ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသရေခဲများ အရည်ပျော် လာတဲ့အတွက် အရှေ့အနောက်နိုင်ငံများအကြား ဖြတ်လမ်းသဖွယ် ကမ္ဘာ့မြောက်ပိုင်း ရေလမ်းကြောင်း သစ်များ ပေါ်ပေါက်လာခြင်းကြောင့် ဂရင်းလန်းဟာ အရေးကြီး ပထဝီဝင် တံခါးပေါက်တစ်ခုဖြစ်လာ တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရုရှားနဲ့တရုတ်ရေတပ်ဟာ ပိုမိုအင်အားကြီးထွားလာပြီး စွမ်းရည်ထက် မြက်လာပါတယ်။ အရေးကြီးဆက်သွယ်ရေး ရေအောက်ကေ ဘယ်ကြိုးများချထားရေးဟာ ကမ္ဘာ့အအေး ဆုံးနယ်မြေတစ်ခုကို အင်အားကြီးနိုင်ငံတွေကြား ပဋိပက္ခအသစ်တစ်ခုအဖြစ် ပြန်လည်မီးမွှေးဖို့ အဆင် သင့်ဖြစ်စေခဲ့ပါတယ်။
(၁၉၉၁)ခုနှစ် ဆိုဗီယက်အင်ပါယာပြိုကွဲပြီး နောက်ပိုင်း NATO (နေတိုး)ခေါ် မြောက်အတ္တ လန္တိတ်စာချုပ်အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အာ တိတ်ဒေသလုံခြုံရေးမှာ ရင်းနှီးမြှုပ်နှံမှု အလွန်နည်း ပါးခဲ့ပါတယ်။ တကယ်တော့ အမေရိကန်အနေနဲ့ (၁၉၅၁)ခုနှစ် ကာကွယ်ရေးသဘောတူညီချက်အရ အနောက်မြောက်ဂရင်းလန်းမှာ ယခင် “သူးလေ” လေတပ်အခြေစိုက်စခန်း ယခု “ဘီတူဖိခ်” အာကာ သစခန်းကို ဖွင့်လှစ်လုပ်ကိုင်နေပြီးဖြစ်တယ်။ ဒါပေမဲ့ ထရမ့်ရဲ့ဆန္ဒက ဂရင်းလန်းကို အချိန်ကာလသတ် မှတ်ချက်နဲ့ ငှားရမ်းအသုံးပြုလိုခြင်းမဟုတ်ဘဲ အပြီးတိုင် အပိုင်ရရှိလိုခြင်းဖြစ်ပါတယ်။ ဂရင်းလန်းရဲ့ မဟာဗျူဟာမြောက်အရေးပါမှုနဲ့ အာတိတ်ဒေသ ရုရှားနဲ့ တရုတ်တို့ရဲ့လွှမ်းမိုးမှုကို ကာကွယ်ရန် ဖြစ် ကြောင်း၊ Golden Dome “ရွှေရောင်အမိုးခုံး” လို့အမည်ပေးထားတဲ့ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဂရင်းလန်းကို “ပိုင်ဆိုင်” သို့မဟုတ် “သိမ်းပိုက်” နိုင်မှဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်က သူ့ဆန္ဒကို ထပ် လောင်းအတည်ပြုတယ်။
တကယ်တော့ ဂရင်းလန်းရဲ့ ဧရိယာအရွယ်အစားကြီးမားမှုက ဆွဲဆောင်မှုရဲ့တစ်စိတ်တစ်ပိုင်း လို့ထင်ရပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ သုံးဆလောက် အရွယ်အစားရှိပြီး စတုရန်းမိုင် (၆၆၅,ဝဝဝ) လောက် ပဲရှိတဲ့ အလာစကာထက်ပိုမိုကြီးမားတဲ့ နယ်မြေတစ်ခုပါ။ ဧရိယာအများစုဟာ လူနေထိုင်လို့ မရနိုင်လောက်အောင် ပထဝီအနေအထားနဲ့ ရာသီဥတုဆိုးရွားတယ်ဆိုပေမယ့် ထရမ့်ကို စိတ်အနှောင့် အယှက်မဖြစ်စေပါဘူး။ သူ့တစ်သက်တာကျင်လည်ခဲ့တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလို သဘောထားပုံရပါတယ်။ အနိုင်ရခဲ့ရင် အမေရိကန်သမိုင်းမှာ အကြီးမားဆုံး မြေယာဝယ်ယူမှုကို ပြီး မြောက်အောင် လုပ်ဆောင်နိုင် မှာဖြစ်ပြီး (၁၈၆၇)ခုနှစ် အလက်စကာနယ်မြေကို ရုရှားထံမှ တစ်ဧက (၂) ဆင့်လောက်နဲ့ဝယ်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဝီလျံအိပ်ချ်ဆီးဝါ့ဒ်ရဲ့ ညှိနှိုင်း မှုထက်တောင် ပိုမိုခမ်းနား ပါလိမ့်မယ်။
အမေရိကန်ရဲ့နယ်မြေရယူလိုကြောင်း ခြိမ်း ခြောက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက် ခြင်းဖြစ်ကြောင်း ဥရောပပါလီမန်က ပြတ်သားစွာရှုတ်ချထားပါတယ်။ လွန်ခဲ့တဲ့ရက် အိမ်ဖြူတော်မှာ ကျင်းပတဲ့ထိပ်သီးအစည်းအဝေးဟာ မအောင်မြင်ခဲ့ပါဘူး၊ ဂရင်းလန်းဒေသခံများ၊ ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန်ဘက်က ဒုတိယသမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးတို့တက်ရောက်ပြီး အကျိုးဆက် အလွန်ကြီးမားတဲ့တွေ့ဆုံမှုဟာ အခြေခံအားဖြင့် သဘောထားကွဲလွဲမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နဲ့ နယ်သာလန် အပါအဝင် ဥရောပနိုင်ငံ အတော်များများက စစ်ဘက်ဝန်ထမ်းတွေဟာ ဂရင်းလန်းကျွန်း ကိုစတင်ရောက်ရှိလာပါတယ်။ ဒိန်းမတ် အချုပ်အခြာ အာဏာကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ ကင်းထောက်စစ်ဆင်ရေးတွေ ပြုလုပ်နေပါ တယ်။
