တိုက်ပွဲများကြောင့် ဗန်းမောက်မြို့ထက်ဝက်နီးပါး ပျက်စီးသွားဟုဆို

 304

ထိုက်စံ (NP News) - ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ဗန်းမောက်မြို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြို့ထက် ဝက်နီးပါးပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံ NP News သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်က KIA ၊ PDF ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဗန်းမောက်မြို့လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး အဆိုပါ တိုက်ပွဲများကြောင့် မြို့ထက်ဝက်နီးပါးပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လွှစင်ကုန်းရယ်၊ မကျည်းကုန်းရယ်၊ အောင်သာကုန်းရယ်ဆိုတဲ့ အဓိကရပ်ကွက် (၃) ကွက်ရှိတာပေါ့။ အဲဒီမှာ သူက အခုဖြစ်တဲ့ဟာက အဲဒီမြို့မနဲ့ လွှစင်ကုန်းကြားနားမှာ ဖြစ်မယ်ထင်တယ်။ တစ်မြို့လုံး‌တော့မဟုတ်ဘူး။ တဝက်နီးပါးပေါ့လေ။ အဲဒီလောက်ရှိမယ်။ တော်တော်လေးပျက်သွားတယ်။ ကျွန်တော်တောင်မှ ကိုယ့်မြို့ကိုယ်တောင် မမှတ်မိတော့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဗန်းမောက်မြို့ရှိ မြနန္ဒာ၊ လွှစင်ကုန်း၊ အောင်သာကုန်းနှင့် မြို့မရပ်ကွက်(၄)ခုအနက် တပ်မတော်က ရပ်ကွက်(၃)ခုအထိ ပြန်လည်စိုးမိုးထားနိုင်ပြီး KIA ၊ PDF ပူးပေါင်းအဖွဲ့က အောင်သာ ကုန်း ရပ်ကွက်တွင်သာ ခုခံနေရကြောင်းသိရသည်။

Zawgyi Version;
တိုက္ပြဲမ်ားေၾကာင့္ ဗန္းေမာက္ၿမိဳ႕ထက္ဝက္နီးပါး ပ်က္စီးသြားဟုဆို
ထိုက္စံ (NP News) - ဇန္နဝါရီ ၃၁
စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ဗန္းေမာက္ၿမိဳ႕တြင္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲေၾကာင့္ ၿမိဳ႕ထက္ ဝက္နီးပါးပ်က္စီးသြားခဲ့ေၾကာင္း ေဒသခံတစ္ဦးထံ NP News သတင္းဌာနမွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္၊ စက္တင္ဘာလ(၂၀) ရက္က KIA ၊ PDF ပူးေပါင္းအဖြဲ႕သည္ အင္အားအလုံးအရင္းျဖင့္ ဗန္းေမာက္ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေနသည့္တပ္ဖြဲ႕ဝင္မ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့သျဖင့္ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕ထက္ဝက္နီးပါးပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“လႊစင္ကုန္းရယ္၊ မက်ည္းကုန္းရယ္၊ ေအာင္သာကုန္းရယ္ဆိုတဲ့ အဓိကရပ္ကြက္ (၃) ကြက္ရွိတာေပါ့။ အဲဒီမွာ သူက အခုျဖစ္တဲ့ဟာက အဲဒီၿမိဳ႕မနဲ႔ လႊစင္ကုန္းၾကားနားမွာ ျဖစ္မယ္ထင္တယ္။ တစ္ၿမိဳ႕လုံး‌ေတာ့မဟုတ္ဘူး။ တဝက္နီးပါးေပါ့ေလ။ အဲဒီေလာက္ရွိမယ္။ ေတာ္ေတာ္ေလးပ်က္သြားတယ္။ ကြၽန္ေတာ္ေတာင္မွ ကိုယ့္ၿမိဳ႕ကိုယ္ေတာင္ မမွတ္မိေတာ့ဘူး” ဟု ၎က ေျပာသည္။

လက္ရွိတြင္ ဗန္းေမာက္ၿမိဳ႕ရွိ ျမနႏၵာ၊ လႊစင္ကုန္း၊ ေအာင္သာကုန္းႏွင့္ ၿမိဳ႕မရပ္ကြက္(၄)ခုအနက္ တပ္မေတာ္က ရပ္ကြက္(၃)ခုအထိ ျပန္လည္စိုးမိုးထားႏိုင္ၿပီး KIA ၊ PDF ပူးေပါင္းအဖြဲ႕က ေအာင္သာ ကုန္း ရပ္ကြက္တြင္သာ ခုခံေနရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.