တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်းကို အသိအမှတ်ပြုပေးခဲ့သော ဟိုချီမင်းမြို့ (ကမ္ဘာ့ထင်ရှားကျော်ကြားသည့် မြို့ကြီးများအကြောင်း)

 235

Pika(NP News)
ဟိုချီမင်းမြို့(သမိုင်းဝင်အမည်ဆိုင်ဂွန်)သည် ဗီယက်နမ်နိုင်ငံတွင်းတွင် လူဦးရေအထူ ထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲခေတ်မှ သမိုင်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာတည်ရှိခဲ့သော နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဟိုချီမင်းမြို့တွင် နေထိုင်သူလူဦးရေ စုစုပေါင်းမှာ (၁၄)သန်းကျော်ရှိပြီးမြို့၏ ပထဝီဝင်အနေအထားများကို မြစ်များနှင့်တူး မြောင်းများဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ဗီယက်နမ်တွင် အကြီးဆုံး ဘဏ္ဍာရေး အချက်အချာ နေရာတစ်ခုဖြစ်သော ဟိုချီမင်းမြို့သည် ဗီယက်နမ် ပြည်နယ်အားလုံးနှင့် မြူနီစီပယ်များတွင် အကြီးဆုံးဂျီဒီပီရှိသည့်မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံစုစုပေါင်း ဂျီဒီပီ၏ လေးပုံတစ်ပုံခန့်ကို ပံ့ပိုးပေးကြောင်းသိရသည်။ ဟိုချီမင်းမြို့ပြဧရိယာသည် အာဆီယံတွင်းတွင် (၅)ခုမြောက်အကြီးဆုံးစီးပွားရေးရှိသည့် မြို့ပြဧရိယာတစ်ခု ဖြစ်ကြောင်း လည်းသိရသည်။
သမိုင်းကြောင်း

ဟိုချီမင်းဧရိယာသည် ယခင်က ကမ္ဘောဒီးယားပြည်နယ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး Đại Việ နိုင်ငံ တော်၏နယ်ချဲ့မှုကြောင့် (၁၆၉၈)ခုနှစ်တွင် ဗီယက်နမ်ငုယင်မင်းဆက်၏လက်အောက်သို့ရောက်ရှိသွားခဲ့ကြောင်းသိရ သည်။ ထို့ပြင် ဟိုချီမင်းမြို့သည် ငုယင်မင်းဆက် မပြိုလဲမီအချိန်ကာလအထိ ငုယင်မင်းဆက်၏မြို့ တော်လည်းဖြစ်ခဲ့ သည်။ သို့သော်လည်း ဆိုင်ဂွန်ခံ တပ်ကျဆုံးပြီးနောက် (၁၈၆၂)ခုနှစ်မှ (၁၉၄၉)ခုနှစ်အထိ French Cochinchina ၏ မြို့တော်ဖြစ်လာခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် ပြင်သစ်က ဗီယက်နမ်၏ လွတ်လပ်ရေးနှင့်စည်းလုံးညီ ညွတ်မှုကို အသိအမှတ်ပြုခဲ့ပြီးနောက် (၁၉၄၉)ခု နှစ်မှ (၁၉၅၅)ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့သည်။ ထို့နောက် အဆိုပါမြို့ကို ကွယ်လွန်သူခေါင်းဆောင် ဟိုချီမင်း၏အမည်ကို အစွဲပြုကာ ပြောင်းလဲခဲ့သော်လည်း ဆိုင်ဂွန်ဟူသော စကားလုံးကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး (၂၀၂၅)ခုနှစ်မှစတင်ကာ ဟိုချီမင်းမြို့ အုပ်ချုပ်ရေး ဗဟိုဌာန၏ တရားဝင် အမည်ဖြစ်လာခဲ့ကြောင်း သိရသည်။
