သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ဖမ်းမိ

634

ထိုက်စံ(NP News)-ဇန်နဝါရီ ၃၀
တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး တွင် ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ နှင့် မူးယစ်ဆေး သယ်ဆောင်သူတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ နှင့် လက်နက်၊ ခဲယမ်း အချို့ ဖမ်းဆီးရမိခဲ့ကြောင်း CCDA MYANMAR ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) ရဲ့တပ်ဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန့်နေ့(ဇန်နဝါရီ ၂၉ ရက်) ၊ ညနေပိုင်း(၃)နာရီခွဲအချိန်က သတင်းအရ တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်း ကျေးရွာအနီး ရှိ ရာဘာခြံ အတွင်း အဖွဲ့ငယ်များဖြင့် ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ညနေပိုင်း(၄)နာရီ အချိန်၌ ဆီဝန်းထောင်းကျေးရွာဘက်မှကျောပိုးအိတ်များ သယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ (၁၀) ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းရာ ရပ်တန့် ခြင်းမရှိဘဲ ၎င်းတို့မှ သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် အနီးကပ်နေရာတွင် အသင့်ရှိသော ပူးပေါင်းအဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ဖြစ်ပွားပြီးနောက် ၎င်းတို့မှ သယ်ဆောင် လာသည့် အိတ်များအားပစ်ချ၍ ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ စိုင်းအောင်ခမ်း အားဖမ်းဆီးမိခဲ့ပြီး အိတ်အတွင်းမှ ကြယ်ငါးလုံး တံဆိပ်နှင့် TIE GUAN YIN စာတန်းပါ အစိမ်းရောင် တရုတ်လက်ဖက် ခြောက်အိတ်ဖြင့် ထုပ်ပိုးထားသည့် အလေးချိန် (၃၅၀)ကီလိုခန့်ရှိသည့် စိတ်ပြောင်းဆေးဝါး(ကတ်တမင်း) ၊ ကြယ်ငါးလုံးတံဆိပ်နှင့် GUANYINWANG စာတန်းပါ ရွှေအိုရောင် တရုတ် လက်ဖက်ခြောက် အိတ်ခွံဖြင့်ထုပ်ပိုးထားသည့် အလေးချိန် (၃၅၇)ကီလိုရှိသည့် မက်သ်အဖက်တမင်း(အိုက်စ်) ကို ဖမ်းမိခဲ့ရာ စုစုပေါင်းငွေကျပ် ( ၆၀,၀၆၀ )သိန်း ရှိကြောင်းသိရသည်။
ဖမ်းဆီးရမိသူ စိုင်းအောင်ခမ်းနှင့် (၁၀)ပေခန့်အကွာ မြေကြီးပေါ်တွင်အီတလီနိုင်ငံထုတ် PIETRO BERETTA ပစ္စတိုသေနတ်( ၁ )လက် နှင့် ၎င်းကျည်အိမ်အတွင်းမှ ကျည်( ၁၄) တောင့်အား ရှာဖွေ တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့နောက်ဖမ်းမိသူအားစစ်ဆေးချက်အရ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားစေခိုင်းသူမှာ ကျိုင်းတုံမြို့နေသူ အိုက်သား ဖြစ်ပြီး၊ မူးယစ်ဆေးဝါးများကို ဆီဝန်းထောင်းကျေးရွာ မှ မဲခေါင်မြစ်ကမ်းစပ် နေရာသို့ သယ်ယူစေခိုင်းခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းမိသူ စိုင်းအောင်ခမ်းကို စစ်ဆေးချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ကျိုင်းတုံမြို့နေ အိုက်သားဆိုသူ ဆီဝန်းထောင်းကျေးရွာ မှ မဲခေါင်မြစ်ကမ်းစပ် နေရာသို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း၊ သယ်ဆောင်သူ (၁၀)ဦးခန့်ရှိသည့် အနက် သယ်ဆောင်ခိုင်းသူ များထဲတွင် ဖခင်ဖြစ်သူအိုက်နွန်းတစ်ဦးတည်း သာ ၎င်းအနေဖြင့် သိရှိရကြောင် စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် ညနေပိုင်း ၄ နာရီ ၄၅ မိနစ် အချိန်တွင် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း၏ နေအိမ် အားမူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ဝင်ရောက် ရှာဖွေရာ နေအိမ်တွင် အိုက်နွန်းအား အသင့်တွေ့ရှိရပြီး အိမ်ရှေ့မှ ရေစိုနေသည့် စစ်စိမ်းရောင်လည်တိုဖိနပ်(၁)ရံအား လည်းကောင်း၊နေအိမ် လှေကားအောက်မှ မူးယစ်ဆေးဝါးအိတ်များ သယ်ဆောင်ရာ၌ လွယ်ကြိုးအဖြစ်အသုံးပြုသော ဖြူ/နီ/ပြာ/ဝါစောင်ကြား ၁ ထည် နှင့် ဘေးလွယ်အိတ် ၁ လုံးတို့အား ရှာဖွေတွေ့ရှိသဖြင့် အခင်းဖြစ်နေရာ၌ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထပ်မံစစ်ဆေးချက်အရ သယ်ဆောင်သူ (၁၀)ဦး များထဲမှ ဖခင်ဖြစ်သူအိုက်နွန်းတစ်ဦးတည်း သာ ၎င်းအနေဖြင့် သိရှိကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ညနေပိုင်း(၄း၄၅)အချိန် က တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း၏ နေအိမ် အား ဝင်ရောက် ရှာဖွေရာ အိုက်နွန်းအား ရှာဖွေတွေ့ရှိရပြီး အိမ်ရှေ့မှ ရေစိုနေသည့် စစ်စိမ်းရောင်လည်တိုဖိနပ်(၁)ရံ ၊နေအိမ် လှေကားအောက်မှ မူးယစ်ဆေးဝါးအိတ်များ သယ်ဆောင်ရာ၌ လွယ်ကြိုးအဖြစ်အသုံးပြုသော ဖြူ/နီ/ပြာ/ဝါစောင်ကြား ၁ ထည် နှင့် ဘေးလွယ်အိတ် ၁ လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စစ်ဆေးချက်အရ ဖမ်းဆီးရသည့်မူးယစ်ဆေးဝါးများမှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း(ခ)အိုက်ခမ်းနွန်း၏ ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ညနေပိုင်း(၅)နာရီအချိန်တွင် အိုက်နွန်း(ခ)အိုက်ခမ်းနွန်၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ အိုက်နွန်း(ခ)အိုက်ခမ်းနွန်းမှာ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် နေအိမ်အတွင်းမှ အိုက်နွန်း အမည်နှင့်ဓါတ်ပုံပါနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း(၁)ခု၊ အိုက်နွန်း အမည်ပါ အိမ်ထောင်စုလူဦရေးစာရင်း မိတ္တူ(၁)စောင်နှင့်အိုက်ခမ်းနွန်း အမည်ပါ မိုင်းဖုန်း(က)အုပ်စု ၊မီးလင်းရေးကော်မတီ ဓါတ်အားတောင်းခံလွှာ မီတာကောက်ခံမှုပြေစာ(၁) စောင်တို့အား ရှာဖွေတွေ့ရှိသဖြင့် လုပ်ထုံး လုပ်နည်း အရ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှု နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများကို သိုဝှက်သယ်ဆောင်လာသည့် စိုင်းအောင်ခမ်း၊ အိုက်နွန်းနှင့်၎င်းတို့အားစေခိုင်းသူဖြစ်သည့် အိုက်သားနှင့် အိုက်နွန်း(ခ)အိုက်ခမ်းနွန်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သိန္းေပါင္း ေျခာက္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ား ကို အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ ဖမ္းမိ