ဂရင်းလန်းဒေသခံ (၈၅)ရာခိုင်နှုန်းက အမေရိကန်ရဲ့သိမ်းပိုက်မှုကိုဆန့်ကျင်ကြပြီး ဒိန်းမတ်နိုင်ငံ အစိတ်အပိုင်းဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒိန်း မတ်အနေနဲ့ သူ့တစ်နိုင်ငံတည်းနဲ့ကာကွယ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး၊ တကယ်လို့ အမေရိကန်နဲ့ ဥရောပ မဟာမိတ်တို့ စစ်ဖြစ်မယ်ဆိုရင် ကာကွယ်ရေးအသုံး စရိတ်တစ်ခုတည်းနဲ့ ဥရောပနိုင်ငံတွေဟာ အမေရိ ကန်ကို လုံးဝမယှဉ်နိုင်ပါဘူး၊ ကြည်း-ရေ-လေ တစ် ပြိုင်နက်တည်း စစ်ဆင်နိုင်စွမ်းနဲ့ တာဝေးပစ်လက်နက် ပိုင်ဆိုင်မှုအလွန်နည်းပါတယ်။ ပြင်သစ်၊ ဗြိတိန်တို့က လွဲရင် နျူကလီးယားထီးရိပ် မရှိပါဘူး။
ဂရင်းလန်းကျွန်းအရေးမှာ ဒိန်းမတ်ဘက်က ရပ်တည်တယ်ဆိုတဲ့ ဥရောပနိုင်ငံတွေအနေနဲ့ ကလည်း အမေရိကန်နဲ့စစ်ရေးအရ အမှန်တကယ် ထိပ်တိုက် တွေ့လိုခြင်းရှိပုံမရပါဘူး၊ အဓိက ကာက ယံရှင် ဒိန်း မတ်ကိုယ်တိုင် ဂရင်းလန်းကိုစေလွှတ်ထားတဲ့ စစ်ဝန် ထမ်းအရေအတွက်ဟာ (၂၀ဝ) ခန့်သာ ရှိပြီး အများဆုံး (၃၀ဝ)အထိသာပေးပို့မယ်လို့သိရှိရပါတယ်၊ ဥရောပ စစ်အင်အားကြီး ပြင်သစ်က (၁၅) ဦး၊ ဂျာမန် (၁၃)ဦးနဲ့ ဗြိတိန် (၁)ဦးသာလျှင် ဖြစ်ပါတယ်။ ဆွီဒင်၊ နော်ဝေး၊ ဖင်လန်၊ နယ်သာလန် နိုင်ငံတို့ က စေလွှတ်ထားတဲ့ စစ်ဝန်ထမ်းအရေအတွက်ဟာ (၁) ဦး၊ (၂) ဦးစီမျှသာ အသီးသီးရှိပါတယ်။
ဂရင်းလန်းကျွန်းကိုဝယ်ယူရန်ကြိုးပမ်းမှုကို ဆန့်ကျင်တဲ့ ဥရောပ (၈)နိုင်ငံမှ ကုန်ပစ္စည်းများ အပေါ် (၁၀)ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံမှာဖြစ်ကြောင်း၊ သမ္မတထရမ့် ကခြိမ်းခြောက်ပါတယ်။ ဒီလုပ်ရပ်ဟာ အန္တရာယ်အလွန်များတဲ့ ကစားနည်းဖြစ်ပြီး မိမိတို့ဘက်ကလည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်ဝင်ရောက်မှုကိုပိတ်ပင်တဲ့ ACI ခေါ် “ကုန် သွယ်ရေး ဘဇူကာအစီအစဉ်”ကို အကောင်အထည်ဖော်ရလိမ့်မယ်လို့ ဥရောပနိုင်ငံတွေက တုံ့ပြန်ပါ တယ်။
သံတမန်ရေးဆွေးနွေးမှုတွေ မအောင်မမြင်ဖြစ်သွားပြီး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေပေမယ့် အမေရိကန်နဲ့ ဥရောပမဟာမိတ်တို့အကြား စစ်ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။ အမေရိကန်ကလည်း ဂရင်းလန်းကို စစ်ရေးနဲ့ရယူခဲ့ရင် အကျိုးမရှိတဲ့အပြင် နောက်ဆက်တွဲ ရေရှည်ပြဿနာတွေ ရင်ဆိုင်ရမှာ ကို နားလည်ပါတယ်။ အနောက်အုပ်စုနဲ့ မဟာဗျူဟာ မြောက်ပြိုင်ဆိုင်နေတဲ့ တရုတ်၊ ရုရှားတို့အတွက် အခွင့်အရေးကြီးဖြစ်သွားပါလိမ့်မယ်။ အမေရိကန်အနေနဲ့ ဂရင်းလန်းကို အတင်းအကြပ်သိမ်းပိုက်မယ် ဆိုရင် နေတိုးအဖွဲ့ကြီးကို “အဆုံးသတ်” ရာ ရောက်စေလိမ့်မယ့်လို့ ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ တခြား ဥရောပ ခေါင်းဆောင်တွေကသတိပေးပါတယ်။
“နယူးယောက်တိုင်းမ်”ရဲ့သတင်းတစ်ပုဒ်မှာတော့ ဥရောပနိုင်ငံတွေဟာ အမေရိကန်ကို ACI နဲ့ လက်တုံ့ပြန်မယ့်အစား ဆွေးနွေးညှိနှိုင်းဖို့ဆုံးဖြတ်လိုက်တယ်လို့တွေ့ရှိရပါတယ်။ ဂရင်းလန်းကျွန်းကို ရောင်းချဖို့ ဥရောပနိုင်ငံတွေက သဘောတူညီလိုက်တာမဟုတ်ဘဲ ဆွေးနွေးတဲ့အဆင့်လျှော့ချခြင်းဟာ သမ္မတထရမ့်အတွက် အောင်မြင်မှုလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်ကို သမ္မတထရမ့်က လက်ခံ မယ့်ပုံမရဘူးလို့ သတင်းတွေတွေ့ရပါတယ်။ ဂရင်းလန်းကိစ္စမှာ ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ထိပ်တိုက် တွေ့ရမယ့်အစား တခြားနည်းလမ်းတွေရှိနေပေမယ့် ထရမ့်ကတော့ သဘောမတူနိုင်ဘဲ အပိုင်ရရှိရေးကို သာဆုပ်ကိုင်ထားပြီး ဥရောပဘက်ကအဆိုပြုချက် မှန်သမျှကို ပယ်ချနေပါတယ်။
