ရွှေတိဂုံသို့ ပြည်ပဧည့်သည် ၇၅,ဝဝဝ ကျော်၂၀၂၅ ခုနှစ်အတွင်း လာရောက်ခဲ့

 131

ကိုဖြိုး (NP News) ဇန်နဝါရီ ၃၁
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပဧည့်သည်များ ၇၅,၀၀၀ ကျော် လာရောက်ကြည်ညိုပူဇော်မှုများရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါလာရောက်ကြသည့် ပြည်ပဧည့်သည်များတွင် ထိုင်း၊ တရုတ်၊ ရုရှား စသည့် နိုင်ငံများမှ အများအပြားလာရောက်လေ့ရှိပြီး ပြည်ပဧည့်သည်အမျိုးသား ၃၆,၀၀၀ ကျော်၊ ပြည်ပဧည့်သည်အမျိုးသမီး ၄၀,၀၀၀ နီးပါး လာရောက်ခဲ့ကြခြင်းလည်းဖြစ်သည်။
“ထိုင်းတို့၊ တရုတ်တို့ကတော့ အုပ်စုလိုက်အများအပြားလာကြတယ်၊ ရုရှားတို့ဘာတို့က အုပ်လိုက်ကြီးလာတာမျိုးတော့ မဟုတ်ဘူး၊ လေး၊ ငါးဦး အဖွဲ့ငယ်လေးတွေ လောက်နဲ့လာတာတွေ့ရတယ်။ တစ်ချို့ဆိုလည်း နှစ်ဦး၊ သုံးဦးလောက် အတူလာကြတယ်” ဟု ပြည်ပဧည့်ဝင်ကြေးကောက်ခံနေသူတစ်ဦးက ပြောသည်။
ပြည်တွင်းဘုရားဖူးများမှာ အနယ်နယ်အရပ်ရပ်မှ လာရောက်ခဲ့ကြသလို အမျိုးသား သိန်း(၃၀) ကျော်၊ အမျိုးသမီး (၃၆)သိန်း ကျော်၊ သံဃာတော် (၁၃၀,၀၀၀) ကျော်၊ သီလရှင် (၆၆,၀၀၀) ကျော် တို့အပါအဝင် ပြည်တွင်းဘုရားဖူး (၆၈) သိန်းနီးပါး ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း လာရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာဖူးမြော်နိုင်ရန်အတွက်ကိုလည်း လက်ရှိတွင် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖူးမြော်ခွင့်ပြုထားကြောင်း ဆက်လက်သိရသည်။

Zawgyi Version;
ေ႐ႊတိဂုံသို႔ ျပည္ပဧည့္သည္ ၇၅,ဝဝဝ ေက်ာ္၂၀၂၅ ခုႏွစ္အတြင္း လာေရာက္ခဲ့
ကိုၿဖိဳး (NP News)ဇန္နဝါရီ ၃၁
၂၀၂၅ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္တာကာလအတြင္း ေ႐ႊတိဂုံေစတီေတာ္သို႔ ျပည္ပဧည့္သည္မ်ား ၇၅,၀၀၀ ေက်ာ္ လာေရာက္ၾကည္ညိဳပူေဇာ္မႈမ်ားရွိခဲ့ေၾကာင္း ေဂါပကအဖြဲ႕ထံမွ သိရသည္။
အဆိုပါလာေရာက္ၾကသည့္ ျပည္ပဧည့္သည္မ်ားတြင္ ထိုင္း၊ တ႐ုတ္၊ ႐ုရွား စသည့္ ႏိုင္ငံမ်ားမွ အမ်ားအျပားလာေရာက္ေလ့ရွိၿပီး ျပည္ပဧည့္သည္အမ်ိဳးသား ၃၆,၀၀၀ ေက်ာ္၊ ျပည္ပဧည့္သည္အမ်ိဳးသမီး ၄၀,၀၀၀ နီးပါး လာေရာက္ခဲ့ၾကျခင္းလည္းျဖစ္သည္။
“ထိုင္းတို႔၊ တ႐ုတ္တို႔ကေတာ့ အုပ္စုလိုက္အမ်ားအျပားလာၾကတယ္၊ ႐ုရွားတို႔ဘာတို႔က အုပ္လိုက္ႀကီးလာတာမ်ိဳးေတာ့ မဟုတ္ဘူး၊ ေလး၊ ငါးဦး အဖြဲ႕ငယ္ေလးေတြ ေလာက္နဲ႔လာတာေတြ႕ရတယ္။ တစ္ခ်ိဳ႕ဆိုလည္း ႏွစ္ဦး၊ သုံးဦးေလာက္ အတူလာၾကတယ္” ဟု ျပည္ပဧည့္ဝင္ေၾကးေကာက္ခံေနသူတစ္ဦးက ေျပာသည္။
ျပည္တြင္းဘုရားဖူးမ်ားမွာ အနယ္နယ္အရပ္ရပ္မွ လာေရာက္ခဲ့ၾကသလို အမ်ိဳးသား သိန္း(၃၀) ေက်ာ္၊ အမ်ိဳးသမီး (၃၆)သိန္း ေက်ာ္၊ သံဃာေတာ္ (၁၃၀,၀၀၀) ေက်ာ္၊ သီလရွင္ (၆၆,၀၀၀) ေက်ာ္ တို႔အပါအဝင္ ျပည္တြင္းဘုရားဖူး (၆၈) သိန္းနီးပါး ဇန္နဝါရီလ မွ ဒီဇင္ဘာလအတြင္း လာေရာက္ဖူးေျမာ္ခဲ့ၾကေၾကာင္း သိရသည္။
ဘုရားဖူးဧည့္သည္မ်ား အဆင္ေျပစြာဖူးေျမာ္ႏိုင္ရန္အတြက္ကိုလည္း လက္ရွိတြင္ နံနက္ ၄ နာရီမွ ည ၁၀ နာရီအထိ ဖူးေျမာ္ခြင့္ျပဳထားေၾကာင္း ဆက္လက္သိရသည္။

Related news

© 2021. All rights reserved.