ဖေဖော်ဝါရီလ ပိတ်ရက်ရှည်များအတွက် ကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး (၉၀) ရာခိုင်နှုန်း နီးပါးပြည့်နေ

89

ကိုဖြိုး (NP News) - ဇန်နဝါရီ ၃၁
ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနေ့ နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့်တည်းခိုခန်းအားလုံး (၉၀) ရာခိုင်နှုန်းနီးပါး ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ ရုံးပိတ်ရက်ရှည်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့(ပြည်ထောင်စုနေ့)မှ တရုတ်နှစ်သစ်ကူးပိတ်ရက် ဖြစ်သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့အထိ (၆) ရက်တာအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေတို့၏ အပန်းဖြေခရီးစဉ်များအတွက် ဟိုတယ်နှင့်တည်းခိုခန်းများအား ကြိုတင်မှာယူမှုများ ရှိနေကြောင်း သိရသည်။
“ငွေဆောင်နဲ့ချောင်းသာအပါအဝင် အပန်းဖြေစခန်းတွေမှာ ဖေဖော်ဝါရီလ ပိတ်ရက် (၆) ရက်အတွက် အခန်းတွေ (၉၀) ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ၊ ဒီနှစ်ဟာ မနှစ်ကထက် ခရီးသွားများလာမယ့်အနေအထားလည်းရှိပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၄) ရက်အထိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပခရီးသွား (၂၂,၀၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက်မှ တရုတ်၊ ရုရှား၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၁၃) နိုင်ငံမှ နိုင်ငံခြားခရီးသွားများပါ ဝင်ရောက်ခဲ့သောကြောင့် ခရီးသွားဝင်ရောက်မှု များပြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများတည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် (၃၈) လုံး၊ တည်းခိုခန်း (၇၀) ခု၊ ချောင်းသာကမ်း ခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၃၂) လုံး၊ တည်းခိုခန်း (၅၅) လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် (၆ )လုံး၊ တည်းခိုခန်း (၃) လုံးနှင့် ပုသိမ်မြို့နှင့်အခြားဒေသများ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၄၉) လုံး၊ တည်းခိုခန်း (၃၁၅) လုံး ဖွင့်လှစ်ထားကြောင်း သိရသည်။

Zawgyi Version;
ေဖေဖာ္ဝါရီလ ပိတ္ရက္ရွည္မ်ားအတြက္ ကမ္းေျခမ်ားရွိ ဟိုတယ္ႏွင့္ တည္းခိုခန္းအားလုံး (၉၀) ရာခိုင္ႏႈန္း နီးပါးျပည့္ေန
ကိုၿဖိဳး (NP News) - ဇန္နဝါရီ ၃၁
ေဖေဖာ္ဝါရီလအတြင္း ျပည္ေထာင္စုေန႔ ႏွင့္ တ႐ုတ္ႏွစ္သစ္ကူး ပိတ္ရက္ရွည္မ်ားရွိသည့္အတြက္ ဧရာဝတီတိုင္းေဒသႀကီးရွိ ကမ္းေျခမ်ား၌ ဟိုတယ္ႏွင့္တည္းခိုခန္းအားလုံး (၉၀) ရာခိုင္ႏႈန္းနီးပါး ျပည့္ေနၿပီျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
အဆိုပါ ႐ုံးပိတ္ရက္ရွည္ျဖစ္သည့္ လာမည့္ ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔(ျပည္ေထာင္စုေန႔)မွ တ႐ုတ္ႏွစ္သစ္ကူးပိတ္ရက္ ျဖစ္သည့္ ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔အထိ (၆) ရက္တာအတြင္း ဧရာဝတီတိုင္းေဒသႀကီးရွိ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံႏွင့္ ေဂၚရန္ဂ်ီကမ္းေျခတို႔၏ အပန္းေျဖခရီးစဥ္မ်ားအတြက္ ဟိုတယ္ႏွင့္တည္းခိုခန္းမ်ားအား ႀကိဳတင္မွာယူမႈမ်ား ရွိေနေၾကာင္း သိရသည္။
“ေငြေဆာင္နဲ႔ေခ်ာင္းသာအပါအဝင္ အပန္းေျဖစခန္းေတြမွာ ေဖေဖာ္ဝါရီလ ပိတ္ရက္ (၆) ရက္အတြက္ အခန္းေတြ (၉၀) ရာခိုင္ႏႈန္းနီးပါး ျပည့္ေနပါၿပီ၊ ဒီႏွစ္ဟာ မႏွစ္ကထက္ ခရီးသြားမ်ားလာမယ့္အေနအထားလည္းရွိပါတယ္” ဟု ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီ (၁) ရက္မွ (၄) ရက္အထိ ပင္လယ္ကမ္းေျခအပန္းေျဖစခန္းမ်ားတြင္ ျပည္တြင္း/ျပည္ပခရီးသြား (၂၂,၀၀၀) ေက်ာ္ ဝင္ေရာက္ခဲ့ေၾကာင္းႏွင့္ ၎တို႔အနက္မွ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ ႏွင့္ ထိုင္းႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံေပါင္း (၁၃) ႏိုင္ငံမွ ႏိုင္ငံျခားခရီးသြားမ်ားပါ ဝင္ေရာက္ခဲ့ေသာေၾကာင့္ ခရီးသြားဝင္ေရာက္မႈ မ်ားျပားခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္၌ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ပင္လယ္ကမ္းေျခ အပန္းေျဖစခန္းမ်ားတြင္ ျပည္တြင္း/ျပည္ပ ခရီးသြားမ်ားတည္းခိုအနားယူႏိုင္ရန္ ေငြေဆာင္ကမ္းေျခ၌ ဟိုတယ္ (၃၈) လုံး၊ တည္းခိုခန္း (၇၀) ခု၊ ေခ်ာင္းသာကမ္း ေျခ၌ ဟိုတယ္ႏွင့္တည္းခိုရိပ္သာ (၃၂) လုံး၊ တည္းခိုခန္း (၅၅) လုံး၊ ေ႐ႊေသာင္ယံကမ္းေျခ၌ ဟိုတယ္ (၆ )လုံး၊ တည္းခိုခန္း (၃) လုံးႏွင့္ ပုသိမ္ၿမိဳ႕ႏွင့္အျခားေဒသမ်ား၌ ဟိုတယ္ႏွင့္တည္းခိုရိပ္သာ (၄၉) လုံး၊ တည္းခိုခန္း (၃၁၅) လုံး ဖြင့္လွစ္ထားေၾကာင္း သိရသည္။