ကုလသမဂ္ဂအဖွဲ့ကြီး ငွေကြေး လိုအပ်ချက်မြင့်တက်နေပြီး ပြိုလဲပျက်စီးမည့်အခြေအနေမျိုး ရှိနေဟုဆို

 520

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံလုံးသို့ အရေးပေါ်သတိပေးစာတစ်စောင် ပေးပို့ခဲ့ပြီး၊ လက်ရှိ ဘဏ္ဍာရေး အခြေအနေများအရ လာမည့် ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လတွင် အဖွဲ့အစည်းကြီး တစ်ခုလုံး၏ ငွေသားလက်ကျန် ပြတ်တောက်သွားနိုင်ဖွယ်ရှိသည်ဟု သတိပေးလိုက် သည်။
ကုလသမဂ္ဂတွင် အဓိက ထည့်ဝင်ကြေး အများဆုံး ပေးသွင်းသည့် အမေရိကန် တွင် သမ္မတ ထရမ့် အစိုးရသစ် တက်လာပြီးနောက် "America First" မူဝါဒဖြင့် နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကျော်မှ နုတ်ထွက်ခြင်းနှင့် ရန်ပုံငွေ ဖြတ်တောက်ခြင်းများကိုပြုလုပ်ခဲ့ပြီး အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွက် ပေးသွင်းရမည့် ခွဲတမ်းများကို ပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းက ကုလသမဂ္ဂကို အကြီးအကျယ် ထိုးနှက်ချက် ဖြစ်လာခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်တွင် အဖွဲ့ဝင်နိုင်ငံများ ပေးသွင်းရန် ကျန်ရှိသည့် ကြွေးကျန် စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ.၅၇ ဘီလီယံအထိ ရှိနေပြီး အမေရိကန်၏ ပေးသွင်းရန် ပျက်ကွက်မှုကအဓိက အစိတ်အပိုင်းဖြစ်နေသည်။ ကုလ သမ္မဂတွင် ငွေကြေးလိုအပ်ချက်များလာခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာနိုင်ဖွယ်ရှိနေပြီး ငြိမ်းချမ်းရေးမစ်ရှင်များ ရပ်ဆိုင်းခြင်း: ဘတ်ဂျက် အခက်အခဲကြောင့် ကမ္ဘာတဝှမ်းရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များမှ တပ်ဖွဲ့ဝင် ၂၅ ရာခိုင်နှုန်း ခန့်ကို ပြန်လည် ရုပ်သိမ်းရမည့် အခြေအနေရှိနေကြောင်း သိရသည်။ ထိုအပြင်၂၀၂၆ ဘတ်ဂျက်ကို ၇ ရာခိုင်နှုန်းကျော် ဖြတ်တောက်ထားရပြီး ဝန်ထမ်းအင်အား ၁၈ ရာခိုင်နှုန်း ခန့်အထိ လျှော့ချရန် စီစဉ်နေရသည်။
လူသားချင်း စာနာမှု အကူအညီများ: အစားအသောက်နှင့်ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် ရပ်တန့်လုနီးပါးဖြစ်နေကြောင်း သိရသည်။
ကုလ သမ္မဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ပေးသွင်းရမည့်ကြေးများကို အချိန်မီ ပေးသွင်းရန် (သို့) ကုလသမဂ္ဂ၏ ဘဏ္ဍာရေး စည်းမျဉ်းများကို အကြီးစား ပြုပြင်ပြောင်းလဲမှုများ ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုထားပြီး ထိုသို့ မလုပ်ဆောင်ပါက ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့သည့် ကုလသမ္မဂအဖွဲ့ ကြီး ပြိုလဲပျက်စီးသွားနိုင်ကြောင်း သတိပေးထားသည်ဟု သိရသည်။