ဥရောပနိုင်ငံများ အားမတန်မာန်လျှော့ရမယ့် ဂရင်းလန်းကျွန်းအရေးအခင်းဟာ နေတိုးစစ် စာချုပ် အဖွဲ့ကြီးရဲ့ (၇၇)နှစ်ကြာသမိုင်းတစ်လျှောက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံရဲ့နယ်မြေ ပိုင်ဆိုင်မှုကို ခြိမ်းခြောက်ခြင်းဖြစ်သွားပါတယ်။ ဒဏ်ရာ ဒဏ်ချက်တွေဟာ ဆယ်စုနှစ်ချီ ကုစားရပါလိမ့် မယ်။ အချင်းချင်း မယုံကြည်ရတဲ့အဖွဲ့ကြီးအဖြစ် အမေရိကန် မပါဝင်တဲ့ ဥရောပလုံခြုံရေးကို စဉ်းစား စရာဖြစ်လာပါတယ်။ တရုတ်-ရုရှားတို့အတွက် အခွင့်ကောင်းရရှိစေမယ့် ပထဝီနိုင်ငံရေးအခင်းအကျင်း ပြောင်းလဲမှုဟာ ကမ္ဘာ့ဒေါ်လာဈေး- ယူရိုငွေကြေးဈေး၊ ရွှေဈေး နဲ့ စ‌တော့ရှယ်ယာဈေးကွက်၊ ကုန်သွယ် ရေးတို့အပေါ် အရှိန်အဟုန်ကြီးမားစွာ ဂယက်ရိုက်ခတ်ပါလိမ့်မယ်။
ထရမ့်ဟာ Monroe Doctrine “မွန်ရိုး အယူအဆ”ကို ချဲ့ထွင်သူတစ်ဦးဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေကသတ်မှတ်ကြပါတယ်။ (၁၈၂၃)ခုနှစ် အမေရိကန်သမ္မတ ဂျိန်းမွန်ရိုးရဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်ပြီး ဥရောပနိုင်ငံတွေက အမေရိကတိုက်မှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုရ၊ တောင်-မြောက် အမေရိကတိုက်ဟာ အမေရိကန်ရဲ့ ဩဇာပိုင်နက်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်ကလည်း ဥရောပရေးရာတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးဆိုတဲ့ မူဝါဒပဲဖြစ်ပါတယ်။ ဒေါ်နယ် ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဂျွန်ဘိုလ်တန်ကိုယ်တိုင်လည်း (၂၀၁၈) ခုနှစ်မှာ အတိအကျ ပြောခဲ့ ပါတယ်။ ဒါပေမဲ့ (၂၁) ရာစု သမ္မတဒေါ်နယ်ထရမ့်ရဲ့ MAGA အမေရိကန်နိုင်ငံခြားရေးမူဝါဒကတော့ ဥရောပ ရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ပြီး အနောက်ကမ္ဘာခြမ်း တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်မယ့်မူဝါဒ ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။
တစ်နည်းအားဖြင့် ဒေါ်နယ်ထရမ့်ဟာ အမေရိ ကန်နိုင်ငံသမိုင်းတစ်လျှောက်စွဲကိုင်ခဲ့တဲ့ “လစ်ဘ ရယ်အမျိုးသားရေးအယူအဆ”ကို ပြတ်သားစွာ စွန့်ပယ်သူဖြစ်နေပါတယ်။ လူမျိုး၊ အသားအရောင် မခွဲ ခြားဘဲ Civic Identity ခေါ် နိုင်ငံသားဖြစ်မှုကိုအခြေခံခြင်း၊ တရားဥပဒေစိုးမိုးမှု၊ လူဝင်မှုကြီးကြပ်ရေး၊ အများပြည်သူလိုလားချက်နဲ့ ဒီမိုကရေစီကို အမျိုးသားရေးနဲ့ ပေါင်းစပ်ကျင့်သုံးခြင်းမှ အတိအလင်းခွဲ ထွက်ခဲ့ပါတယ်။ နိုင်ငံအတွင်း သူစိမ်းနိုင်ငံသားများ ဝင်ထွက်ခြင်းကို အမေရိကန်တို့ရဲ့ယဉ်ကျေးမှုအပေါ် အန္တရာယ်အဖြစ် ဖော်ပြလာပါတယ်။ ထရမ့်ဟာ အမေရိကန်သမိုင်းတစ်လျှောက်“လစ်ဘရယ်အမျိုး သားရေး”ကို ကြမ်းတမ်းပြတ်သားဆုံးနဲ့ စနစ်တကျ ပစ်ပယ်လာတဲ့ ပထမဆုံး ခေတ်သစ်သမ္မတလို့ ပြော လို့ရပါတယ်။
