ရွေးကောက်ပွဲက မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးဆီကိုဦးတည်မယ့်လမ်းစဖြစ်လာဖွယ်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

174

ဂျန်ဇက် (NP News) ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံမှာလတ်တလောကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပြီးနောက်ပိုင်းအခြေအနေတွေအရ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ် "ချိန်ညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု" (calibrated re-engagement) ဆိုတဲ့ချည်းကပ်မှုပုံစံသစ်မျိုးလုပ်ဆောင်သင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် က ပြောဆိုလိုက်ပါတယ်။ဖိလစ်ပိုင်နိုင်ငံ ဆီဘူး မြို့မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် က အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာပြန်လည်စဉ်းစားရမဲ့အချက်တွေရှိ နေကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းစစ်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့အသွင်ကူးပြောင်းရေးအတွက်လမ်းစဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ''မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ မကြာသေးမီက ရွေးကောက်ပွဲဟာ ပြည်တွင်းစစ်ဒဏ်သင့် နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်စေမယ့် "အသွင်ကူးပြောင်းမှု အစ" ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။'' လို့ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများအပြီးပေါ်ထွက်လာတဲ့ "နိုင်ငံရေးအရှိတရားသစ်တရပ်" ကို အာဆီယံအနေနဲ့လက်ခံအသိအမှတ်ပြုပြီး ဒေသတွင်းငြိမ်းချမ်းရေးအစီအစဉ်တွေကိုလက်တွေ့အခြေအနေတွေနဲ့အညီပြင်ဆင်ဆောင်ရွက်ဖို့၊ မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ပြန်လည်ထိတွေ့ဆက်ဆံရာမှာ အခြေအနေတွေကိုပြန်ချိန်ညှိပြီးလုပ်ဆောင်ဖို့ အပြင် နှစ်ဦးနှစ်ဖက်အပြန်အလှန်အပြုသဘောဆောင်တဲ့နားလည်မှုနဲ့လုပ်ရပ်တွေရှိရမယ်လို့ပြောပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနဲ့ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်တာမို့ မြန်မာနိုင်ငံရဲ့ရှုပ်ထွေးတဲ့အခြေအနေတွေနဲ့"ခပ်ခွါခွါနေလို့မရနိုင်တဲ့အခြေအနေ"မြန်မာပြဿနာဟာအာဆီယံအတွက် အရှုပ်ထွေးဆုံး စိန်ခေါ်မှုလဲဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ထိုင်းနိုင်ငံအနေနဲ့ မြန်မာရွေးကောက်ပွဲကို "အဆုံးသတ်ကိစ္စတခု"အနေနဲ့ မသတ်မှတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးတည်မဲ့ "အကူးအပြောင်းကာလ အစိတ်အပိုင်းတစ်ခု" အဖြစ်ရှုမြင်တယ်လို့ ပြောပါတယ်။

Zawgyi Version:
ေ႐ြးေကာက္ပြဲက ျမန္မာႏိုင္ငံကို ၿငိမ္းခ်မ္းေရးဆီကိုဦးတည္မယ့္လမ္းစျဖစ္လာဖြယ္ရွိေနဟု ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) ဇန္နဝါရီ ၃၀
ျမန္မာႏိုင္ငံမွာလတ္တေလာက်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲအၿပီးေနာက္ပိုင္းအေျခအေနေတြအရ အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ "ခ်ိန္ညႇိထားတဲ့ ျပန္လည္ထိေတြ႕ဆက္ဆံမႈ" (calibrated re-engagement) ဆိုတဲ့ခ်ည္းကပ္မႈပုံစံသစ္မ်ိဳးလုပ္ေဆာင္သင့္တယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဆီဟာဆက္ က ေျပာဆိုလိုက္ပါတယ္။ဖိလစ္ပိုင္ႏိုင္ငံ ဆီဘူး ၿမိဳ႕မွာက်င္းပခဲ့တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားေဆြးေႏြးပြဲအတြင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဆီဟာဆက္ က အာဆီယံအေနနဲ႔ျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးမွာျပန္လည္စဥ္းစားရမဲ့အခ်က္ေတြရွိ ေနေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံမွာ မၾကာေသးမီက က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ ျပည္တြင္းစစ္ပြဲျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေစဖို႔အသြင္ကူးေျပာင္းေရးအတြက္လမ္းစျဖစ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ''ျမန္မာႏိုင္ငံမွာက်င္းပခဲ့တဲ့ မၾကာေသးမီက ေ႐ြးေကာက္ပြဲဟာ ျပည္တြင္းစစ္ဒဏ္သင့္ ႏိုင္ငံမွာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးဆီကို ဦးတည္ေစမယ့္ "အသြင္ကူးေျပာင္းမႈ အစ" ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။'' လို႔ေျပာပါတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံမွာ မၾကာေသးမီက က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမ်ားအၿပီးေပၚထြက္လာတဲ့ "ႏိုင္ငံေရးအရွိတရားသစ္တရပ္" ကို အာဆီယံအေနနဲ႔လက္ခံအသိအမွတ္ျပဳၿပီး ေဒသတြင္းၿငိမ္းခ်မ္းေရးအစီအစဥ္ေတြကိုလက္ေတြ႕အေျခအေနေတြနဲ႔အညီျပင္ဆင္ေဆာင္႐ြက္ဖို႔၊ ျမန္မာစစ္အစိုးရေခါင္းေဆာင္ေတြနဲ႔ျပန္လည္ထိေတြ႕ဆက္ဆံရာမွာ အေျခအေနေတြကိုျပန္ခ်ိန္ညႇိၿပီးလုပ္ေဆာင္ဖို႔ အျပင္ ႏွစ္ဦးႏွစ္ဖက္အျပန္အလွန္အျပဳသေဘာေဆာင္တဲ့နားလည္မႈနဲ႔လုပ္ရပ္ေတြရွိရမယ္လို႔ေျပာပါတယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာနဲ႔ အနီးကပ္ဆုံး အိမ္နီးခ်င္းျဖစ္တာမို႔ ျမန္မာႏိုင္ငံရဲ႕ရႈပ္ေထြးတဲ့အေျခအေနေတြနဲ႔"ခပ္ခြါခြါေနလို႔မရႏိုင္တဲ့အေျခအေန"ျမန္မာျပႆနာဟာအာဆီယံအတြက္ အရႈပ္ေထြးဆုံး စိန္ေခၚမႈလဲျဖစ္တယ္လို႔လည္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာေ႐ြးေကာက္ပြဲကို "အဆုံးသတ္ကိစၥတခု"အေနနဲ႔ မသတ္မွတ္ဘဲ ပိုမိုက်ယ္ျပန႔္တဲ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုဦးတည္မဲ့ "အကူးအေျပာင္းကာလ အစိတ္အပိုင္းတစ္ခု" အျဖစ္ရႈျမင္တယ္လို႔ ေျပာပါတယ္။