(၁၉၉၀)ပြည့်နှစ်များမှစတင်ကာ ဟိုချီမင်းမြို့သည် လျင်မြန်သောတိုးချဲ့မှုများနှင့် ခေတ်မီအောင် ပြောင်းလဲမှု များကိုလုပ်ဆောင်ခဲ့ပြီး ဗီယက်နမ်၏ စစ်ပြီးကာလစီးပွားရေးကို ပြန်လည်ကောင်းမွန်လာစေ ရန်ပံ့ပိုးပေးနိုင်ခဲ့ကာ နိုင်ငံတကာ ကုန်သွယ်ရေးအချက်အချာနေရာတစ်ခုအဖြစ် ၎င်း၏အဆင့်အတန်းကို ပြန်လည်ရှင်သန်လာစေအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ ဟိုချီမင်းမြို့သည် ဗီယက်နမ်တွင် စီးပွားရေး၊ ဖျော်ဖြေရေးနှင့် ပညာရေးဆိုင်ရာ အချက် အချာနေရာများထဲမှတစ်ခုဖြစ်ပြီး နိုင်ငံတွင်းတွင် အလုပ်အများဆုံး နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ Tân Sơn Nhất နိုင်ငံတကာလေဆိပ်သည် ဗီယက်နမ်သို့ နိုင်ငံတကာမှ ရောက်ရှိလာ သူအားလုံး၏ ထက်ဝက် နီးပါးကိုလက်ခံရလေ့ရှိပြီး ဆိုင်ဂွန်ဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် အလုပ်အများဆုံး ကွန်တိန် နာဆိပ်ကမ်းများထဲမှတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ဟိုချီမင်းမြို့သည် ခရီးသွားဆွဲဆောင်ရာနေရာ တစ်ခု လည်းဖြစ်ပြီး သမိုင်းဝင် အထင်ကရနေရာများတွင် လွတ်လပ်ရေးနန်းတော်၊ Bitexco Financial မျှော်စင်၊ Landmark 81 မျှော်စင်၊ စစ်ပွဲအကြွင်းအကျန်များပြသထားသည့်ပြတိုက်နှင့် Bến Thành ဈေးတို့အပါအဝင် ခေတ်မီ အထင်ကရနေရာ များပါဝင်ကြောင်းသိရသည်။ ထို့ပြင် ဟိုချီမင်းမြို့သည် ကျဉ်းမြောင်းသောလူသွားလမ်းများနှင့် စည်ကားသော ညပွဲ တော်များအတွက် လူသိများပြီး ခရီးသွားများကြားတွင် ရေပန်းအစားဆုံးနေရာများထဲမှ တစ်ခုဖြစ်ကြောင်း လည်းသိရ သည်။
စီးပွားရေး