Zawgyi Version;
ကုလသမဂၢ အဖြဲ႕ႀကီး ေငြေၾကး လိုအပ္ခ်က္ျမင့္တက္ေနၿပီး ၿပိဳလဲပ်က္စီးမည့္အေျခအေနမ်ိဳး ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ က ကုလသမဂၢ အဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံလုံးသို႔ အေရးေပၚသတိေပးစာတစ္ေစာင္ ေပးပို႔ခဲ့ၿပီး၊ လက္ရွိ ဘ႑ာေရး အေျခအေနမ်ားအရ လာမည့္ ၂ဝ၂၆ ခုႏွစ္၊ ဇူလိုင္လတြင္ အဖြဲ႕အစည္းႀကီး တစ္ခုလုံး၏ ေငြသားလက္က်န္ ျပတ္ေတာက္သြားႏိုင္ဖြယ္ရွိသည္ဟု သတိေပးလိုက္ သည္။
ကုလသမဂၢတြင္ အဓိက ထည့္ဝင္ေၾကး အမ်ားဆုံး ေပးသြင္းသည့္ အေမရိကန္ တြင္ သမၼတ ထရမ့္ အစိုးရသစ္ တက္လာၿပီးေနာက္ "America First" မူဝါဒျဖင့္ ႏိုင္ငံတကာ အဖြဲ႕အစည္း ၆၆ ခုေက်ာ္မွ ႏုတ္ထြက္ျခင္းႏွင့္ ရန္ပုံေငြ ျဖတ္ေတာက္ျခင္းမ်ားကိုျပဳလုပ္ခဲ့ၿပီး အထူးသျဖင့္ ၂၀၂၅ ခုႏွစ္အတြက္ ေပးသြင္းရမည့္ ခြဲတမ္းမ်ားကို ေပးသြင္းရန္ ပ်က္ကြက္ခဲ့ျခင္းက ကုလသမဂၢကို အႀကီးအက်ယ္ ထိုးႏွက္ခ်က္ ျဖစ္လာခဲ့ေၾကာင္း သိရသည္။၂၀၂၅ ခုႏွစ္ ကုန္ဆုံးခ်ိန္တြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား ေပးသြင္းရန္ က်န္ရွိသည့္ ေႂကြးက်န္ စုစုေပါင္းသည္ အေမရိကန္ေဒၚလာ ၁ ဒသမ.၅၇ ဘီလီယံအထိ ရွိေနၿပီး အေမရိကန္၏ ေပးသြင္းရန္ ပ်က္ကြက္မႈကအဓိက အစိတ္အပိုင္းျဖစ္ေနသည္။ ကုလ သမၼဂတြင္ ေငြေၾကးလိုအပ္ခ်က္မ်ားလာျခင္းေၾကာင့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး ၿငိမ္းခ်မ္းေရးမစ္ရွင္မ်ား ရပ္ဆိုင္းျခင္း: ဘတ္ဂ်က္ အခက္အခဲေၾကာင့္ ကမာၻတဝွမ္းရွိ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ လုပ္ငန္းစဥ္မ်ားမွ တပ္ဖြဲ႕ဝင္ ၂၅ ရာခိုင္ႏႈန္း ခန႔္ကို ျပန္လည္ ႐ုပ္သိမ္းရမည့္ အေျခအေနရွိေနေၾကာင္း သိရသည္။ ထိုအျပင္၂၀၂၆ ဘတ္ဂ်က္ကို ၇ ရာခိုင္ႏႈန္းေက်ာ္ ျဖတ္ေတာက္ထားရၿပီး ဝန္ထမ္းအင္အား ၁၈ ရာခိုင္ႏႈန္း ခန႔္အထိ ေလွ်ာ့ခ်ရန္ စီစဥ္ေနရသည္။
လူသားခ်င္း စာနာမႈ အကူအညီမ်ား: အစားအေသာက္ႏွင့္က်န္းမာေရးေစာင့္ေရွာက္မႈကဲ့သို႔ေသာ အေရးေပၚကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ားမွာလည္း ဘ႑ာေရးလိုအပ္ခ်က္ေၾကာင့္ ရပ္တန႔္လုနီးပါးျဖစ္ေနေၾကာင္း သိရသည္။
ကုလ သမၼဂအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ မိမိတို႔ေပးသြင္းရမည့္ေၾကးမ်ားကို အခ်ိန္မီ ေပးသြင္းရန္ (သို႔) ကုလသမဂၢ၏ ဘ႑ာေရး စည္းမ်ဥ္းမ်ားကို အႀကီးစား ျပဳျပင္ေျပာင္းလဲမႈမ်ား ခ်က္ခ်င္းလုပ္ေဆာင္ရန္ ေတာင္းဆိုထားၿပီး ထိုသို႔ မလုပ္ေဆာင္ပါက ဒုတိယကမာၻစစ္အၿပီး တည္ေထာင္ခဲ့သည့္ ကုလသမၼဂအဖြဲ႕ ႀကီး ၿပိဳလဲပ်က္စီးသြားႏိုင္ေၾကာင္း သတိေပးထားသည္ဟု သိရသည္။

Related news

© 2021. All rights reserved.