ဥတ္တရသီရိမြို့နယ်၏ တောင်-အနောက်တောင်ဘက် (၄) မိုင်ခန့်အကွာကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့

118
ထိုက်စံ (NP News) - ဇန်နဝါရီ ၃၁
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၏ တောင်-အနောက်တောင်ဘက် (၄) မိုင်ခန့်အကွာကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနမှ ထုတ်ပြန်ထားသည်။
လှုပ်ခတ်သည့်အချိန်မှာ ယနေ့ (ဇန်နဝါရီ ၃၁ ရက်)၊ မနက်ပိုင်း(၅)နာရီ (၁၂)မိနစ်ဖြစ်ပြီး အင်အားပမာဏမှာ ၃.၁ ရစ်(ခ်)တာစကေးဖြင့် အနက် ( ၈) ကီလိုမီတာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယမန့်နေ့ (ဇန်နဝါရီ ၃၀ ရက်) က မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ်၏ တောင်ဘက် (၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားပမာဏ (၃.၂)ရစ်(ခ်)တာစကေး ဖြင့် အနက် ( ၉ ) ကီလိုမီတာမှ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
Zawgyi Version;