ဟိုချီမင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ စီးပွား ရေးဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်ပြီး ဗီယက် နမ်စီးပွားရေး၏ အများစုကို ကိုယ်စားပြုထားကြောင်းသိရသည်။ ဟိုချီမင်းမြို့သည် နိုင်ငံမြေဧရိယာ၏ (ဝ ဒသမ ၆)ရာခိုင်နှုန်းသာရှိ သော်လည်း (၂၀ဝ၅)ခုနှစ်တွင် ဗီယက်နမ်လူဦးရေ၏ (၈ ဒသမ ၃၄) ရာခိုင နှုန်း၊ ဂျီဒီပီ၏(၂၀ ဒသမ ၂) ရာခိုင်နှုန်း၊ စက်မှုထွက် ကုန်၏ (၂၇ ဒသမ ၉)ရာခိုင်နှုန်းနှင့် FDI စီမံကိန်းများ၏ (၃၄ ဒသမ ၉)ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။ (၂၀ဝ၉)ခုနှစ်တွင် ဟိုချီမင်းမြို့၏ တစ်ဦးချင်း ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ(၂၈၀ဝ)အထိရောက်ရှိ ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ပျမ်းမျှအဆင့်ဖြစ်သည့် အမေရိကန်ဒေါ်လာ(၁၀၄၂)ဒေါ်လာနှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန်များပြားခဲ့ကြောင်း သိရ သည်။
ကဏ္ဍများ
ဟိုချီမင်းမြို့၏စီးပွားရေးတွင် သတ္တုတူးဖော်ရေး၊ ပင်လယ်စာထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်းနှင့်ကုန်သွယ်မှုတို့ပါဝင်ကြောင်းသိရသည်။ ဟိုချီမင်းမြို့ရှိ နိုင်ငံပိုင်ကဏ္ဍမှာ စီးပွားရေး၏ (၃၃ ဒသမ ၃)ရာခိုင်နှုန်း၊ ပုဂ္ဂလိကကဏ္ဍ(၄ ဒသမ ၆) ရာခိုင်နှုန်းနှင့် ကျန်ရှိနေသည့်ကဏ္ဍများမှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဖြစ်ကြောင်းသိရသည်။ စီးပွားရေးဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုကဏ္ဍ(၅၁ ဒသမ ၁) ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍ(၄၇ ဒသမ ၇)ရာခိုင်နှုန်း၊ သစ်တော၊ စိုက်ပျိုးရေးနှင့် အခြား ကဏ္ဍများ(၁ ဒသမ ၂)ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ထို့ပြင် ဟိုချီမင်းမြို့နှင့် ၎င်း၏ဆိပ်ကမ်းများ သည် (၂၁)ရာစု ပိုးလမ်းစီမံကိန်းကြီး၏ တစ်စိတ် တစ်ပိုင်းအဖြစ်ပါဝင်ကြောင်းလည်းသိရသည်။
Quang Trung Software ပန်းခြံသည် ခရိုင်(၁၂)တွင်ရှိသော ပန်းခြံတစ်ခုဖြစ်ပြီး ဟိုချီမင်းမြို့လယ်မှ (၁၅) ကီလိုမီတာခန့်အကွာတွင်တည်ရှိကာ ဆော့ဖ်ဝဲလ်လုပ်ငန်းများနှင့် dot.com ကုမ္ပဏီများကိုလက်ခံထားသည့် နေရာ တစ်ခုလည်းဖြစ်သည်။ Hi-Tech ပန်းခြံနှင့် ခရိုင်(၇) တွင် Tân Thuận Export Processing Zone အတွင်းရှိ မြေဧက (၃၂)ဟက်တာကျယ်ဝန်းသော ဆော့ဖ်ဝဲလ်ပန်းခြံတို့နှင့်အတူ ဟိုချီမင်းမြို့သည် ဗီ ယက်နမ်နိုင်ငံနှင့် အရှေ့တောင် အာရှ တွင် အရေးပါသော