ထရမ့်ဟာ ဂျာနယ်လစ်တွေနဲ့ မသင့်မြတ်ပေမယ့် ဖိနှိပ်တားဆီးခြင်းမရှိပါဘူး၊ သူရဲ့ဩဇာအာဏာ ကိုခိုင် မာစေချင်ပေမယ့် အာဏာကို တစ်ဦးတည်းဆုပ်ကိုင် ထားသူမဟုတ်ပါဘူး၊ အနည်းငယ် အစွန်း ရောက်ပေမယ့် လူမျိုးရေးသဘောထား တင်းမာသူတစ်ဦး မဟုတ်ပါဘူး၊ နိုင်ငံရေးအတိုက်အခံတို့ကို ဖမ်း ဆီးခြင်းမရှိ၊ အမေရိကန်ရဲ့အကျိုးစီးပွားကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ အယ်လ်ကိုင်ဒါနဲ့ဆက်နွှယ်ပြီး မွတ် စလင်တွေအပေါ် သံသယရှိခြင်း ခိုးဝင်များကို တား ဆီးခြင်းပြုလုပ်နေပေမယ့် လူမျိုးရေးဥပဒေပြဋ္ဌာန်း ခြင်း မရှိပါဘူး။ ဒီအချက်တွေကြောင့် ဒေါ်နယ်ထရမ့်ကို “နာဇီလက်သစ်” လို့သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ နာဇီ-ဖက်ဆစ်ဝါဒကိုဦးတည်စေတဲ့ နိုင်ငံရေး ပုံစံရှိသူလို့သတ်မှတ်နိုင်ပါတယ်။ ထရမ့်ဟာ လူဖြူ လူမျိုးကြီးဝါဒ (White supremacist) မဟုတ်ပေမယ့် လူဖြူတို့ အထက်စီးမှာ နေရာယူတဲ့အုပ်ချုပ်ရေး စနစ်ကို ပုံဖော်သူအဖြစ် မြင်ရပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတကာတရားဥပဒေကိုဘေးချိတ်ပြီး တခြားနိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်နယ်မြေကို တောင်းဆိုခြင်း၊ တိုင်းပြည်တစ်ပြည်မှာ သူမကြိုက်တဲ့ အစိုးရကိုပြောင်းလဲစေခြင်းဖြင့် ကမ္ဘာ့ဩဇာလွှမ်းမိုးလိုသူ Modern Neo-Imperialist “ခေတ်သစ် ကိုလိုနီ နယ်ချဲ့လက်သစ်” ဖြစ်နေပါတယ်။
အမေရိကန်အစိုးရရဲ့ ပနားမားတူးမြောင်းအရေး၊ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခြင်း၊ ဗင်နီဇွဲလား ရေနံကိစ္စ၊ ဂရင်းလန်းကျွန်းအရေးတို့မှာ နိုင်ငံတကာ တရားဥပဒေနဲ့ ကုလသမဂ္ဂဟာ မှေးမှိန် ပျောက် ကွယ်သွားပါတယ်။ မဟာမိတ်ဆိုသော်လည်း မယုံကြည်ရကြောင်း၊ မိမိတို့ရဲ့ အဆင့်မြင့် စစ်လက်နက် ပိုင်ဆိုင်မှုသာလျှင် အင်အားကြီးတိုင်းပြည်တို့ရဲ့ အနိုင်ကျင့်မှုမှ တားဆီးနိုင်ကြောင်း အယူအဆသစ် ပေါ် ပေါက်လာရပါတယ်။

Zawgyi Version:
အိမ္ျဖဴေတာ္လက္မခံလွ်င္ ကိုယ့္တိုင္းျပည္ကိုယ္ မပိုင္ေၾကာင္းျပသလာသည့္ အေမရိကန္ေခတ္သစ္ ကိုလိုနီ နယ္ခ်ဲ႕အင္ပါယာဝါဒ
(ႏိုင္ငံတကာ သုံးသပ္ေဆာင္းပါး)
Htay Oung (NP News)
ဂရင္းလန္းကြၽန္းအေရး အေမရိကန္နဲ႔ ဥေရာပႏိုင္ငံမ်ားအၾကား အက်ပ္အတည္းဟာ တစ္ေန႔ တျခား ဆိုး႐ြားလာေနတယ္။ ဒီကိစၥဟာ ကမာၻ႔ကုန္သြယ္ေရး၊ ေ႐ႊေဈး၊ ေငြေၾကးလဲလွယ္မႈနဲ႔ ပထဝီႏိုင္ငံ ေရးမွာ အႏုတ္လကၡဏာသေဘာ အႀကီးအက်ယ္ေျပာင္းလဲ ေစပါလိမ့္မယ္။
ဗင္နီဇြဲလားအစိုးရဟာ မူးယစ္ေဆးကုန္ကူးမႈမွာ ႏိုင္ငံေတာ္အဆင့္ပါဝင္တယ္လို႔ အေမရိကန္က စြပ္စြဲခဲ့ပါတယ္။ တကယ္ေတာ့ အေမရိကန္ႏိုင္ငံအတြင္း မူးယစ္ေဆးအမ်ိဳးမ်ိဳးခိုးသြင္းေနတာ ဗင္နီဇြဲ လားႏိုင္ငံ တစ္ခုတည္းမဟုတ္ပါ။ အေမရိကန္နဲ႔ နယ္ေျမခ်င္း ထိစပ္ေနတဲ့ မကၠဆီကိုအပါအဝင္ ေဒသ တြင္း လက္တင္အေမရိက မူးယစ္ဂိုဏ္းအားလုံးပဲလို႔ဆိုႏိုင္ပါတယ္။ အျမတ္အစြန္းအလြန္မ်ားတဲ့ အဲဒီ ဒုစ႐ိုက္လုပ္ငန္းမွာ အစိုးရအဆင့္ ပါဝင္ပတ္သက္ေၾကာင္း အေထာက္အထားမရွိပါ။
ယခုႏွစ္ဆန္းပိုင္းမွာ အေမရိကန္စစ္တပ္ အထူးကြန္မန္ဒိုေတြဟာ ဗင္နီဇြဲလားႏိုင္ငံအတြင္း ဝင္ ေရာက္ၿပီး သမၼတမာဒူ႐ိုနဲ႔ဇနီးျဖစ္သူကို ဖမ္းဆီးခဲ့ပါတယ္။ နယူးေယာက္ကိုေခၚေဆာင္သြားၿပီး မူးယစ္ ေဆးဝါးအၾကမ္းဖက္မႈ၊ မူးယစ္ကုန္ကူးမႈတို႔နဲ႔ တရားစြဲဆိုခံေနရ ပါတယ္။ ကာေရဘီယန္ပင္လယ္မွာ အေမရိကန္ေရ တပ္ဟာ မူးယစ္ေဆးကုန္ကူးေၾကာင္း သံသယရွိတယ္ လို႔စြပ္စြဲခံရတဲ့သေဘၤာေတြကို တိုက္ခိုက္ျခင္း၊ ဗင္နီဇြဲလားေရနံတင္သေဘၤာေတြကို တားဆီးပိတ္ဆို႔ျခင္းေၾကာင့္ လေပါင္းမ်ားစြာ တင္းမာမႈျမင့္တက္ခဲ့ရၿပီးေနာက္ ယခုလို က်ဴးေက်ာ္ဖမ္းဆီးမႈျဖစ္ပြားခဲ့ပါတယ္။ ဒီအတြက္ ဗင္နီဇြဲလား လုံၿခဳံေရးတို႔အျပင္ အရပ္သား အေတာ္မ်ားမ်ား ေသဆုံးခဲ့ရပါတယ္။
