နေပြည်တော်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ခြောက်ရက်တိုင်တိုင် ကျင်းပမည်

102

Pearl (NP News) - ဇန်နဝါရီ ၃၁
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ လာမည့် ဖေဖော်ဝါရီ (၈) ရက်မှ (၁၃) ရက်အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာန ပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း နှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ် ပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲလာပြည်သူများအတွက် ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်အထိ နိုင်ငံကျော်အဆိုတော်များ၊ တိုင်းရင်းသားရိုးရာအကများ၏ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သည့်အပြင် ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္တြင္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ကို ေျခာက္ရက္တိုင္တိုင္ က်င္းပမည္
Pearl (NP News) - ဇန္နဝါရီ ၃၁
(၇၉) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္) ကို ေနျပည္ေတာ္ရွိ ျပည္သူ႔ရင္ျပင္၌ လာမည့္ ေဖေဖာ္ဝါရီ (၈) ရက္မွ (၁၃) ရက္အထိ ေျခာက္ရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း အေသးစား၊ အငယ္စား ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေကာ္မတီမွ သိရသည္။
ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ ဝန္ႀကီးဌာန ျပခန္းမ်ား၊ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္ MSME ျပခန္းမ်ား၊ တိုင္းရင္းသား႐ိုးရာ အစားအစာေရာင္းခ်ဆိုင္ခန္းမ်ား၊ လုပ္ငန္း/စီးပြားခ်ိတ္ဆက္မႈမ်ား (Business Matching)၊ နည္းပညာျပခန္းမ်ား၊ လယ္ယာသုံးစက္ပစၥည္းႏွင့္ ထုတ္ကုန္ျပခန္းမ်ား၊ အေသးစား စက္မႈလက္မႈလုပ္ငန္း ႏွင့္ ကုန္ထုတ္သမဝါယမျပခန္းမ်ား၊ အသင္းအဖြဲ႕ျပခန္းမ်ား ပါဝင္ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Solar Farm မ်ား၊ SKD ဦးစားေပး EV ကား/ ေမာ္ေတာ္ဆိုင္ကယ္/ သုံးဘီးဆိုင္ကယ္ျပခန္းမ်ား၊ CMP အထည္ခ်ဳပ္ ျပခန္းမ်ားအပါအဝင္ ျပခန္းေပါင္း ၁၂၀ ေက်ာ္ႏွင့္ ျပင္ပကုမၸဏီ ၂၉ ခုတို႔ ပါဝင္ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပပြဲလာျပည္သူမ်ားအတြက္ ေဖေဖာ္ဝါရီ ၈ ရက္မွ ၁၁ ရက္အထိ ႏိုင္ငံေက်ာ္အဆိုေတာ္မ်ား၊ တိုင္းရင္းသား႐ိုးရာအကမ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ပါဝင္သည့္အျပင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။