နည်းပညာမြို့တစ်မြို့ဖြစ်လာရန်ရည်ရွယ် ထားကြောင်းသိရသည်။ ဟိုချီမင်းမြို့၏ ကြီးမားသော စီးပွားရေးလုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်း(၃)သိန်းခန့်သည် အဆင့်မြင့်နည်းပညာ၊ အီလက်ထရွန်နစ်၊ ပြုပြင် ထုတ်လုပ်ခြင်းနှင့် အသေး စားစက်မှုလုပ်ငန်းများတွင်ပါဝင်ပတ်သက်နေပြီး ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေး ပစ္စည်း များနှင့် စိုက်ပျိုးရေးထုတ်ကုန်များတွင်လည်း ပါဝင်ပတ် သက်နေကြောင်းသိရသည်။ ဟိုချီမင်းမြို့တွင်းတွင် ဘဏ်ခွဲရာ ပေါင်းများစွာရှိသော ဘဏ်ပေါင်း(၅၀)ကျော်နှင့် အာမခံကုမ္ပဏီ (၂၀)ခန့်လည်းတည်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ် သော စတော့အိတ်ချိန်းကို (၂၀ဝ၁)ခုနှစ်တွင် ဟိုချီ မင်းမြို့တွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အလတ်စားနှင့် ကြီးမားသော ဈေး(၁၇၁)ခုအပြင် စူပါမားကက်ကွင်းဆက်များ၊ ဈေးဝယ်စင်တာများ၊ ဖက်ရှင်နှင့် အလှအပစင်တာများလည်း ဟိုချီမင်းမြို့ တွင် တည်ရှိကြောင်းသိရသည်။

Zawgyi Version:
ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ဟိုခ်ီမင္းကို အသိအမွတ္ျပဳေပးခဲ့ေသာ ဟိုခ်ီမင္းၿမိဳ႕
(ကမာၻ႔ထင္ရွားေက်ာ္ၾကားသည့္ ၿမိဳ႕ႀကီးမ်ားအေၾကာင္း)
Pika(NP News)
ဟိုခ်ီမင္းၿမိဳ႕(သမိုင္းဝင္အမည္ဆိုင္ဂြန္)သည္ ဗီယက္နမ္ႏိုင္ငံတြင္းတြင္ လူဦးေရအထူ ထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဗီယက္နမ္စစ္ပြဲေခတ္မွ သမိုင္းတစ္ေလွ်ာက္ စည္ကားသိုက္ၿမိဳက္စြာတည္ရွိခဲ့ေသာ ႏိုင္ငံ၏ဘ႑ာေရးဆိုင္ရာအခ်က္ အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ ဟိုခ်ီမင္းၿမိဳ႕တြင္ ေနထိုင္သူလူဦးေရ စုစုေပါင္းမွာ (၁၄)သန္းေက်ာ္ရွိၿပီးၿမိဳ႕၏ ပထဝီဝင္အေနအထားမ်ားကို ျမစ္မ်ားႏွင့္တူး ေျမာင္းမ်ားျဖင့္ ခြဲျခားသတ္မွတ္ထားသည္။ ဗီယက္နမ္တြင္ အႀကီးဆုံး ဘ႑ာေရး အခ်က္အခ်ာ ေနရာတစ္ခုျဖစ္ေသာ ဟိုခ်ီမင္းၿမိဳ႕သည္ ဗီယက္နမ္ ျပည္နယ္အားလုံးႏွင့္ ျမဴနီစီပယ္မ်ားတြင္ အႀကီးဆုံးဂ်ီဒီပီရွိသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံစုစုေပါင္း ဂ်ီဒီပီ၏ ေလးပုံတစ္ပုံခန႔္ကို ပံ့ပိုးေပးေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕ျပဧရိယာသည္ အာဆီယံတြင္းတြင္ (၅)ခုေျမာက္အႀကီးဆုံးစီးပြားေရးရွိသည့္ ၿမိဳ႕ျပဧရိယာတစ္ခု ျဖစ္ေၾကာင္း လည္းသိရသည္။
