ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဗင်နီဇွဲလားရေနံတင်သင်္ဘောကို အမေရိကန်ပြန်ပေး

 106

Pika (NP News) - ဇန်နဝါရီ ၃၁

ယခုလအစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်က ဗင်နီဇွဲလားကို လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့အမေရိကန်အရာရှိနှစ်ဦးရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာကြောင့် ရေနံတင်သင်္ဘောကို ပြန်လည်လွှဲပြောင်းပေးရတာလဲဆိုတဲ့အကြောင်းအရင်းတွေကိုတော့ အမေရိကန်အရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် အမေရိကန်က ရေနံတင်သင်္ဘောကို ဗင်နီဇွဲလားကို ပြန်ပေးချိန်မှာ ရေနံတွေသင်္ဘောထဲမှာ ရှိ/မရှိ ဆိုတာကိုတော့ သေချာရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားရဲ့ယာယီခေါင်းဆောင်တို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေပေါ်ပေါက်လာခဲ့ပြီးနောက် ယခုလိုလွှဲပြောင်းပေးအပ်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဗင်နီဇွဲလားရဲ့ရေနံအရင်းအမြစ်တွေကို အကန့်အသတ်မရှိထိန်းချုပ်ဖို့ အမေရိကန်က စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version;
ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ ဗင္နီဇြဲလားေရနံတင္သေဘၤာကို အေမရိကန္ျပန္ေပး
Pika (NP News) - ဇန္နဝါရီ ၃၁
ယခုလအေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္က ဗင္နီဇြဲလားကို လႊဲေျပာင္းေပးခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့အေမရိကန္အရာရွိႏွစ္ဦးရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း ဘာေၾကာင့္ ေရနံတင္သေဘၤာကို ျပန္လည္လႊဲေျပာင္းေပးရတာလဲဆိုတဲ့အေၾကာင္းအရင္းေတြကိုေတာ့ အေမရိကန္အရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ အေမရိကန္က ေရနံတင္သေဘၤာကို ဗင္နီဇြဲလားကို ျပန္ေပးခ်ိန္မွာ ေရနံေတြသေဘၤာထဲမွာ ရွိ/မရွိ ဆိုတာကိုေတာ့ ေသခ်ာရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဗင္နီဇြဲလားရဲ႕ယာယီေခါင္းေဆာင္တို႔ၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးေတြေပၚေပါက္လာခဲ့ၿပီးေနာက္ ယခုလိုလႊဲေျပာင္းေပးအပ္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ဗင္နီဇြဲလားရဲ႕ေရနံအရင္းအျမစ္ေတြကို အကန႔္အသတ္မရွိထိန္းခ်ဳပ္ဖို႔ အေမရိကန္က စီစဥ္ထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.