ထိုက္စံ(NP News)-ဇန္နဝါရီ ၃၀
တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆီဝန္းေထာင္းေက်း႐ြာအနီး တြင္ ယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕ ႏွင့္ မူးယစ္ေဆး သယ္ေဆာင္သူတို႔ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ သိန္းေပါင္း ေျခာက္ေသာင္းေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ား ႏွင့္ လက္နက္၊ ခဲယမ္း အခ်ိဳ႕ ဖမ္းဆီးရမိခဲ့ေၾကာင္း CCDA MYANMAR ၏ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ ပူးေပါင္း အဖြဲ႕သည္ ယမန္ေန႔ (ဇန္နဝါရီလ ၂၉ ရက္) ရဲ႕တပ္ဖြဲ႕မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ယမန႔္ေန႔(ဇန္နဝါရီ ၂၉ ရက္) ၊ ညေနပိုင္း(၃)နာရီခြဲအခ်ိန္က သတင္းအရ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆီဝန္းေထာင္း ေက်း႐ြာအနီး ရွိ ရာဘာၿခံ အတြင္း အဖြဲ႕ငယ္မ်ားျဖင့္ ကင္းပုန္းဝပ္ ေစာင့္ဆိုင္းေနစဥ္ ညေနပိုင္း(၄)နာရီ အခ်ိန္၌ ဆီဝန္းေထာင္းေက်း႐ြာဘက္မွေက်ာပိုးအိတ္မ်ား သယ္ေဆာင္လာသည့္ မသကၤာဖြယ္ လူ (၁၀) ဦးခန႔္အား ေတြ႕ရွိသျဖင့္ စစ္ေဆးရန္အတြက္ ရပ္တန႔္ခိုင္းရာ ရပ္တန႔္ ျခင္းမရွိဘဲ ၎တို႔မွ ေသနတ္မ်ားျဖင့္ စတင္ပစ္ခတ္ခဲ့ေသာေၾကာင့္ အနီးကပ္ေနရာတြင္ အသင့္ရွိေသာ ပူးေပါင္းအဖြဲ႕မ်ားႏွင့္ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ျဖစ္ပြားၿပီးေနာက္ ၎တို႔မွ သယ္ေဆာင္ လာသည့္ အိတ္မ်ားအားပစ္ခ်၍ ထြက္ေျပးခဲ့ၾကသျဖင့္ လိုက္လံ ဖမ္းဆီးခဲ့ရာ စိုင္းေအာင္ခမ္း အားဖမ္းဆီးမိခဲ့ၿပီး အိတ္အတြင္းမွ ၾကယ္ငါးလုံး တံဆိပ္ႏွင့္ TIE GUAN YIN စာတန္းပါ အစိမ္းေရာင္ တ႐ုတ္လက္ဖက္ ေျခာက္အိတ္ျဖင့္ ထုပ္ပိုးထားသည့္ အေလးခ်ိန္ (၃၅၀)ကီလိုခန႔္ရွိသည့္ စိတ္ေျပာင္းေဆးဝါး(ကတ္တမင္း) ၊ ၾကယ္ငါးလုံးတံဆိပ္ႏွင့္ GUANYINWANG စာတန္းပါ ေ႐ႊအိုေရာင္ တ႐ုတ္ လက္ဖက္ေျခာက္ အိတ္ခြံျဖင့္ထုပ္ပိုးထားသည့္ အေလးခ်ိန္ (၃၅၇)ကီလိုရွိသည့္ မက္သ္အဖက္တမင္း(အိုက္စ္) ကို ဖမ္းမိခဲ့ရာ စုစုေပါင္းေငြက်ပ္ ( ၆၀,၀၆၀ )သိန္း ရွိေၾကာင္းသိရသည္။
ဖမ္းဆီးရမိသူ စိုင္းေအာင္ခမ္းႏွင့္ (၁၀)ေပခန႔္အကြာ ေျမႀကီးေပၚတြင္အီတလီႏိုင္ငံထုတ္ PIETRO BERETTA ပစၥတိုေသနတ္( ၁ )လက္ ႏွင့္ ၎က်ည္အိမ္အတြင္းမွ က်ည္( ၁၄) ေတာင့္အား ရွာေဖြ ေတြ႕ရွိသျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ဖမ္းမိသူအားစစ္ေဆးခ်က္အရ ဖမ္းဆီးရမိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအားေစခိုင္းသူမွာ က်ိဳင္းတုံၿမိဳ႕ေနသူ အိုက္သား ျဖစ္ၿပီး၊ မူးယစ္ေဆးဝါးမ်ားကို ဆီဝန္းေထာင္းေက်း႐ြာ မွ မဲေခါင္ျမစ္ကမ္းစပ္ ေနရာသို႔ သယ္ယူေစခိုင္းျခင္းျဖစ္ေၾကာင္းသိရသည္။