သမိုင္းေၾကာင္း

ဟိုခ်ီမင္းဧရိယာသည္ ယခင္က ကေမာၻဒီးယားျပည္နယ္မ်ား၏ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ၿပီး Đại Việ ႏိုင္ငံ ေတာ္၏နယ္ခ်ဲ႕မႈေၾကာင့္ (၁၆၉၈)ခုႏွစ္တြင္ ဗီယက္နမ္ငုယင္မင္းဆက္၏လက္ေအာက္သို႔ေရာက္ရွိသြားခဲ့ေၾကာင္းသိရ သည္။ ထို႔ျပင္ ဟိုခ်ီမင္းၿမိဳ႕သည္ ငုယင္မင္းဆက္ မၿပိဳလဲမီအခ်ိန္ကာလအထိ ငုယင္မင္းဆက္၏ၿမိဳ႕ ေတာ္လည္းျဖစ္ခဲ့ သည္။ သို႔ေသာ္လည္း ဆိုင္ဂြန္ခံ တပ္က်ဆုံးၿပီးေနာက္ (၁၈၆၂)ခုႏွစ္မွ (၁၉၄၉)ခုႏွစ္အထိ French Cochinchina ၏ ၿမိဳ႕ေတာ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ေနာက္ပိုင္းတြင္ ျပင္သစ္က ဗီယက္နမ္၏ လြတ္လပ္ေရးႏွင့္စည္းလုံးညီ ၫြတ္မႈကို အသိအမွတ္ျပဳခဲ့ၿပီးေနာက္ (၁၉၄၉)ခု ႏွစ္မွ (၁၉၅၅)ခုႏွစ္အထိ ဗီယက္နမ္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္လာခဲ့သည္။ ထို႔ေနာက္ အဆိုပါၿမိဳ႕ကို ကြယ္လြန္သူေခါင္းေဆာင္ ဟိုခ်ီမင္း၏အမည္ကို အစြဲျပဳကာ ေျပာင္းလဲခဲ့ေသာ္လည္း ဆိုင္ဂြန္ဟူေသာ စကားလုံးကို ဆက္လက္အသုံးျပဳေနဆဲျဖစ္ၿပီး (၂၀၂၅)ခုႏွစ္မွစတင္ကာ ဟိုခ်ီမင္းၿမိဳ႕ အုပ္ခ်ဳပ္ေရး ဗဟိုဌာန၏ တရားဝင္ အမည္ျဖစ္လာခဲ့ေၾကာင္း သိရသည္။
(၁၉၉၀)ျပည့္ႏွစ္မ်ားမွစတင္ကာ ဟိုခ်ီမင္းၿမိဳ႕သည္ လ်င္ျမန္ေသာတိုးခ်ဲ႕မႈမ်ားႏွင့္ ေခတ္မီေအာင္ ေျပာင္းလဲမႈ မ်ားကိုလုပ္ေဆာင္ခဲ့ၿပီး ဗီယက္နမ္၏ စစ္ၿပီးကာလစီးပြားေရးကို ျပန္လည္ေကာင္းမြန္လာေစ ရန္ပံ့ပိုးေပးႏိုင္ခဲ့ကာ ႏိုင္ငံတကာ ကုန္သြယ္ေရးအခ်က္အခ်ာေနရာတစ္ခုအျဖစ္ ၎၏အဆင့္အတန္းကို ျပန္လည္ရွင္သန္လာေစေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕သည္ ဗီယက္နမ္တြင္ စီးပြားေရး၊ ေဖ်ာ္ေျဖေရးႏွင့္ ပညာေရးဆိုင္ရာ အခ်က္ အခ်ာေနရာမ်ားထဲမွတစ္ခုျဖစ္ၿပီး ႏိုင္ငံတြင္းတြင္ အလုပ္အမ်ားဆုံး ႏိုင္ငံတကာ သယ္ယူပို႔ေဆာင္ေရး အခ်က္ အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ Tân Sơn Nhất ႏိုင္ငံတကာေလဆိပ္သည္ ဗီယက္နမ္သို႔ ႏိုင္ငံတကာမွ ေရာက္ရွိလာ သူအားလုံး၏ ထက္ဝက္ နီးပါးကိုလက္ခံရေလ့ရွိၿပီး ဆိုင္ဂြန္ဆိပ္ကမ္းသည္ အေရွ႕ေတာင္အာရွတြင္ အလုပ္အမ်ားဆုံး ကြန္တိန္ နာဆိပ္ကမ္းမ်ားထဲမွတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕သည္ ခရီးသြားဆြဲေဆာင္ရာေနရာ တစ္ခု လည္းျဖစ္ၿပီး သမိုင္းဝင္ အထင္ကရေနရာမ်ားတြင္ လြတ္လပ္ေရးနန္းေတာ္၊ Bitexco Financial ေမွ်ာ္စင္၊ Landmark 81 ေမွ်ာ္စင္၊ စစ္ပြဲအႂကြင္းအက်န္မ်ားျပသထားသည့္ျပတိုက္ႏွင့္ Bến Thành ေဈးတို႔အပါအဝင္ ေခတ္မီ အထင္ကရေနရာ မ်ားပါဝင္ေၾကာင္းသိရသည္။ ထို႔ျပင္ ဟိုခ်ီမင္းၿမိဳ႕သည္ က်ဥ္းေျမာင္းေသာလူသြားလမ္းမ်ားႏွင့္ စည္ကားေသာ ညပြဲ ေတာ္မ်ားအတြက္ လူသိမ်ားၿပီး ခရီးသြားမ်ားၾကားတြင္ ေရပန္းအစားဆုံးေနရာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း လည္းသိရ သည္။
စီးပြားေရး
ဟိုခ်ီမင္းၿမိဳ႕သည္ ဗီယက္နမ္ႏိုင္ငံ၏ စီးပြား ေရးဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး ဗီယက္ နမ္စီးပြားေရး၏ အမ်ားစုကို ကိုယ္စားျပဳထားေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕သည္ ႏိုင္ငံေျမဧရိယာ၏ (ဝ ဒသမ ၆)ရာခိုင္ႏႈန္းသာရွိ ေသာ္လည္း (၂၀ဝ၅)ခုႏွစ္တြင္ ဗီယက္နမ္လူဦးေရ၏ (၈ ဒသမ ၃၄) ရာခိုင ႏႈန္း၊ ဂ်ီဒီပီ၏(၂၀ ဒသမ ၂) ရာခိုင္ႏႈန္း၊ စက္မႈထြက္ ကုန္၏ (၂၇ ဒသမ ၉)ရာခိုင္ႏႈန္းႏွင့္ FDI စီမံကိန္းမ်ား၏ (၃၄ ဒသမ ၉)ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္းသိရသည္။ (၂၀ဝ၉)ခုႏွစ္တြင္ ဟိုခ်ီမင္းၿမိဳ႕၏ တစ္ဦးခ်င္း ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ(၂၈၀ဝ)အထိေရာက္ရွိ ခဲ့ၿပီး ဗီယက္နမ္ႏိုင္ငံ၏ ပ်မ္းမွ်အဆင့္ျဖစ္သည့္ အေမရိကန္ေဒၚလာ(၁၀၄၂)ေဒၚလာႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက အလြန္မ်ားျပားခဲ့ေၾကာင္း သိရ သည္။
က႑မ်ား
ဟိုခ်ီမင္းၿမိဳ႕၏စီးပြားေရးတြင္ သတၱဳတူးေဖာ္ေရး၊ ပင္လယ္စာထုတ္လုပ္ေရး၊ စိုက္ပ်ိဳးေရးႏွင့္ ေဆာက္လုပ္ေရး၊ ခရီးသြားလုပ္ငန္း၊ ဘ႑ာေရး၊ စက္မႈလုပ္ငန္းႏွင့္ကုန္သြယ္မႈတို႔ပါဝင္ေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕ရွိ ႏိုင္ငံပိုင္က႑မွာ စီးပြားေရး၏ (၃၃ ဒသမ ၃)ရာခိုင္ႏႈန္း၊ ပုဂၢလိကက႑(၄ ဒသမ ၆) ရာခိုင္ႏႈန္းႏွင့္ က်န္ရွိေနသည့္က႑မ်ားမွာ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈျဖစ္ေၾကာင္းသိရသည္။ စီးပြားေရးဖြဲ႕စည္းပုံႏွင့္ပတ္သက္ၿပီး ဝန္ေဆာင္မႈက႑(၅၁ ဒသမ ၁) ရာခိုင္ႏႈန္း၊ စက္မႈလုပ္ငန္းႏွင့္ ေဆာက္လုပ္ေရးက႑(၄၇ ဒသမ ၇)ရာခိုင္ႏႈန္း၊ သစ္ေတာ၊ စိုက္ပ်ိဳးေရးႏွင့္ အျခား က႑မ်ား(၁ ဒသမ ၂)ရာခိုင္ႏႈန္းရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဟိုခ်ီမင္းၿမိဳ႕ႏွင့္ ၎၏ဆိပ္ကမ္းမ်ား သည္ (၂၁)ရာစု ပိုးလမ္းစီမံကိန္းႀကီး၏ တစ္စိတ္ တစ္ပိုင္းအျဖစ္ပါဝင္ေၾကာင္းလည္းသိရသည္။
Quang Trung Software ပန္းၿခံသည္ ခ႐ိုင္(၁၂)တြင္ရွိေသာ ပန္းၿခံတစ္ခုျဖစ္ၿပီး ဟိုခ်ီမင္းၿမိဳ႕လယ္မွ (၁၅) ကီလိုမီတာခန႔္အကြာတြင္တည္ရွိကာ ေဆာ့ဖ္ဝဲလ္လုပ္ငန္းမ်ားႏွင့္ dot.com ကုမၸဏီမ်ားကိုလက္ခံထားသည့္ ေနရာ တစ္ခုလည္းျဖစ္သည္။ Hi-Tech ပန္းၿခံႏွင့္ ခ႐ိုင္(၇) တြင္ Tân Thuận Export Processing Zone အတြင္းရွိ ေျမဧက (၃၂)ဟက္တာက်ယ္ဝန္းေသာ ေဆာ့ဖ္ဝဲလ္ပန္းၿခံတို႔ႏွင့္အတူ ဟိုခ်ီမင္းၿမိဳ႕သည္ ဗီ ယက္နမ္ႏိုင္ငံႏွင့္ အေရွ႕ေတာင္ အာရွ တြင္ အေရးပါေသာ နည္းပညာၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာရန္ရည္႐ြယ္ ထားေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕၏ ႀကီးမားေသာ စီးပြားေရးလုပ္ငန္းမ်ားအပါအဝင္ စီးပြားေရး လုပ္ငန္း(၃)သိန္းခန႔္သည္ အဆင့္ျမင့္နည္းပညာ၊ အီလက္ထ႐ြန္နစ္၊ ျပဳျပင္ ထုတ္လုပ္ျခင္းႏွင့္ အေသး စားစက္မႈလုပ္ငန္းမ်ားတြင္ပါဝင္ပတ္သက္ေနၿပီး ေဆာက္လုပ္ေရး၊ ေဆာက္လုပ္ေရး ပစၥည္း မ်ားႏွင့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားတြင္လည္း ပါဝင္ပတ္ သက္ေနေၾကာင္းသိရသည္။ ဟိုခ်ီမင္းၿမိဳ႕တြင္းတြင္ ဘဏ္ခြဲရာ ေပါင္းမ်ားစြာရွိေသာ ဘဏ္ေပါင္း(၅၀)ေက်ာ္ႏွင့္ အာမခံကုမၸဏီ (၂၀)ခန႔္လည္းတည္ရွိၿပီး ဗီယက္နမ္ႏိုင္ငံ၏ ပထမဆုံး စေတာ့အိတ္ခ်ိန္းျဖစ္ ေသာ စေတာ့အိတ္ခ်ိန္းကို (၂၀ဝ၁)ခုႏွစ္တြင္ ဟိုခ်ီ မင္းၿမိဳ႕တြင္ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အလတ္စားႏွင့္ ႀကီးမားေသာ ေဈး(၁၇၁)ခုအျပင္ စူပါမားကက္ကြင္းဆက္မ်ား၊ ေဈးဝယ္စင္တာမ်ား၊ ဖက္ရွင္ႏွင့္ အလွအပစင္တာမ်ားလည္း ဟိုခ်ီမင္းၿမိဳ႕ တြင္ တည္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.