မူးယစ္ေဆးကုန္ကူးမႈကင္းရွင္းတဲ့ ဗင္နီဇြဲလားရဲ႕အသြင္ကူးေျပာင္းေရးအတြက္ျဖစ္တယ္လို႔ ေႂကြး ေၾကာ္ခဲ့သူ အေမရိကန္ဟာ အဲဒီကိစၥေတြမွာ ဆက္လက္ေဆာင္႐ြက္ျခင္းထက္ မာဒူ႐ိုေနာက္ပိုင္း ဗင္နီဇြဲ လား ယာယီအစိုးရနဲ႔ ဆက္ဆံေရးေျပလည္ႏိုင္ဖို႔ ပိုၿပီးအေလးထားခဲ့ပါတယ္။ ဗင္နီဇြဲလားရဲ႕ ကမာၻ႔ အႀကီး ဆုံး ေရနံသိုက္ႀကီးကို လက္ဝါးႀကီးအုပ္ႏိုင္ဖို႔ အေမရိကန္အစိုးရ ထိန္းခ်ဳပ္ထားတဲ့ကုမၸဏီမ်ားမွ တစ္ဆင့္ ေရနံကို ေဈးကြက္တင္ေရာင္းခ်ႏိုင္ေရးသာ ဦးစားေပးလုပ္ေဆာင္ေနပါတယ္။ အေမရိကန္ရဲ႕ ၿပိဳင္ဘက္ ေတြျဖစ္တဲ့ တ႐ုတ္- ႐ုရွားတို႔ရဲ႕ ေဒသတြင္း ဩဇာလႊမ္းမိုးမႈကိုကန႔္သတ္ဖို႔၊ ရန္လိုႏိုင္ငံေတြရဲ႕ ေရနံရရွိမႈ လမ္းေၾကာင္းကို ျဖတ္ေတာက္ပိတ္ဆို႔တားဆီးမႈေတြ ဆက္လက္ေဆာင္႐ြက္ေနပါတယ္။
‌ေဒၚနယ္ထရမ့္ရဲ႕ “အေမရိကန္ဦးစားေပး” Am­erica First “အေမရိကန္ ျပန္လည္ႀကီးျမတ္ရန္ ျပဳလုပ္ေရး” Make America Great Again (MAGA) ေႂကြးေၾကာ္သံဟာ သူရဲ႕ ပထမအႀကိမ္ ရာထူး သက္တမ္း (၂၀၁၆)ခုႏွစ္တည္းကျဖစ္ပါတယ္။ ယခု ဒုတိယအႀကိမ္ ရာထူးသက္တမ္း (၂၀၂၅)ခုႏွစ္ က်မ္း သစၥာက်ိန္ဆိုပြဲမတိုင္မီ ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြမွာ ပိုမိုေလးနက္လာၿပီး (တ႐ုတ္ဩဇာလႊမ္းမိုးမႈမွ ကာ ကြယ္ရန္) သူေတာင္းဆိုထားတဲ့ ပနားမားတူးေျမာင္းကိစၥမွာ စစ္အင္အားအသုံးျပဳဖို႔အထိ ဖြင့္ေျပာလာပါ တယ္။
ေျမာက္ဝင္႐ိုးစြန္းအနီး အာတိတ္သမုဒၵရာအ တြင္း ဂရင္းလန္းကြၽန္းကို ဒိန္းမတ္ထံမွဝယ္ယူလို ေၾကာင္း ထရမ့္ကဆႏၵရွိတယ္လို႔ (၂၀၁၉)ခုႏွစ္ ေဝါလ္စထရိဂ်ာနယ္က ေရးဖူးပါတယ္။ “မဟာဗ်ဴဟာ အရအေရးပါတယ္” လို႔ ထရမ့္ကိုယ္တိုင္ အတည္ျပဳခဲ့ပါတယ္။ ဒါဟာ ရယ္စရာေျပာျခင္းမဟုတ္ဘဲ အေမ ရိကန္အစိုးရအဖြဲ႕အတြင္း တရားဝင္ေဆြးေႏြးခ်က္ေတြျဖစ္ပါတယ္။ “ဂရင္းလန္းဟာ ေရာင္းစရာမဟုတ္ ပါဘူး” လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္က ျပတ္ျပတ္သားသား ေျပာတဲ့အခါ ထရမ့္စိတ္ခုသြားၿပီး ဒိန္းမတ္ကို သြားေရာက္လည္ပတ္မယ့္ သူ႔ရဲ႕အစီအစဥ္ကို ဖ်က္သိမ္းခဲ့ဖူးပါတယ္။
ေခတ္မီနည္းပညာနဲ႔ အမ်ိဳးသားလုံၿခဳံေရးအတြက္ မရွိမျဖစ္အေရးပါတဲ့ ေျမရွားသတၱဳျဒပ္စင္မ်ား၊ ထုတ္ယူျခင္းမျပဳရေသးတဲ့ ဧရာမ သယံဇာတသိုက္ ႀကီးေတြဟာ ဂရင္းလန္းကြၽန္းမွာတည္ရွိေနပါတယ္။ ယခု ဆယ္စုႏွစ္မ်ားအတြင္း ကမာၻ႔ရာသီဥတုေျပာင္းလဲမႈေၾကာင့္ အာတိတ္ေဒသေရခဲမ်ား အရည္ေပ်ာ္ လာတဲ့အတြက္ အေရွ႕အေနာက္ႏိုင္ငံမ်ားအၾကား ျဖတ္လမ္းသဖြယ္ ကမာၻ႔ေျမာက္ပိုင္း ေရလမ္းေၾကာင္း သစ္မ်ား ေပၚေပါက္လာျခင္းေၾကာင့္ ဂရင္းလန္းဟာ အေရးႀကီး ပထဝီဝင္ တံခါးေပါက္တစ္ခုျဖစ္လာ တယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ႐ုရွားနဲ႔တ႐ုတ္ေရတပ္ဟာ ပိုမိုအင္အားႀကီးထြားလာၿပီး စြမ္းရည္ထက္ ျမက္လာပါတယ္။ အေရးႀကီးဆက္သြယ္ေရး ေရေအာက္ေက ဘယ္ႀကိဳးမ်ားခ်ထားေရးဟာ ကမာၻ႔အေအး ဆုံးနယ္ေျမတစ္ခုကို အင္အားႀကီးႏိုင္ငံေတြၾကား ပဋိပကၡအသစ္တစ္ခုအျဖစ္ ျပန္လည္မီးေမႊးဖို႔ အဆင္ သင့္ျဖစ္ေစခဲ့ပါတယ္။
(၁၉၉၁)ခုႏွစ္ ဆိုဗီယက္အင္ပါယာၿပိဳကြဲၿပီး ေနာက္ပိုင္း NATO (ေနတိုး)ေခၚ ေျမာက္အတၱ လႏၲိတ္စာခ်ဳပ္အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံအားလုံးဟာ အာ တိတ္ေဒသလုံၿခဳံေရးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အလြန္နည္း ပါးခဲ့ပါတယ္။ တကယ္ေတာ့ အေမရိကန္အေနနဲ႔ (၁၉၅၁)ခုႏွစ္ ကာကြယ္ေရးသေဘာတူညီခ်က္အရ အေနာက္ေျမာက္ဂရင္းလန္းမွာ ယခင္ “သူးေလ” ေလတပ္အေျခစိုက္စခန္း ယခု “ဘီတူဖိခ္” အာကာ သစခန္းကို