(၈၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီလက်မှတ် (၁) သန်းကျော် ရောင်းချနိုင်ခဲ့

197

စိမ့်စမ်းရေ (NP News) - ဇန်နဝါရီ ၃၁
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျင်းပမည့် (၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို အက္ခရာ “က” မှ “ဍ” အထိ အက္ခရာ (၁၃) လုံးဖြင့် ခွဲဝေ ရောင်းချခဲ့ရာ ထီစာအုပ် စုစုပေါင်း (၁၀၆၃၆၃၄) အုပ် ရောင်းချနိုင်ခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ထီလက်မှတ်ရောင်းချရငွေမှာ ကျပ်သန်း (၁၀၆၃၆ ဒသမ ၃၄၀) ရရှိခဲ့ပြီး ယင်းရောင်းရငွေ၏ (၇၀) ရာခိုင်နှုန်းဖြစ်သည့် ထီဆုငွေ ကျပ်သန်း (၇၄၄၅ ဒသမ ၄၃၈) ကို ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ပြီး (၈၂) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲမှ ဆုမဲတန်ဖိုး မပြည့်မီသည့် ကျပ်သန်း (၀ ဒသမ ၁၆၀) ကို ပေါင်းထည့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထီဆုငွေများနှင့်အတူ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ပြန်လည်ချီးမြှင့်ပေးမည့် ထီဆုငွေများမှ အထူးဆုကြီးများဖြစ်သည့် ကျပ်သိန်းငါးထောင် (၁)ဆု၊ ကျပ်သိန်းနှစ်ထောင် (၂)ဆု၊ ကျပ်သိန်းတစ်ထောင် (၃)ဆု၊ ဆုတစ်ဆုချင်းဆုများ၊ ဝေဝေဆာဆာပဒေသာဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) မှ ချီးမြှင့်သည့်ဆုများ သတ်မှတ်၍ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် (၃၁) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်း ဂဏန်း (၅) လုံးသိန်းဆု ထီဖွင့်ပွဲကိုလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ အွန်လိုင်းထီလက်မှတ်များ၏ စုစုပေါင်း ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ၂၀၂၆ ဖေဖော်ဝါရီလ (၁)ရက်တွင် (၈၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို နံနက် (၈) နာရီအချိန်တွင်ကျင်းပမည်ဖြစ်ပြီး (၃၁) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေအွန်လိုင်းဂဏန်း (၅) လုံးသိန်းဆု ထီဖွင့်ပွဲကို နေ့လည် (၂) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
(၈၃) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆု ထီလက္မွတ္ (၁) သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့
စိမ့္စမ္းေရ (NP News) - ဇန္နဝါရီ ၃၁
၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔တြင္ က်င္းပမည့္ (၈၃) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆု ထီဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို အကၡရာ “က” မွ “ဍ” အထိ အကၡရာ (၁၃) လုံးျဖင့္ ခြဲေဝ ေရာင္းခ်ခဲ့ရာ ထီစာအုပ္ စုစုေပါင္း (၁၀၆၃၆၃၄) အုပ္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာန ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။
ထီလက္မွတ္ေရာင္းခ်ရေငြမွာ က်ပ္သန္း (၁၀၆၃၆ ဒသမ ၃၄၀) ရရွိခဲ့ၿပီး ယင္းေရာင္းရေငြ၏ (၇၀) ရာခိုင္ႏႈန္းျဖစ္သည့္ ထီဆုေငြ က်ပ္သန္း (၇၄၄၅ ဒသမ ၄၃၈) ကို ခြဲေဝခ်ီးျမႇင့္ေပးသြားမည္ျဖစ္ၿပီး (၈၂) ႀကိမ္ေျမာက္ က်ပ္ (၁၀၀၀) တန္ ေအာင္ဘာေလသိန္းဆု ထီဖြင့္ပြဲမွ ဆုမဲတန္ဖိုး မျပည့္မီသည့္ က်ပ္သန္း (၀ ဒသမ ၁၆၀) ကို ေပါင္းထည့္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ထီဆုေငြမ်ားႏွင့္အတူ ဘ႑ာသိမ္းရေငြ က်ပ္သန္း (၂၅၀) ကို ျပန္လည္ခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားမွ အထူးဆုႀကီးမ်ားျဖစ္သည့္ က်ပ္သိန္းငါးေထာင္ (၁)ဆု၊ က်ပ္သိန္းႏွစ္ေထာင္ (၂)ဆု၊ က်ပ္သိန္းတစ္ေထာင္ (၃)ဆု၊ ဆုတစ္ဆုခ်င္းဆုမ်ား၊ ေဝေဝဆာဆာပေဒသာဆုမ်ားႏွင့္ ဘ႑ာသိမ္းရေငြ က်ပ္သန္း (၂၅၀) မွ ခ်ီးျမႇင့္သည့္ဆုမ်ား သတ္မွတ္၍ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ (၃၁) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလအြန္လိုင္း ဂဏန္း (၅) လုံးသိန္းဆု ထီဖြင့္ပြဲကိုလည္း ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္တြင္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး အဆိုပါ အြန္လိုင္းထီလက္မွတ္မ်ား၏ စုစုေပါင္း ေရာင္းရေငြအေပၚမွ (၇၀)ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ ျပန္လည္ခြဲေဝခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အမွတ္(၃၈၄)၊ မဟာဗႏၶဳလလမ္းႏွင့္ (၃၇) လမ္းေထာင့္၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲ၊ ထီဖြင့္ပြဲခန္းမ၌ ၂၀၂၆ ေဖေဖာ္ဝါရီလ (၁)ရက္တြင္ (၈၃) ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို နံနက္ (၈) နာရီအခ်ိန္တြင္က်င္းပမည္ျဖစ္ၿပီး (၃၁) ႀကိမ္ေျမာက္ က်ပ္ (၁၀၀၀) တန္ ေအာင္ဘာေလအြန္လိုင္းဂဏန္း (၅) လုံးသိန္းဆု ထီဖြင့္ပြဲကို ေန႔လည္ (၂) နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။