ဖမ္းမိသူ စိုင္းေအာင္ခမ္းကို စစ္ေဆးခ်က္အရ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား က်ိဳင္းတုံၿမိဳ႕ေန အိုက္သားဆိုသူ ဆီဝန္းေထာင္းေက်း႐ြာ မွ မဲေခါင္ျမစ္ကမ္းစပ္ ေနရာသို႔ သယ္ေဆာင္ခိုင္းခဲ့ေၾကာင္း၊ သယ္ေဆာင္သူ (၁၀)ဦးခန႔္ရွိသည့္ အနက္ သယ္ေဆာင္ခိုင္းသူ မ်ားထဲတြင္ ဖခင္ျဖစ္သူအိုက္ႏြန္းတစ္ဦးတည္း သာ ၎အေနျဖင့္ သိရွိရေၾကာင္ စစ္ေဆးေပၚေပါက္ခဲ့သည္။
ထို႔ေနာက္ ညေနပိုင္း ၄ နာရီ ၄၅ မိနစ္ အခ်ိန္တြင္ တာခ်ီလိတ္ ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)အုပ္စု၊ ပါခါေက်း႐ြာေန အိုက္ႏြန္း၏ ေနအိမ္ အားမူးယစ္ေဆးဝါးရွာေဖြခြင့္ ဝရမ္းျဖင့္ ဝင္ေရာက္ ရွာေဖြရာ ေနအိမ္တြင္ အိုက္ႏြန္းအား အသင့္ေတြ႕ရွိရၿပီး အိမ္ေရွ႕မွ ေရစိုေနသည့္ စစ္စိမ္းေရာင္လည္တိုဖိနပ္(၁)ရံအား လည္းေကာင္း၊ေနအိမ္ ေလွကားေအာက္မွ မူးယစ္ေဆးဝါးအိတ္မ်ား သယ္ေဆာင္ရာ၌ လြယ္ႀကိဳးအျဖစ္အသုံးျပဳေသာ ျဖဴ/နီ/ျပာ/ဝါေစာင္ၾကား ၁ ထည္ ႏွင့္ ေဘးလြယ္အိတ္ ၁ လုံးတို႔အား ရွာေဖြေတြ႕ရွိသျဖင့္ အခင္းျဖစ္ေနရာ၌ သက္ေသမ်ားေရွ႕ ရွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
ထပ္မံစစ္ေဆးခ်က္အရ သယ္ေဆာင္သူ (၁၀)ဦး မ်ားထဲမွ ဖခင္ျဖစ္သူအိုက္ႏြန္းတစ္ဦးတည္း သာ ၎အေနျဖင့္ သိရွိေၾကာင္း ေပၚေပါက္ခဲ့သျဖင့္ ညေနပိုင္း(၄း၄၅)အခ်ိန္ က တာခ်ီလိတ္ ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)အုပ္စု၊ ပါခါေက်း႐ြာေန အိုက္ႏြန္း၏ ေနအိမ္ အား ဝင္ေရာက္ ရွာေဖြရာ အိုက္ႏြန္းအား ရွာေဖြေတြ႕ရွိရၿပီး အိမ္ေရွ႕မွ ေရစိုေနသည့္ စစ္စိမ္းေရာင္လည္တိုဖိနပ္(၁)ရံ ၊ေနအိမ္ ေလွကားေအာက္မွ မူးယစ္ေဆးဝါးအိတ္မ်ား သယ္ေဆာင္ရာ၌ လြယ္ႀကိဳးအျဖစ္အသုံးျပဳေသာ ျဖဴ/နီ/ျပာ/ဝါေစာင္ၾကား ၁ ထည္ ႏွင့္ ေဘးလြယ္အိတ္ ၁ လုံးတို႔အား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
ဆက္လက္၍ စစ္ေဆးခ်က္အရ ဖမ္းဆီးရသည့္မူးယစ္ေဆးဝါးမ်ားမွာ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)အုပ္စု၊ ပါခါေက်း႐ြာေန အိုက္ႏြန္း(ခ)အိုက္ခမ္းႏြန္း၏ ပစၥည္းမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ ညေနပိုင္း(၅)နာရီအခ်ိန္တြင္ အိုက္ႏြန္း(ခ)အိုက္ခမ္းႏြန္၏ ေနအိမ္ အား ဝင္ေရာက္ရွာေဖြရာ အိုက္ႏြန္း(ခ)အိုက္ခမ္းႏြန္းမွာ ထြက္ေျပးတိမ္းေရွာင္သြားေသာေၾကာင့္ ေနအိမ္အတြင္းမွ အိုက္ႏြန္း အမည္ႏွင့္ဓါတ္ပုံပါႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္း(၁)ခု၊ အိုက္ႏြန္း အမည္ပါ အိမ္ေထာင္စုလူဦေရးစာရင္း မိတၱဴ(၁)ေစာင္ႏွင့္အိုက္ခမ္းႏြန္း အမည္ပါ မိုင္းဖုန္း(က)အုပ္စု ၊မီးလင္းေရးေကာ္မတီ ဓါတ္အားေတာင္းခံလႊာ မီတာေကာက္ခံမႈေျပစာ(၁) ေစာင္တို႔အား ရွာေဖြေတြ႕ရွိသျဖင့္ လုပ္ထုံး လုပ္နည္း အရ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမႈ ႏွင့္ ပတ္သက္၍ မူးယစ္ေဆးဝါးမ်ားကို သိုဝွက္သယ္ေဆာင္လာသည့္ စိုင္းေအာင္ခမ္း၊ အိုက္ႏြန္းႏွင့္၎တို႔အားေစခိုင္းသူျဖစ္သည့္ အိုက္သားႏွင့္ အိုက္ႏြန္း(ခ)အိုက္ခမ္းႏြန္း တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။