ဖြင့္လွစ္လုပ္ကိုင္ေနၿပီးျဖစ္တယ္။ ဒါေပမဲ့ ထရမ့္ရဲ႕ဆႏၵက ဂရင္းလန္းကို အခ်ိန္ကာလသတ္ မွတ္ခ်က္နဲ႔ ငွားရမ္းအသုံးျပဳလိုျခင္းမဟုတ္ဘဲ အၿပီးတိုင္ အပိုင္ရရွိလိုျခင္းျဖစ္ပါတယ္။ ဂရင္းလန္းရဲ႕ မဟာဗ်ဴဟာေျမာက္အေရးပါမႈနဲ႔ အာတိတ္ေဒသ ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕လႊမ္းမိုးမႈကို ကာကြယ္ရန္ ျဖစ္ ေၾကာင္း၊ Golden Dome “ေ႐ႊေရာင္အမိုးခုံး” လို႔အမည္ေပးထားတဲ့ဒုံးက်ည္ကာကြယ္ေရးစနစ္အတြက္ ဂရင္းလန္းကို “ပိုင္ဆိုင္” သို႔မဟုတ္ “သိမ္းပိုက္” ႏိုင္မွျဖစ္လိမ့္မယ္လို႔ သမၼတထရမ့္က သူ႔ဆႏၵကို ထပ္ ေလာင္းအတည္ျပဳတယ္။
တကယ္ေတာ့ ဂရင္းလန္းရဲ႕ ဧရိယာအ႐ြယ္အစားႀကီးမားမႈက ဆြဲေဆာင္မႈရဲ႕တစ္စိတ္တစ္ပိုင္း လို႔ထင္ရပါတယ္။ တကၠဆက္ျပည္နယ္ရဲ႕ သုံးဆေလာက္ အ႐ြယ္အစားရွိၿပီး စတုရန္းမိုင္ (၆၆၅,ဝဝဝ) ေလာက္ ပဲရွိတဲ့ အလာစကာထက္ပိုမိုႀကီးမားတဲ့ နယ္ေျမတစ္ခုပါ။ ဧရိယာအမ်ားစုဟာ လူေနထိုင္လို႔ မရႏိုင္ေလာက္ေအာင္ ပထဝီအေနအထားနဲ႔ ရာသီဥတုဆိုး႐ြားတယ္ဆိုေပမယ့္ ထရမ့္ကို စိတ္အေႏွာင့္ အယွက္မျဖစ္ေစပါဘူး။ သူ႔တစ္သက္တာက်င္လည္ခဲ့တဲ့ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းတစ္ခုလို သေဘာထားပုံရပါတယ္။ အႏိုင္ရခဲ့ရင္ အေမရိကန္သမိုင္းမွာ အႀကီးမားဆုံး ေျမယာဝယ္ယူမႈကို ၿပီး ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ မွာျဖစ္ၿပီး (၁၈၆၇)ခုႏွစ္ အလက္စကာနယ္ေျမကို ႐ုရွားထံမွ တစ္ဧက (၂) ဆင့္ေလာက္နဲ႔ဝယ္ယူခဲ့တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဝီလ်ံအိပ္ခ်္ဆီးဝါ့ဒ္ရဲ႕ ညႇိႏႈိင္း မႈထက္ေတာင္ ပိုမိုခမ္းနား ပါလိမ့္မယ္။
အေမရိကန္ရဲ႕နယ္ေျမရယူလိုေၾကာင္း ၿခိမ္း ေျခာက္မႈေတြဟာ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္ ျခင္းျဖစ္ေၾကာင္း ဥေရာပပါလီမန္က ျပတ္သားစြာရႈတ္ခ်ထားပါတယ္။ လြန္ခဲ့တဲ့ရက္ အိမ္ျဖဴေတာ္မွာ က်င္းပတဲ့ထိပ္သီးအစည္းအေဝးဟာ မေအာင္ျမင္ခဲ့ပါဘူး၊ ဂရင္းလန္းေဒသခံမ်ား၊ ဒိန္းမတ္ႏိုင္ငံျခားေရး ဝန္ႀကီးနဲ႔ အေမရိကန္ဘက္က ဒုတိယသမၼတ၊ ႏိုင္ငံျခားေရး ဝန္ႀကီးတို႔တက္ေရာက္ၿပီး အက်ိဳးဆက္ အလြန္ႀကီးမားတဲ့ေတြ႕ဆုံမႈဟာ အေျခခံအားျဖင့္ သေဘာထားကြဲလြဲမႈနဲ႔ အဆုံးသတ္ခဲ့ပါတယ္။
ျပင္သစ္၊ ဂ်ာမနီ၊ ယူေက၊ ေနာ္ေဝး၊ ဆြီဒင္၊ ဖင္လန္နဲ႔ နယ္သာလန္ အပါအဝင္ ဥေရာပႏိုင္ငံ အေတာ္မ်ားမ်ားက စစ္ဘက္ဝန္ထမ္းေတြဟာ ဂရင္းလန္းကြၽန္း ကိုစတင္ေရာက္ရွိလာပါတယ္။ ဒိန္းမတ္ အခ်ဳပ္အျခာ အာဏာကိုေထာက္ခံေၾကာင္းျပသတဲ့အေနနဲ႔ ကင္းေထာက္စစ္ဆင္ေရးေတြ ျပဳလုပ္ေနပါ တယ္။
ဂရင္းလန္းေဒသခံ (၈၅)ရာခိုင္ႏႈန္းက အေမရိကန္ရဲ႕သိမ္းပိုက္မႈကိုဆန႔္က်င္ၾကၿပီး ဒိန္းမတ္ႏိုင္ငံ အစိတ္အပိုင္းျဖစ္တယ္လို႔ေျပာပါတယ္။ ဒါေပမဲ့ ဒိန္း မတ္အေနနဲ႔ သူ႔တစ္ႏိုင္ငံတည္းနဲ႔ကာကြယ္ဖို႔ လုံးဝ မျဖစ္ႏိုင္ပါဘူး၊ တကယ္လို႔ အေမရိကန္နဲ႔ ဥေရာပ မဟာမိတ္တို႔ စစ္ျဖစ္မယ္ဆိုရင္ ကာကြယ္ေရးအသုံး စရိတ္တစ္ခုတည္းနဲ႔ ဥေရာပႏိုင္ငံေတြဟာ အေမရိ ကန္ကို လုံးဝမယွဥ္ႏိုင္ပါဘူး၊ ၾကည္း-ေရ-ေလ တစ္ ၿပိဳင္နက္တည္း စစ္ဆင္ႏိုင္စြမ္းနဲ႔ တာေဝးပစ္လက္နက္ ပိုင္ဆိုင္မႈအလြန္နည္းပါတယ္။ ျပင္သစ္၊ ၿဗိတိန္တို႔က လြဲရင္ န်ဴကလီးယားထီးရိပ္ မရွိပါဘူး။
ဂရင္းလန္းကြၽန္းအေရးမွာ ဒိန္းမတ္ဘက္က ရပ္တည္တယ္ဆိုတဲ့ ဥေရာပႏိုင္ငံေတြအေနနဲ႔ ကလည္း အေမရိကန္နဲ႔စစ္ေရးအရ အမွန္တကယ္ ထိပ္တိုက္ ေတြ႕လိုျခင္းရွိပုံမရပါဘူး၊ အဓိက ကာက ယံရွင္ ဒိန္း မတ္ကိုယ္တိုင္ ဂရင္းလန္းကိုေစလႊတ္ထားတဲ့ စစ္ဝန္ ထမ္းအေရအတြက္ဟာ (၂၀ဝ) ခန႔္သာ ရွိၿပီး အမ်ားဆုံး (၃၀ဝ)အထိသာေပးပို႔မယ္လို႔သိရွိရပါတယ္၊ ဥေရာပ စစ္အင္အားႀကီး ျပင္သစ္က (၁၅) ဦး၊ ဂ်ာမန္ (၁၃)ဦးနဲ႔ ၿဗိတိန္ (၁)ဦးသာလွ်င္ ျဖစ္ပါတယ္။ ဆြီဒင္၊ ေနာ္ေဝး၊ ဖင္လန္၊ နယ္သာလန္ ႏိုင္ငံတို႔ က ေစလႊတ္ထားတဲ့ စစ္ဝန္ထမ္းအေရအတြက္ဟာ (၁) ဦး၊ (၂) ဦးစီမွ်သာ အသီးသီးရွိပါတယ္။
