လူရွှင်တော်ရွာ ဆောက်လုပ်ရေးလုပ်ငန်းများ မနက်ဖြန်တွင် စတင်မည်

1149

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁
လူရွှင်တော်ရွာ ဆောက်လုပ်ရေးလုပ်ငန်းများကို မနက်ဖြန်တွင် စတင်မည်ဖြစ်ပြီး အကြမ်းထည် နမူနာတစ်လုံးကို ရက်ပေါင်း (၁၆၅) ရက်အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက NP News ကို ပြောသည်။
လူရွှင်တော်ရွာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၄၈) ရပ်ကွက်၊ မိဘကျေးဇူးဆပ်ဘုရားဝင်းဘေး၊ အောင်ဆန်းသူရိယလှသောင်းလမ်းတွင်ရှိ မြေ ၅ ဧကပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ စဆောက်မှာက ပန္နတင်မင်္ဂလာအခမ်းအနားဒီနေ့ပြီးရင် မနက်ဖြန်စဆောက်မှာပါ။ ကျွန်တော်တို့အကြမ်းထည်ကို တရုတ်ပညာရှင်အဖွဲ့ နဲ့ ရက်ပေါင်း (၁၆၅) ရက်အတွင်း နမူနာအနေနဲ့တစ်လုံးကို ဆောက်မှာပါ" ဟု ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူက NP News ကိုပြောသည်။
အဆိုပါ လူရွှင်တော်ရွာကို မြန်မာနိုင်ငံအတွင်းရှိ သက်ကြီးလူရွှင်တော်ကြီးများနှင့် နေထိုင်ရန်အခက်အခဲရှိသော လူရွှင်တော်များအတွက် ရည်ရွယ်၍ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဆောက်အဦးများကို ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးနေခြင်းဖြစ်ပြီး မြေပြုပြင်ခြင်း နှင့် ပြင်ဆင်ခြင်းများဆောင်ရွက်နေရာ အလုံးစုံပြီးစီးရန် ကျပ်သိန်းပေါင်း (၄) သောင်းကျော်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
နေထိုင်ရန်အခက်အခဲရှိသည့် လူရွှင်တော်များ နေထိုင်နိုင်ရေးအတွက် ယင်းမြေ(၅)ဧကကို နိုင်ငံတော်မှ ၂၀၂၃ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူရွှင်တော်ရွာ ပန္နက်တော်တင်ပွဲအခမ်းအနားကိုလည်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)၊ နံနက် နံနက် ၉ နာရီခွဲဝန်းကျင်က အခမ်းအနားအစီအစဉ်(၉)ရပ်ဖြင့် ကျင်းပခဲ့သည်။

Zawgyi Version;
လူ႐ႊင္ေတာ္႐ြာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား မနက္ျဖန္တြင္ စတင္မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁
လူ႐ႊင္ေတာ္႐ြာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို မနက္ျဖန္တြင္ စတင္မည္ျဖစ္ၿပီး အၾကမ္းထည္ နမူနာတစ္လုံးကို ရက္ေပါင္း (၁၆၅) ရက္အတြင္း ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ျပည္သစ္စံေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ရွိသူက NP News ကို ေျပာသည္။
လူ႐ႊင္ေတာ္႐ြာစီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈) ရပ္ကြက္၊ မိဘေက်းဇူးဆပ္ဘုရားဝင္းေဘး၊ ေအာင္ဆန္းသူရိယလွေသာင္းလမ္းတြင္ရွိ ေျမ ၅ ဧကေပၚတြင္ ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ စေဆာက္မွာက ပႏၷတင္မဂၤလာအခမ္းအနားဒီေန႔ၿပီးရင္ မနက္ျဖန္စေဆာက္မွာပါ။ ကြၽန္ေတာ္တို႔အၾကမ္းထည္ကို တ႐ုတ္ပညာရွင္အဖြဲ႕ နဲ႔ ရက္ေပါင္း (၁၆၅) ရက္အတြင္း နမူနာအေနနဲ႔တစ္လုံးကို ေဆာက္မွာပါ" ဟု ျပည္သစ္စံေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ရွိသူက NP News ကိုေျပာသည္။
အဆိုပါ လူ႐ႊင္ေတာ္႐ြာကို ျမန္မာႏိုင္ငံအတြင္းရွိ သက္ႀကီးလူ႐ႊင္ေတာ္ႀကီးမ်ားႏွင့္ ေနထိုင္ရန္အခက္အခဲရွိေသာ လူ႐ႊင္ေတာ္မ်ားအတြက္ ရည္႐ြယ္၍ ေဆာက္လုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအေဆာက္အဦးမ်ားကို ျပည္သစ္စံကုမၸဏီမွ တာဝန္ယူတည္ေဆာက္ေပးေနျခင္းျဖစ္ၿပီး ေျမျပဳျပင္ျခင္း ႏွင့္ ျပင္ဆင္ျခင္းမ်ားေဆာင္႐ြက္ေနရာ အလုံးစုံၿပီးစီးရန္ က်ပ္သိန္းေပါင္း (၄) ေသာင္းေက်ာ္ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။
ေနထိုင္ရန္အခက္အခဲရွိသည့္ လူ႐ႊင္ေတာ္မ်ား ေနထိုင္ႏိုင္ေရးအတြက္ ယင္းေျမ(၅)ဧကကို ႏိုင္ငံေတာ္မွ ၂၀၂၃ ခုႏွစ္တြင္ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လူ႐ႊင္ေတာ္႐ြာ ပႏၷက္ေတာ္တင္ပြဲအခမ္းအနားကိုလည္း ယေန႔ (ေဖေဖာ္ဝါရီ ၁ ရက္)၊ နံနက္ နံနက္ ၉ နာရီခြဲဝန္းက်င္က အခမ္းအနားအစီအစဥ္(၉)ရပ္ျဖင့္ က်င္းပခဲ့သည္။