ဂရင္းလန္းကြၽန္းကိုဝယ္ယူရန္ႀကိဳးပမ္းမႈကို ဆန႔္က်င္တဲ့ ဥေရာပ (၈)ႏိုင္ငံမွ ကုန္ပစၥည္းမ်ား အေပၚ (၁၀)ရာခိုင္ႏႈန္းမွ (၂၅)ရာခိုင္ႏႈန္းအထိ အခြန္တိုးျမႇင့္ေကာက္ခံမွာျဖစ္ေၾကာင္း၊ သမၼတထရမ့္ ကၿခိမ္းေျခာက္ပါတယ္။ ဒီလုပ္ရပ္ဟာ အႏၲရာယ္အလြန္မ်ားတဲ့ ကစားနည္းျဖစ္ၿပီး မိမိတို႔ဘက္ကလည္း အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ကုန္ပစၥည္းေတြ ေဈးကြက္ဝင္ေရာက္မႈကိုပိတ္ပင္တဲ့ ACI ေခၚ “ကုန္ သြယ္ေရး ဘဇူကာအစီအစဥ္”ကို အေကာင္အထည္ေဖာ္ရလိမ့္မယ္လို႔ ဥေရာပႏိုင္ငံေတြက တုံ႔ျပန္ပါ တယ္။
သံတမန္ေရးေဆြးေႏြးမႈေတြ မေအာင္မျမင္ျဖစ္သြားၿပီး စစ္ေရးျပင္ဆင္မႈေတြျပဳလုပ္ေနေပမယ့္ အေမရိကန္နဲ႔ ဥေရာပမဟာမိတ္တို႔အၾကား စစ္ျဖစ္ႏိုင္ေျခအလြန္နည္းပါတယ္။ အေမရိကန္ကလည္း ဂရင္းလန္းကို စစ္ေရးနဲ႔ရယူခဲ့ရင္ အက်ိဳးမရွိတဲ့အျပင္ ေနာက္ဆက္တြဲ ေရရွည္ျပႆနာေတြ ရင္ဆိုင္ရမွာ ကို နားလည္ပါတယ္။ အေနာက္အုပ္စုနဲ႔ မဟာဗ်ဴဟာ ေျမာက္ၿပိဳင္ဆိုင္ေနတဲ့ တ႐ုတ္၊ ႐ုရွားတို႔အတြက္ အခြင့္အေရးႀကီးျဖစ္သြားပါလိမ့္မယ္။ အေမရိကန္အေနနဲ႔ ဂရင္းလန္းကို အတင္းအၾကပ္သိမ္းပိုက္မယ္ ဆိုရင္ ေနတိုးအဖြဲ႕ႀကီးကို “အဆုံးသတ္” ရာ ေရာက္ေစလိမ့္မယ့္လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္နဲ႔ တျခား ဥေရာပ ေခါင္းေဆာင္ေတြကသတိေပးပါတယ္။
“နယူးေယာက္တိုင္းမ္”ရဲ႕သတင္းတစ္ပုဒ္မွာေတာ့ ဥေရာပႏိုင္ငံေတြဟာ အေမရိကန္ကို ACI နဲ႔ လက္တုံ႔ျပန္မယ့္အစား ေဆြးေႏြးညႇိႏႈိင္းဖို႔ဆုံးျဖတ္လိုက္တယ္လို႔ေတြ႕ရွိရပါတယ္။ ဂရင္းလန္းကြၽန္းကို ေရာင္းခ်ဖို႔ ဥေရာပႏိုင္ငံေတြက သေဘာတူညီလိုက္တာမဟုတ္ဘဲ ေဆြးေႏြးတဲ့အဆင့္ေလွ်ာ့ခ်ျခင္းဟာ သမၼတထရမ့္အတြက္ ေအာင္ျမင္မႈလို႔ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီအစီအစဥ္ကို သမၼတထရမ့္က လက္ခံ မယ့္ပုံမရဘူးလို႔ သတင္းေတြေတြ႕ရပါတယ္။ ဂရင္းလန္းကိစၥမွာ ဥေရာပမဟာမိတ္ႏိုင္ငံေတြနဲ႔ ထိပ္တိုက္ ေတြ႕ရမယ့္အစား တျခားနည္းလမ္းေတြရွိေနေပမယ့္ ထရမ့္ကေတာ့ သေဘာမတူႏိုင္ဘဲ အပိုင္ရရွိေရးကို သာဆုပ္ကိုင္ထားၿပီး ဥေရာပဘက္ကအဆိုျပဳခ်က္ မွန္သမွ်ကို ပယ္ခ်ေနပါတယ္။
ဥေရာပႏိုင္ငံမ်ား အားမတန္မာန္ေလွ်ာ့ရမယ့္ ဂရင္းလန္းကြၽန္းအေရးအခင္းဟာ ေနတိုးစစ္ စာခ်ဳပ္ အဖြဲ႕ႀကီးရဲ႕ (၇၇)ႏွစ္ၾကာသမိုင္းတစ္ေလွ်ာက္ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံက တျခားႏိုင္ငံရဲ႕နယ္ေျမ ပိုင္ဆိုင္မႈကို ၿခိမ္းေျခာက္ျခင္းျဖစ္သြားပါတယ္။ ဒဏ္ရာ ဒဏ္ခ်က္ေတြဟာ ဆယ္စုႏွစ္ခ်ီ ကုစားရပါလိမ့္ မယ္။ အခ်င္းခ်င္း မယုံၾကည္ရတဲ့အဖြဲ႕ႀကီးအျဖစ္ အေမရိကန္ မပါဝင္တဲ့ ဥေရာပလုံၿခဳံေရးကို စဥ္းစား စရာျဖစ္လာပါတယ္။ တ႐ုတ္-႐ုရွားတို႔အတြက္ အခြင့္ေကာင္းရရွိေစမယ့္ ပထဝီႏိုင္ငံေရးအခင္းအက်င္း ေျပာင္းလဲမႈဟာ ကမာၻ႔ေဒၚလာေဈး- ယူ႐ိုေငြေၾကးေဈး၊ ေ႐ႊေဈး နဲ႔ စ‌ေတာ့ရွယ္ယာေဈးကြက္၊ ကုန္သြယ္ ေရးတို႔အေပၚ အရွိန္အဟုန္ႀကီးမားစြာ ဂယက္႐ိုက္ခတ္ပါလိမ့္မယ္။
ထရမ့္ဟာ Monroe Doctrine “မြန္႐ိုး အယူအဆ”ကို ခ်ဲ႕ထြင္သူတစ္ဦးျဖစ္တယ္လို႔ ႏိုင္ငံေရး ေလ့လာသူေတြကသတ္မွတ္ၾကပါတယ္။ (၁၈၂၃)ခုႏွစ္ အေမရိကန္သမၼတ ဂ်ိန္းမြန္႐ိုးရဲ႕ ႏိုင္ငံျခားေရး မူဝါဒျဖစ္ၿပီး ဥေရာပႏိုင္ငံေတြက အေမရိကတိုက္မွာ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳရ၊ ေတာင္-ေျမာက္ အေမရိကတိုက္ဟာ အေမရိကန္ရဲ႕ ဩဇာပိုင္နက္ျဖစ္ၿပီး အျပန္အလွန္အားျဖင့္ အေမရိကန္ကလည္း ဥေရာပေရးရာေတြမွာ ဝင္ေရာက္စြက္ဖက္မွာမဟုတ္ဘူးဆိုတဲ့ မူဝါဒပဲျဖစ္ပါတယ္။ ေဒၚနယ္ ထရမ့္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးျဖစ္သူ ဂြၽန္ဘိုလ္တန္ကိုယ္တိုင္လည္း (၂၀၁၈) ခုႏွစ္မွာ အတိအက် ေျပာခဲ့ ပါတယ္။ ဒါေပမဲ့ (၂၁) ရာစု သမၼတေဒၚနယ္ထရမ့္ရဲ႕ MAGA အေမရိကန္ႏိုင္ငံျခားေရးမူဝါဒကေတာ့ ဥေရာပ ေရးရာေတြမွာ ဝင္ေရာက္စြက္ဖက္ၿပီး အေနာက္ကမာၻျခမ္း တစ္ခုလုံးကို လႊမ္းမိုးခ်ဳပ္ကိုင္မယ့္မူဝါဒ ျဖစ္တယ္လို႔ ေျပာရပါလိမ့္မယ္။
တစ္နည္းအားျဖင့္ ေဒၚနယ္ထရမ့္ဟာ အေမရိ ကန္ႏိုင္ငံသမိုင္းတစ္ေလွ်ာက္စြဲကိုင္ခဲ့တဲ့ “လစ္ဘ ရယ္အမ်ိဳးသားေရးအယူအဆ”ကို ျပတ္သားစြာ စြန႔္ပယ္သူျဖစ္ေနပါတယ္။ လူမ်ိဳး၊ အသားအေရာင္ မခြဲ ျခားဘဲ Civic Identity ေခၚ ႏိုင္ငံသားျဖစ္မႈကိုအေျခခံျခင္း၊ တရားဥပေဒစိုးမိုးမႈ၊ လူဝင္မႈႀကီးၾကပ္ေရး၊ အမ်ားျပည္သူလိုလားခ်က္နဲ႔ ဒီမိုကေရစီကို အမ်ိဳးသားေရးနဲ႔ ေပါင္းစပ္က်င့္သုံးျခင္းမွ အတိအလင္းခြဲ ထြက္ခဲ့ပါတယ္။ ႏိုင္ငံအတြင္း သူစိမ္းႏိုင္ငံသားမ်ား ဝင္ထြက္ျခင္းကို အေမရိကန္တို႔ရဲ႕ယဥ္ေက်းမႈအေပၚ အႏၲရာယ္အျဖစ္ ေဖာ္ျပလာပါတယ္။ ထရမ့္ဟာ အေမရိကန္သမိုင္းတစ္ေလွ်ာက္“လစ္ဘရယ္အမ်ိဳး သားေရး”ကို ၾကမ္းတမ္းျပတ္သားဆုံးနဲ႔ စနစ္တက် ပစ္ပယ္လာတဲ့ ပထမဆုံး ေခတ္သစ္သမၼတလို႔ ေျပာ လို႔ရပါတယ္။
ထရမ့္ဟာ ဂ်ာနယ္လစ္ေတြနဲ႔ မသင့္ျမတ္ေပမယ့္ ဖိႏွိပ္တားဆီးျခင္းမရွိပါဘူး၊ သူရဲ႕ဩဇာအာဏာ ကိုခိုင္ မာေစခ်င္ေပမယ့္ အာဏာကို တစ္ဦးတည္းဆုပ္ကိုင္ ထားသူမဟုတ္ပါဘူး၊ အနည္းငယ္ အစြန္း ေရာက္ေပမယ့္ လူမ်ိဳးေရးသေဘာထား တင္းမာသူတစ္ဦး မဟုတ္ပါဘူး၊ ႏိုင္ငံေရးအတိုက္အခံတို႔ကို ဖမ္း ဆီးျခင္းမရွိ၊ အေမရိကန္ရဲ႕အက်ိဳးစီးပြားကို တိုက္ခိုက္ဖ်က္ဆီးေနတဲ့ အယ္လ္ကိုင္ဒါနဲ႔ဆက္ႏႊယ္ၿပီး မြတ္ စလင္ေတြအေပၚ သံသယရွိျခင္း ခိုးဝင္မ်ားကို တား ဆီးျခင္းျပဳလုပ္ေနေပမယ့္ လူမ်ိဳးေရးဥပေဒျပ႒ာန္း ျခင္း မရွိပါဘူး။ ဒီအခ်က္ေတြေၾကာင့္ ေဒၚနယ္ထရမ့္ကို “နာဇီလက္သစ္” လို႔သတ္မွတ္ဖို႔ ခက္ခဲပါတယ္။ ဒါေပမဲ့ နာဇီ-ဖက္ဆစ္ဝါဒကိုဦးတည္ေစတဲ့ ႏိုင္ငံေရး ပုံစံရွိသူလို႔သတ္မွတ္ႏိုင္ပါတယ္။ ထရမ့္ဟာ လူျဖဴ လူမ်ိဳးႀကီးဝါဒ (White supremacist) မဟုတ္ေပမယ့္ လူျဖဴတို႔ အထက္စီးမွာ ေနရာယူတဲ့အုပ္ခ်ဳပ္ေရး စနစ္ကို ပုံေဖာ္သူအျဖစ္ ျမင္ရပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒဟာ ႏိုင္ငံတကာတရားဥပေဒကိုေဘးခ်ိတ္ၿပီး တျခားႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာပိုင္နယ္ေျမကို ေတာင္းဆိုျခင္း၊ တိုင္းျပည္တစ္ျပည္မွာ သူမႀကိဳက္တဲ့ အစိုးရကိုေျပာင္းလဲေစျခင္းျဖင့္ ကမာၻ႔ဩဇာလႊမ္းမိုးလိုသူ Modern Neo-Imperialist “ေခတ္သစ္ ကိုလိုနီ နယ္ခ်ဲ႕လက္သစ္” ျဖစ္ေနပါတယ္။
အေမရိကန္အစိုးရရဲ႕ ပနားမားတူးေျမာင္းအေရး၊ မာဒူ႐ိုကို ဝင္ေရာက္ဖမ္းဆီးျခင္း၊ ဗင္နီဇြဲလား ေရနံကိစၥ၊ ဂရင္းလန္းကြၽန္းအေရးတို႔မွာ ႏိုင္ငံတကာ တရားဥပေဒနဲ႔ ကုလသမဂၢဟာ ေမွးမွိန္ ေပ်ာက္ ကြယ္သြားပါတယ္။ မဟာမိတ္ဆိုေသာ္လည္း မယုံၾကည္ရေၾကာင္း၊ မိမိတို႔ရဲ႕ အဆင့္ျမင့္ စစ္လက္နက္ ပိုင္ဆိုင္မႈသာလွ်င္ အင္အားႀကီးတိုင္းျပည္တို႔ရဲ႕ အႏိုင္က်င့္မႈမွ တားဆီးႏိုင္ေၾကာင္း အယူအဆသစ္ ေပၚ ေပါက္လာရပါတယ္။

Related news

© 2021. All rights reserved.